
ငါဟာ... ပွင့်စရာ အပင်မရှိတဲ့
ဂျစ်ပစီ ပန်းတစ်ပွင့်ရယ်ပါ ...။
ငါ စိုက်ပျိုးချင်တဲ့
အိပ်မက်သစ်ပင်လေးက
ရာသီဥတုနဲ့ မကိုက်ညီခဲ့ဘူး ...။
ကောင်မလေးရေ ...။
လူတွေကိုက
မသိချင်ယောင် ဆောင်နေတာပါကွယ် ...။
နာမ၀ိသေသန မရှိတဲ့ ကောင်ကလည်း
သူလို ကိုယ်လိုလောက်တော့
မွှေးပြနိုင်ပါတယ် ...။ ။
4 comments:
ကဗျာကောင်း၏...။...။
ပွင့်စရာအပင်မရှိတဲ့ ကဗျာလေးဖတ်ခဲ့ပါတယ်ရှင်
ခင်ခင်မင်မင်
jasmine
"ပွင့်စရာ အပင်မရှိတဲ့
ဂျစ်ပစီ ပန်းတစ်ပွင့်"
စကားလုံးလေး လှလိုက်တာ..
ကျနော် ဒီကဗျာလေးကို ခိုးသွားပြီ အကို
Post a Comment