နင့်အပြုံးတွေကို ငါ ကောက်သိမ်းထားတယ်

တခါတလေ
နင်ရယ်စရာပြောတဲ့အခါ
ဝင်ပြီး ရယ်မောပေးတတ်သူလိုမျိုးလေးပဲ
နင့်အတွက် အသုံးဝင်ရင် ...
ကျေနပ်ပါတယ် ...။
အချစ်ဆိုတာကို ...
ရယူပိုင်ဆိုင်ခြင်းလိုလို
စွန့်လွတ်ပေးဆပ်ခြင်းလိုလို
ငြင်းခုန်နေကြသူတွေကို ...
ငါ ... မုန်းတယ် ...။
တကယ်တော့ ...
ကောင်မလေးရယ် ...။
အချစ်ဆိုတာ ...။
ဖွင့်ပြောစရာ မလိုတော့လောက်အောင်
နင့်ကို ငေးကြည့်နေမိတဲ့အခါ ...
ကြယ်တာရာ အားလုံးကို ပိုင်ဆိုင်လိုက်သလိုမျိုး .......
.............. ..................။
ကျေးဇူးပြုပြီး ...
ငါ့ကို “အရူး”လို့ ခေါ်ပါကွယ် ...။ ။
4 comments:
ကိုနွေဆူး
မတွေ့တာတောင်ကြာပြီ။ ကဗျာလေးကို လာဖတ်ပါတယ်။ မဖတ်ရတာကြာနေပြီ။
ခင်မင်လျက်
သဒ္ဓါ
နွေဆူးလင်္ကာဆိုတဲ့ ဘလော့လေးထဲက ကဗျာလေးတွေကို
တီတင့်ဘလော့မရေးခင်ကာလထဲကဖတ်ဘူးခဲ့တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
“ဖွင့်ပြောစရာ မလိုတော့လောက်အောင်
နင့်ကို ငေးကြည့်နေမိတဲ့အခါ ...
ကြယ်တာရာ အားလုံးကို ပိုင်ဆိုင်လိုက်သလိုမျိုး .......” ... စကားလုံးတိုင်းကို နှစ်သက်မိတယ် ... :)
Post a Comment