Sunday, October 26, 2008

ချီတက်ပွဲ

မြို့ပျက်ကြီးထဲမှာ
ဆာလောင်နေရုံနဲ့တော့
အောက်ဆီဂျင်ကုန်ခမ်းတဲ့အထိ
ပင်လယ်ဆီမရောက်နိုင်ဘူး။

ကျောက်ချထားတဲ့စိတ်တွေ
ရွက် .. လွှင့် .. လိုက် ..။

ညမီးခိုး တိမ်တိုက်တွေ
မောင်း .. ထုတ် .. လိုက် ..။

ကမ်းခြေအသစ် ...
ကောင်းကင်အသစ် ဆီသွားကြမယ်။

ဖြန့်ကျက်ထားတဲ့အတောင်ပံ
...... လေဆန်ကို ပျံဖို့ဖြစ်တယ်
...... လေဆန်ကို ပျံဖို့ဖြစ်တယ် ...။

ဒဏ်ရာတွေပေးတဲ့ ကမ္ဘာဖျက်မာရ်နတ်
အာဇာနည် ရဲ့ ဓါးအတွက်
လက်စားချေ တေးသံတွေ
ပြိုးပြက်တီးခတ်ဖို့
....... ငါတို့ လာနေပြီ
....... ငါတို့ လာနေပြီ .... ။ ။

5 comments:

အိမ် said...

မိုက်တယ်ဗျာ ကဗျာလေး ဆက်ရေးပါ အားပေးတယ်ဗျို့

မသက်ဇင် said...

မြို့ပျက်ကြီးထဲမှာ
ဆာလောင်နေရုံနဲ့တော့
အောက်ဆီဂျင်ကုန်ခမ်းတဲ့အထိ
ပင်လယ်ဆီမရောက်နိုင်ဘူး။

အတွေးကောင်းနဲ့ ရေးထားတဲ့ ကဗျာလေးပါ--
ရည်ညွှန်းလိုတာကို တွေးပြီး အနုပညာ
မြောက်အောင် ဖွဲ့နိုင်ပါတယ်---
ခင်မင်လျက်
မသက်ဇင်

winlatt said...

ဒို့...အတောင်ပံ
လေဆန်ကို အားယူပျံမယ်
အမှောင်ထုကိုစိုးမိုးတဲ့
မီးခိုးတိမ်တိုက်
ဒို့...အားနဲ့မှုတ်ထုတ်ပစ်လိုက်မယ်
ဒို့..အာဇာနည်ရဲ့ဓါး
ဒဏ်ရာတွေပေးတဲ့ လူရမ်းကားတို့သွေးနဲ့
ဆေးကြောပစ်ကြဘို့
မင်းနဲ့ လက်တွဲ
ကမ်းခြေအသစ် ကောင်းကင်သစ်ဆီ
လှမ်းချီဖို့ လာနေပြီ
ဒို့လဲ လာနေပြီ...

ပျံသန်းခြင်းရပ်ဝန်း said...

မြို့ပျက်ကြီးထဲမှာ
ဆာလောင်နေရုံနဲ့တော့
အောက်ဆီဂျင်ကုန်ခမ်းတဲ့အထိ
ပင်လယ်ဆီမရောက်နိုင်ဘူး။

တော်တော်မိုက်တယ်ဗျို့...။အနှစ်သာရလည်းရှိပါတယ်..။
ရည်ရွယ်ချက်လည်းကောင်းတယ်..။
အားပေးလျက်.....

နွေဦးမောင် said...

လာရောက်ပြီးအားပေးတာကိုလဲ ကျေဇူးတင်ပါတယ်နော် ။ တူညီတဲ့ ယုံကြည်ချက်တွေနဲ့ ထုဆစ်ခဲ့ကြတဲ့ ဒီလက်တွေ
မာနတွေ ဘေးဘယ်ပြီး ချီတက်ပွဲ နွှဲကြရင်သိပ်ပြီးကောင်းမှာ ပဲနော် ။