Tuesday, December 16, 2008

စိတ်ကူးတွေရွာချတဲ့သစ်ပင်

ပန်းချီဆရာဟာ
သူ့စိတ်ကို
ကင်းဘတ်စပေါ် ကြဲချလိုက်တယ်။

ကဗျာဆရာဟာ
သူ့နှလုံးသားကို
ကလောင်သွားမှာ သွေးမြလိုက်တယ်။

အနုပညာဟာ
သူ့ရနံ့ကို
ပန်းတွေလို ပွင့်ပြလိုက်တယ်။

မှော်ဆရာဟာ
သူ့ဝိညာဉ်ကို
ဟင်းလင်းပြင်ထဲ လွှတ်တင်လိုက်တယ်။

အာဏာရှင်ဟာ
သူ့ရူးသွပ်မှုအတွက်
ပန်းချီဆရာကိုသတ်တယ်...
ကဗျာဆရာကိုသတ်တယ်...
ဒါပေမယ့်
အနုပညာကို သတ်လို့မရဘူး
မှော်ဆရာကို သတ်လို့မသေဘူး။

ကောင်းပြီ ... ငါ
သမိုင်းပေးတာဝန်အတွက်
မှော်ဆန်တဲ့ အနုပညာလက်နဲ့
အာဏာရှင်ကို သတ်မယ်။ ။

6 comments:

ဦးဂင်ကြီး said...

ကဗျာလေးကောင်းတယ် နွေဆူးရေ သေသေချာချာ ဖတ်ပြီးခံစားသွားတယ်နော် ဆက်ရေးသွားပါနော် အားပေးနေမယ်။

ဟိန်းမင်း+ကလေးလေး said...

ကဗျာလေးကိုဖတ်တာနဲ့
ဖတ်...ကနဲ
ကဗျာဆရာနင်းထားတဲ့အခြေကိုမြင်လိုက်တယ်
ကဗျာရှိရင်ဓါးမလိုဘူးလို့ပြောရအောင်
အားတွေလဲအပြည့်ပါနေတယ်

ကောင်းတယ်ဗျာ...
ဆက်ရေးပါ...အားပေးနေမယ်....။

ကေဇီလင်း said...

ကဗျာလေးကို ခံစားသွားပါတယ် ကိုနွေဆူးရေ။ အားပေးလျက်ပါ။

lovelessguiter said...

သမိုင်းပေးတာဝန်အတွက်
မှော်ဆန်တဲ့ အနုပညာလက်နဲ့
အာဏာရှင်ကို သတ်မယ်။ ။

တဲ့ လား...

ကဗျာလေး ကောင်းလိုက်တာဗျာ..

အိမ် said...

မိုက်တယ်ဗျာ။ အတွေးအရေးလေးကောင်းတယ်
ဟုတ်တယ်ဗျို့ အနုပညာတော့ သတ်လို့မရပါဘူး

winlatt said...

ဖြစ်နိုင်မယ်ဆိုရင် မှော်အတတ်လေး လက်ဆင့်ကမ်း သင်ပေးပါလား..။တပည့်ခံပါ့မယ်....။
ဒါမှမဟုတ် အဲဒီနေ့ကြရင် ဘာအကူအညီပေးရမလဲ...။
အားမနာနဲ့နော်...။