Wednesday, December 3, 2008

ဂျာနယ်တွေငုံထားရတဲ့ ပြက်လုံး

ဝေဖန်မယ် ... စောင်းမြောင်းမယ်
ကဲ့ရဲ့မယ် ... တခါတခါ
မခိုင်လုံတဲ့ အကြောင်းပြချက်နဲ့
တည့်တည့်ပဲ စော်ကားမယ်။

မထည့်ရင် မထွက်ရ
ဆောင်းပါးအပုပ်တွေက
အရှက်မရှိဘူး ... လူရီတယ်။

ဒိုင်မရှိဘူး၊ စည်းမရှိဘူး
အဲဒီလက်ဝှေ့သမားက
တစ်ဖက်သတ်တော့ ဖိထိုးတာပဲ
ဒါပေမယ့် ...
ရှောင်စရာမလိုအောင်ကို လွဲပုံများ။

မောနေပြီလား ကိုယ့်လူ
စိတ်မကောင်းပါဘူး ...
ပိုပြီးဝမ်းနည်းစရာကောင်းတာက
ကြည့်မယ့်လူ မရှိဘူး။ ။

13 comments:

ဆောင်း said...

ကဗျာလေးတွေလာဖတ်ပါတယ်

အိပ်မက်နိဒါန်း said...

ကဗျာလေးကိုခံစားမိတယ်...

ခေါင်ခေါင် said...

ကြည့်မဲ့သူ မရှိတာတောင်.. မရှက်ကြဘူး နော်...
တစ်သက်လုံးလဲ ရှက်ကြမှာ မဟုတ်ပါဘူး....

- said...

ကြိုးနီတစ်ချောင်းပါပဲ...

http://winzaw-mdy.blogspot.com/

winlatt said...

တရားမဲ့တဲ့ ဖြတ်ထုံး
အနှစ်မရှိတဲ့အသုံးအနှုန်း
အာဂါဒတွေနဲ့ဖုံး
အတ္တတွေ အရေခြုံထားတုန်း
ငါဆိုတဲ့ မာနစွဲတွေ နဲ့သူကတော့ခပ်ပြုံးပြုံး
ဒုက္ခနွံထဲမှာတော့ အတုံးအရုန်း
ကမ္ဘာကိုတော့ ကြွားလို့မဆုံး
အနှစ်နှစ်ဆယ်လုံးလုံး
ရီရတဲ့ ပြက်လုံး....။

အိမ် said...

ကဗျာလောဖတ်သွားတယ်ဗျို့

Acacia said...

ကဗျာလေးက မိုက်တယ် သဘောကျတယ်

ဇောင်း said...

ပိုပြီးဝမ်းနည်းစရာကောင်းတာက
ကြည့်မယ့်လူ မရှိဘူး။ ။

မှန်တရ်ဝေ့............

Dream Angel said...

ပရိတ်သတ်မ၇ှိတဲ့ ဂျိုကာကြီး တယောက်ထဲ ပြက်လုံးတွေထုတ်နေတာပေါ့ဗျာ

thinzar said...

ကဗျာလေးက
ဘယ်လိုလေးလဲ တိဘူး
မိုက်တယ်....

နှင်းပွင့်ဖြူလေး said...

မရှောင်ရင်လွတ်တယ်ပေါ့..... ဟတ်ဟတ်

DTS said...

ဂျာနယ်တွေသာမက တခြားတခြားတွေကလဲ ငုံထားရမှာဘဲထင်တယ်။ (ဘလော့ခ်)တွေမှာ ပိုမလားဘဲ။
တင့်ဆွေ

အိမ် said...

ဟီ.... ဒါလေးလဲကောင်းသဗျာ။