Sunday, December 11, 2011

ရင်ကွဲ ပက်လက် ကဗျာ


ငါ့ကို ... ထားခဲ့လိုက်ပါ ...
ဧရာဝတီ .....။

လူသားအားလုံးအတွက်
အသက်ရှင်ခွင့် မရမှတော့ ...
သမိုင်းတစ်ခုလို
ကိုယ့်ကိုကိုယ် စာအုပ်လေးလို
ပိတ်နေလိုက်ပါတော့ ...။

အတ္တတွေ စီးဆင်းနေမယ့်
မြစ်ကြီးတစ်ခုကို
ငါတို့ ...
မမြင်ချင်တဲ့ အခါ ...။

သဘာဝတရားကို
ငါတို့ ...
ကယ်တင်ခွင့် မရတော့တဲ့ အခါ ...။

ထားလိုက်ပါ ... ဧရာဝတီရယ်
မျက်ရည်တွေနဲ့
ဆက် ... စီးဆင်းကြတာပေါ့ ...။ ။

၃၀ . ၉ . ၂၀၁၁

ထူးထူးဆန်းဆန်း စောစောစီးစီး နိုးနေတဲ့ ဒီမနက်က ရေးလိုက်တဲ့ ကဗျာပါ။ တိုက်တိုက်ဆိုင်ဆိုင် ထူးထူးဆန်းဆန်း ဖြစ်သွားတယ်။


3 comments:

ကိုအောင် said...

နံနက်ခင်းထဲ နိုးလာတယ်ပေါ့ ...

သဒ္ဓါလှိုင်း said...

အိပ်မက်ဆိုးတွေနဲ့ နိုးလာခဲ့တာလား ကိုနွေဆူး။ သတိတရရှိနေပါတယ်။
ခင်မင်စွာ
သဒ္ဓါ

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog