
ကျနော်က ...
အုတ်အရောရော ကျောက်အရောရော
သီချင်းပါ ...။
လင်းခွင့်မရှိတဲ့အခါ
မှောင်ရမယ်လို့ ...
ဘယ်သူက ပြောလဲ ?
တေးသွားတွေ `က´မနေတဲ့
နံနက်ခင်းလေးတစ်ခုလို
စကား နည်းခဲ့ရတယ် ...။
ဘုရားသခင်က
တားမြစ်မထားပေမယ့်
မစားကောင်းတဲ့ သစ်သီးလေးတစ်လုံး
...... ရှိတယ်။
ဘယ်သူ့ကိုမှ မတွေ့ချင်တာ
မဟုတ်ရပါဘူး ...
ဘယ်သူကမှ
အတွေ့မခံတာပါ ...။ ။
6 comments:
သဒ္ဓါက ဖတ်ချင်ပါတယ်နော် ကိုနွေဆူး။ ကဗျာမဖတ်ရတာကြာလို့ မျှော်နေတာ။
ခင်မင်လျက်
သဒ္ဓါ
ကဗျာတွေကိုအရမ်းနှစ်သက်ပါတယ် ...
ကဗျာသစ်လေးတွေထပ်တင်ပေးပါဦး ...
ပြန်လည်ပြီးလည်း မျှဝေခွင့် ပြုပါ ...
ကျေးဇူးတင်ပါတယ် ...
ကဗျာတွေကိုအရမ်းနှစ်သက်ပါတယ် ...
ကဗျာသစ်လေးတွေထပ်တင်ပေးပါဦး ...
ပြန်လည်ပြီးလည်း မျှဝေခွင့် ပြုပါ ...
ကျေးဇူးတင်ပါတယ် ...
“ ဘယ်သူ့ကိုမှ မတွေ့ချင်တာ
မဟုတ်ရပါဘူး ...
ဘယ်သူကမှ
အတွေ့မခံတာပါ ...။ ။”
အဲအပိုဒ်ကို အကြိုက်ဆုံးပဲ။ ကဗျာလာဖတ်တယ်နော့ :)
“ဘယ်သူမှ မဖတ်ချင်တဲ့ကဗျာ” လေးကို ညလေး ဖတ်ရှုအားပေးသွားပါတယ်ရှင် ... :)
ဘယ်သူမှ မဖတ်ချင်လဲလကျနော်ဒီကဗျာကိုကြိုက်တယ်
Post a Comment