Thursday, March 24, 2011

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်

ဟိုတလောက ELEVEN ဂျာနယ်မှာ ဆောင်းပါးလေး တစ်ပုဒ်ဖတ်မိပြီး စဉ်းစားမိတာလေး ပြောပါရစေ။

ဒီလိုဗျ ...။

၂၀၁၁ နိုဝင်ဘာလမှာ SEA Games ဆိုတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး လာတော့မယ်လေ။ ၂၀၀၀ ခုနှစ်နောက်ပိုင်း အိမ်ရှင်နိုင်ငံတွေဟာ အိုလံပစ်အားကစားနည်းတွေ မဟုတ်တဲ့ ရိုးရာအားကစားနည်းတွေကို ထည့်သွင်းပြီး ရွှေတံဆိပ်တွေ ယူကြတယ်တဲ့ဗျ။ ပြီးတော့ သူတို့ဆုမရနိုင်တဲ့ အိုလံပစ်အားကစားနည်းတွေကိုလည်း ဖြုတ်ထားတတ်တယ်တဲ့ဗျ။ ဒီလိုနည်းနဲ့ အိမ်ရှင်နိုင်ငံတွေက နိုင်ငံအလိုက် ရပ်တည်မှုထိပ်ဆုံးနေရာကို ယူတတ်ကြတယ်တဲ့။

ထားပါတော့ ....။ ကျနော်ပြောချင်တာက ၂၀၁၁ မဟုတ်ပါဘူး။ ၂၀၁၃ SEA Games ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာလေ။ အဲဒီအခါ ကျနော်တို့လည်း ရွှေတံဆိပ်တွေ ကြံဖန်ယူဖို့ လိုလာပြီ မဟုတ်လား။ အဲဒါကြောင့် ရိုးရာအားကစားနည်းဖြစ်မယ်ထင်တဲ့ ဟာလေးတွေကို ဉာဏ်မှီသလောက် စဉ်းစားကြည့်မိတယ်ဗျ။

၁။ ခေါင်းအုံးရိုက်ပြိုင်ပွဲ
(ဝါးလုံးတန်းပေါ် တက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခေါင်းအုံးနဲ့ ရိုက်ရတာလေ။ အောက်ကျသူအရှုံး ...)

၂။ ချောတိုင်တက်ပြိုင်ပွဲ
(ဒါတော့ မြင်ဖူးကြမှာပါ ...)

၃။ပုဆိုးကွင်းစွပ် အပြေးပြိုင်ပွဲ
(နှစ်ယောက်တွဲ ပြိုင်ပွဲပေါ့ ... ဒါလဲ မြင်တယ်မဟုတ်လား ...)

၎။ ထုပ်ဆီးတိုး ပြိုင်ပွဲ
( အသင်းလိုက် အားကစားနည်းပေါ့ဗျာ ...)

၅။ ဇယ်ခုံပြိုင်ပွဲ
(လက်တောက်ခုံပေါ့ဗျာ ... စနူကာနဲ့ ဘိလိယက်ပြိုင်ပွဲကို ဖြုတ်မယ်ဗျာ ... အမယ် .. ခုနောက်ပိုင်း လက်တောက်ခုံတွေကလည်း pool table တွေလို ကျင်းခြောက်ကျင်း ဖြစ်နေပြီဗျ ..)

၆။ ကျားထိုးပြိုင်ပွဲ
(ဒါလည်း အတူတူပဲလေ ... စစ်တုရင်ပြိုင်ပွဲကို ဖြုတ်မယ် ...)

ပြီးတော့ ...
မြန်မာတွေ ဆုမရနိုင်မယ့် အားကစားနည်းတွေကိုလည်း အရှက်မရှိ ဖြုတ်ဖို့ လိုမယ်ဗျ။ ခု လာမယ့် အင်ဒိုနီရှား SEA Games မှာ သူတို့ ဆုမရနိုင်တဲ့ အမျိုးသမီး ဘော်လုံးပြိုင်ပွဲကို ဖြုတ်သလို ကျနော်တို့လည်း အမျိုးသားဘော်လုံးပြိုင်ပွဲကို ဖြုတ်ထားဖို့ လိုမယ် :-)

ဒါပါပဲဗျာ...
ကျနော့် စာကို ဖတ်မိတဲ့ သူတွေကလည်း စဉ်းစားမိသမျှ ရိုးရားအားကစားနည်းလေးတွေကို ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ် ...။ ။

7 comments:

မိုးခါး said...

အာလူးကောက်
သံပုံးရိုက်
ဂေါ်လီပစ်
သရေကွင်းပစ် .. :D

ကိုထွဋ် said...

ဖန်ခုန်တမ်း
ဂုံညှင်းထိုးပစ်တမ်း..
အရုပ်ထောင် ဖိနပ်ပစ်..

ဆောင်းနှင်းရွက် said...

အပ်ထိုး ..
စကော ရွက် ..
မုန့်စား ပြိုင်ပွဲ .. ^_^

ခင်မင်လျှက်
ဆောင်းနှင်းရွက်

makhaing said...

ကြက်ဖခွပ်တန်းလည်း ကောင်းပါတယ်.. ထုတ်စည်းတိုးတယ်လို့ရေးလားမသိဘူး.. အဲဒါလည်းကောင်းသား.. ပြီးရင် မိတယ်မမိဘူး ဆိုပြီး အငြင်းထူး ရအောင်အနိုင်ယူကြတာပေါ့ (ပျော်စရာအဖြစ် ရေးတာပါ..) ..။

နောက် မြန်မာမိန်းကလေးတွေ ချင်းလုံးလည်း အရမ်းခတ်တာ တော်ကြတယ်..ငယ်ငယ်က ကြည့်ဖူးတာပြောတာ..။အခုလည်း တော်မယ်ထင်ပါတယ်..။

မဗေဒါ(၈၈)

blackroze said...

ပြီးတော့ ...
မြန်မာတွေ ဆုမရနိုင်မယ့် အားကစားနည်းတွေကိုလည်း အရှက်မရှိ ဖြုတ်ဖို့ လိုမယ်ဗျ။ ခု လာမယ့် အင်ဒိုနီရှား SEA Games မှာ သူတို့ ဆုမရနိုင်တဲ့ အမျိုးသမီး ဘော်လုံးပြိုင်ပွဲကို ဖြုတ်သလို ကျနော်တို့လည်း အမျိုးသားဘော်လုံးပြိုင်ပွဲကို ဖြုတ်ထားဖို့ လိုမယ် :-)

that right ..that right :P

Kyaw Htway said...

စကောရွက်တော့ ဆောင်းနှင်းရွက်ပြောပြပီးသွားပီ...
ရေအိုးရွက်....
ကြက်ဥဇွန်းကိုက်..
ဒီထိုး..... တချို့နယ်ဘက်မှာတော့ တစ်မျိုးခေါ်ပါတယ်
(ဒီးးးးးးးးးးးးးးးးးးလို့အော်ပီး တစ်ဖက်အသင်းသားကို လိုက်ဖမ်းတဲ့ ကစားနည်းပါ........သက်လုံကောင်းသူဆိုရင် ကိုယ့်အသင်းသားကိုပါ တစ်ဖက်ဘုတ်တိုင်မှ ကိုယ့်ဘုတ်တိုင်ရောက်အောင်....ကယ်တင်နိုင်ပါတယ်

Su Myat said...

ဖနပ်ပစ်တမ်းလည်း ဆော့လို့ရတယ်. သံလိုက်မှုတ်တမ်းလည်းပါတယ်.