Thursday, March 17, 2011

အတ္တမျက်ရည်

နွေဦးရာသီ တဲ့ ...
အာရပ်ကမ္ဘာမှာ
အာဏာရှင်တွေကို
ဆန္ဒပြလှုပ်ရှားမှုတွေနဲ့
ဖြုတ်ချနေသလိုများလား ...?

သူ့ကို ချုပ်ကိုင် အုပ်စိုးချင်တဲ့
လူသတ္တဝါတွေကို
ကမ္ဘာကြီးက ဆန္ဒပြနေတယ် ...။

ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်း၊
သေဆုံးခြင်း၊ ....ခြင်း၊ ... ခြင်း ...
မျက်ရည်တွေ ... မျက်ရည်တွေ ...
လူတွေ ငိုနေတယ် ...။
ဟုတ်တယ် ...
ကမ္ဘာကြီးလည်း ငို ... နေ ... တယ် ...။

ကျနော်တို့ “လူသား”တွေ
အတ္တစိတ်တွေ လျှော့ကြရမယ် ...။

ကမ္ဘာကြီး
ပြန် ...
စိမ်း .. လန်း .. ပါ .. စေ ...။ ။

(ဂျပန် ငလျင် ... သို့ ...)

3 comments:

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးနဲ့အတူ ညီမလေးလည်း
ဆုတောင်းပေးသွားတယ်နော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

အဖြူရောင်နတ်သမီး said...

ထူးအိမ်သင်ရဲ့ ကမ္ဘာမြေ စိမ်းလန်းပါစေ..ဆိုတဲ့ စာသားလေးကို သွားသတိရလိုက်တယ်..။

ကမ္ဘာမြေကြီး ပြန်လည်စိမ်းလန်း သာယာပါစေလို့ ဆုတောင်းလိုက်တယ်ဗျားးးးးးးးး

july said...

ကျေးဇူးတင်ပါတယ် ကိုနွေဆူးရေ ... ကဗျာလေးတွေကိုရှယ်သွားပါတယ် ...ကျန်းမာပါစေ ..