Monday, September 14, 2009

ရင်ကွဲ ကက်ဆက်


ကက်ဆက်ထဲက ရေတွေ ပန်းထွက်လာတာကြောင့် ကျွန်တော် အလန့်တကြား အော်လိုက်မိတယ် ... ...

!!! ... ... !!!

“ဟေ့ကောင် ... မအော်ပါနဲ့ကွာ ... ရေတွေမဟုတ်ပါဘူး ... မျက်ရည်တွေပါ ... မင်းက အလွမ်းသီချင်းတွေချည်း ဖွင့်နေတော့ ငါလည်း ငိုချင်လာလို့ပါ ...”

“မင်းငိုလည်း မတတ်နိုင်ဘူး ... ငါ့ကောင်မလေးကြောင့် ငါကတော့ အလွမ်းသီချင်းတွေချည်း ဆက်ဖွင့်ရမှာပဲ ...”

ပြောရင်းဆိုရင်းပင် အလွမ်းခလုတ်ကို ကျွန်တော် နှိပ်ချလိုက်သည် ...

အား !!

ကက်ဆက်ကြီး အလယ်က အက်၍ ကွဲထွက်သွားသည်။

အသည်းကွဲ၍ ရင်ကွဲနာကျ သေသွားခြင်း ဖြစ်သည်။ ။

ပုံလေးကို ဒီနေရာက ယူပါတယ်။

18 comments:

ဇောင်း said...

လိုရင်းနဲ့ ထိရောက်တယ်ဗျာ ခံစားချက်ကို ပေါ်လွင်စေ၏ ;)

kiki said...

ဟယ်.. ရက်စက်လိုက်တာ ကိုနွေဆူးကြီးရယ်...
ကက်ဆက်ကလေး မှာ ဟက်တက်လေးကွဲသွားအောင်တောင်
ရက်စက် ရက်သေးတယ် ..

တော်ပြီ... နောက်ဆို ကိုနွေဆူးကြီး ဟက်တက်ကွဲနေရင်
ကိုယ့်ဟာကိုယ်
ပက်လက်ကလေးသာ နေပေရော..

ဟိဟိ.
ဆံပင်ဖြတ်ပြီး အလှူလုပ်ထားတယ် ဆိုလို့ 
သာဓု ခေါ်ပါတယ် နော် ..
(ကက်ဆက်လေး ကတော့ ခေါ်ပါ့မလား ဘဲ )

သူကြီးမင်း (တုံးဖလား) said...

ဒီလိုဘဲဖြစ်တတ်ပါတယ်။
ကိုလွမ်းတိုင်း သူများကို ဟက်တက်ကွဲစေကြတာ။
ဟဲ.. ဟဲ..
ပျော်ရွှင်ပါစေဗျာ။

ပုံ့မေ said...

ဟဟ အစ္ကိုလကၤာရာ စက္ရက္ပါ့။ ဘယ်နှယ် ကိုလင်္ကာကြီး ရင်ကွဲနာကျမသေပဲ ကက်ဆက်က ကြားထဲက အသလွတ်ခံသွားရတယ်။ ကျွတ်...ကျွတ်......

:P

ဝက်ဝံလေး said...

ကိုနွေဆူးကြီးရေ ကတ်ဆက်တောင် ဟတ်တတ်ကွဲသွားတယ် တနားပါဒယ် ဂျွတ်ဂျွတ်

ကိုအောင် said...

ပြဇာတ်လေး လာဖတ်သွားတယ်၊ အားပေးလျက်။

ခြေလှမ်းသစ် said...

ဒီလိုပဲပေါ့ဗျာ ကိုခံစားချက်ပြင်းလာတဲ့အခါ သူများကို လဲ ပေးပြီးခံစားလိုက်တာပေါ့

Anonymous said...

တိုတိုလေး နဲ့ မြင်သာအောင်လုပ်တတ်ပုံကတော့ ချီးကျူးစရာပဲဗျို့း)) အက်ကွဲသွားတဲ့ ကက်ဆက်လေး ကတော့မသိရှာဘူး ကိုယ်တိုင်လည်း မအက်ကွဲပေမယ့် ကြေမွနေတယ်ဆိုတာကိုလေ ဟဲဟဲ

Unknown said...

ကိုနွေဆူးရေ...
ကတ်ဆက်လေးနဲ့ ထပ်တူကွဲသွားပါတယ်...
သြော် ... အတဲ အတဲးp
ခင်မင်လေးစားလျှက်
နှင်းဟေမာ

သိင်္ဂါကျော် said...

ကွဲသွားတဲ့ အသည်းက ပြန်ဆက်တတ်ပါတယ်...
ကက်ဆက်ကလေးရော...

Khyl said...

လာလည်ပါတယ် ကိုနွေဆူးရေ.... ခုတလော အတဲတွေ ကွဲနေဂျဒယ်နော်.. ဟီးဟီး

လင်းဒီပ said...

အား...!!! စာလာဖတ်တဲ့လူပါ ထက်ခြမ်း ကွဲသွားတယ်။။။ အသည်း....။

Nge Naing said...

ရင်ကွဲ ကက်ဆက်အကြောင်း လာဖတ်သွားတယ်နော့်။ အကြောင်းအရာတခုကို အဲဒီလို တိုတိုနဲ့ လိုရင်းလေးရေးပြီး ပို့စ်တခု ဖြစ်အောင် လုပ်တတ်ချင်လိုက်တာ။

အဖြူရောင်နတ်သမီး said...

“ရင်ကွဲ ကက်ဆက်”.တဲ့လား....
ကိုနွေဆူးကြီး....
မိုက်တယ်နော်..
အိမ်က ကက်ဆက်ကတော့...
ကျွေးသမျှCDတွေကို အကုန်ပြန်အန်ထုတ်နေလို့....
အရေးပေါ်တင်ရတော့မယ်ထင်တယ်....

ဖြိုးငယ် said...

ရေးသားပုံ ထိမိကောင်းမွန်ပါတယ်ဗျာ

ဇွန်မ said...

ကဗျာလေးက လန်းတယ်

Angel Shaper said...

ဟိဟိ ကိုနွေဆူးရေ အက်ထွက်သွားတဲ့ ကက်ဆက် နှမြောမနေနဲ့။ ပုလင်းလေးတွေနဲ့ ခွက်ပုန်းလေးသာလျော့ အသစ်ပြန်ဝယ်ပေါ့။ ဟိဟိ
ခင်မင်၍ စနောက်သွားသည်။ တိန် တိန် တိန်

Beauty Studio USA Branded Store said...

ကိုဆူးရေ..

တိုတိုလေးပေမယ့် ထိရောက်မှုအပြည့်နဲ့ ရင်ကိုကွဲထွက်သွားစေတယ်ဗျာ။