Friday, December 11, 2009

လမ်းတစ်ဝက်က ဇရပ်ပျက်

နှင်းခိုးတွေ ပြိုးပြက်ဝေနေတဲ့
တောရိုင်း ဇရပ်ပျက်ထဲမှာ
ငါတစ်ယောက်တည်း ကျန်ရစ်ခဲ့ ...။

စာအုပ်အဟောင်းတွေသာ
အမှိုက်လို ပုံသွားတယ် ...
ငါ ယုံတဲ့ အိပ်မက်ကမ်းက
ဘယ်ဆီမှန်း မသိ ....။

မြို့ရိုးအထပ်ထပ်ကို
ဖြတ်ကျော်တက်ဖို့
ငါ ... အားရှိပါရဲ့ ... (ဒါပေမယ့်)
တစ္ဆေတွေ ပူးကပ်နေတဲ့
ဝတ်ကျောင်းအိုထဲမှာ
ဆုတောင်းမှ ရမယ်ဆိုရင် ....။

နေပါစေလေ .........။

အပျက်တွေကြားမှာ
ဖိနပ်ပါမှ ဖြစ်မယ်ဆိုရင်လည်း
ခြေဗလာနဲ့ပဲ ........
....... ရပ်နေခဲ့ပါရစေတော့။ ။


(တချိန်က နာကျင်စွာ ကျောခိုင်းခဲ့သော ကျောင်းတော်ကြီးသို့ ...)

16 comments:

ခြေလှမ်းသစ် said...

လက်လျှော့လိုက်ပြီပေါ့ ... နောက်ပြန်ဆုတ်မဲ့သဘော လား .. အားတင်းထားပါ ဇွဲမလျှော့ပါနဲ့ ...

အနမ်း said...

ဘာတွေနာကျင်နေတာလဲ၊ လွန်ခဲ့ပြီပဲ။ မေ့စရာရှိတာမေ့ လိုက်ပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း said...

ကျနော်ကတော့ ကဗျာဖတ်ပြီး ထင်မိတာ ရပ်ကျန်နေခဲ့ဖို့ ဆိုတာထက် အတုအယောင် တွေရမယ်ဆို မရရင်လည်းနေပါစေ မလိုချင်ဘူး လို့ အဓိပ္ပါယ်ဖွင့်ဆိုမိတယ်။

မော်ဒန်ကဗျာဆိုတာ သိုက်စာ ဖတ်ရသလိုပဲတဲ့
ကိုယ်ကြိုက်တဲ့ရှုထောင့်က ကြည့်ရင်ရတယ်တဲ့
း)

သိင်္ဂါကျော် said...

ထားခဲ့ပြီ ဆိုရင်လည်း ပြီးတာပဲ.. နောက်ပြန်လှည့်မကြည့်ပါနဲ့တော့ နော..

kiki said...

အဲ့ဒီ ဇရပ် ပျက်ကြီးကို ပြန်ပြီး မွမ်းမံဖို့  ကြိုးစားကြရင် မကောင်းဘူးလား ။

ရပ်ကြည့် လို့  အမြတ်မရှိဘူး ကိုယ့်ဆရာ ရေ့ ။
ရှေ့ သာ ဆက်လျှောက် ။

ဂျစ်တူး ( မုံရွာ ) said...

ဟာ-
လွမ်းသွားတယ်ဗျာ-
နောက်ကိုတလှန်းဆုတ်ခြင်းသည်ရှေ့ ကိုနှစ်လှမ်းစာခုန်ရန်
အတွက်တဲ့ -ခင်ဗျားနောက်ဆုတ်လိုက်တာမဟုတ်ပါဘူး-
ဂျစ်တူးတော့အဲလိုဘဲယုံကြည်တယ်-

SHWE ZIN U said...

လမ်းတ၀က်က ဇရပ်ပျက် ကတော့ ကျနော် အသဲနှလုံးကို စွဲဆောင်သွားပြီဗျာ..ကျေးဇူးပါ

ဒါပေမဲ့ တစ်ဝက် ကို တဝက် လို့ စာလုံးပေါင်းရင် ပိုပြီးတော့ ကောင်းမလားလို့

ဇောင်း said...

တစ္ဆေတွေ ပူးကပ်နေတဲ့
ဒီကျောင်းအိုထဲ
ဆုတောင်းရမှာ
စိတ်မသန့်စွာနဲ့
အနောက်သို့ခြေတစ်လှမ်းဆုတ်ကာ
ဖိနပ်မပါလဲ
ရှေ့ဆက်ဖို့ အားသစ်များစွာမွေးလို့ထားရင်း.....
ကိုလင်္ကာရေ...
အားတင်းထားဗျ :)

busymozzee said...
This comment has been removed by the author.
busymozzee said...

ကျောင်းတော်ကြီးဟာ ဇရပ်ပျက်ကြီးနဲ့တူနေပြီလား..... စိတ်မကောင်းလိုက်တာနော်... ကျောင်းဆိုတာ ကျနော်တို့ဘဝတွေရဲ့ အစိတ်အပိုင်းတခုပါ....

December 12, 2009 9:39 PM

ညီမလေး said...

ကိုမြစ်ကျိုးအင်းကတော့ မော်ဒန်ကို သိုက်စာတဲ့ ...
စုလတ်ဆိုရင်တော့ ဘာမှတူးမိဖော်မိမယ်မထင်ပါဘူး..
တုံးလွန်းလို့လေ... :D
ဒါပေမဲ့ လမ်းတဝက်က ဇရပ်ပျက်ကိုတော့ ခံစားလို့ရတယ်...
တယောက်တည်းလို့တော့ မထင်ပါနဲ့ကိုနွေဆူးရေ...
မယုံရင် နဲနဲငဲ့ကြည့်လိုက်ပါလား ..
ခြေဗလာနဲ့ပဲ ရပ်နေခဲ့သူတွေ အများကြီးပါ...

linn said...

အင်း ..ခုတလော ဒီလို ကဗျာတွေနဲ့ ဒီလိုစာမျိုးလေးတွေ ဟိုနား ၊ဒီနား ဖတ်နေရတယ် ...
တစ္ဆေတွေ ပူးကပ်နေတဲ့
ဝတ်ကျောင်းအိုထဲမှာ
ဆုတောင်းမှ ရမယ်ဆိုရင် ....။
( ကျောင်းတော်ကြီးတွေက တကယ်ပဲ အဲလို ဖြစ်နေခဲ့ပြီလား တွေးရင်း ......)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

လာလည်ပါတယ်။ ကဗျာလေးကို လာရောက်ဖတ်ရှု့သွားပါတယ် ခင်ဗျား။

ခင်မင်စွာဖြင့်
ကိုမျိုး

နှင်းဟေမာ said...

ကိုနွေဆူးရေ...
မအားတာနဲ့ နောက်ကျသွားတယ်း)
ကဗျာလေး လာရောက်အားပေးသွားတယ်
ကောင်းပ ကောင်းပ
အဓိပ္ပါယ်ကိုတော့ ကိုယ်သဘောပေါက်သလို ဖွင့်ဆိုဘာသာပြန်သွားတယ်...

Nge Naing said...

ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းကို သတိရသွားတယ်။ ကဗျာလေးထဲမှာ အဓိပ္ပါယ်တွေ အများကြီးကို တွေ့ရပါတယ်။

ရဲရင့်နီ said...

ခြေဗလာနဲ့ပဲ ရပ်နေခဲ့တာ က......
အကောင်းဆုံးပါ............
ဇရပ်ပျက်ပါဆိုနေမှ......