Sunday, September 6, 2009

အကြိုက်နှစ်သက်ဆုံး ဘလော့ဂ် ၅ ခု

ခေါင်းစဉ်က မိမိ အကြိုက်နှစ်သက်ဆုံး သွားလည်နေကျ ဘလော့ဂ် ၅ ခုနှင့် ဘာကြောင့် ထိုဘလော့ဂ်များအား ကြိုက်နှစ်သက်ရသလဲ တဲ့။ ၀က်ဝံလေး ရှို့တာ အဲ တဂ် တာလေ။ ပြောရရင်တော့ အစပြု ရှို့သူ သက်တန့်ချို နှင့် ထပ်၍ ပင့်ပေးသူ ၀က်ဝံလေး လို့ သိရပါတယ်။ ရပါတယ် .. ကျွန်တော်ကလည်း မီးဘေးရှောင် မလောင်ခင်တား သီချင်းလေး ညည်ရင်း ရေးပေးလိုက်ပါတယ်။
ဘလော့ဂ်တော်တော်များများကို ကျွန်တော် ရောက်ဖူးသလို ရောက်သမျှ ဘလော့ဂ်တိုင်းကိုလည်း ကြိုက်ပါတယ်။ မကြိုက်ဘူး၊ မကောင်းဘူးဆိုတဲ့ ဘလော့ဂ် မရှိပါဘူး။ ရှိလည်း မပြောပါဘူး ( ဟဲ ဟဲ နောက်တာ ... တကယ် really ဂယ် ရှိဘူး )။ အကြောင်းကတော့ ကျွန်တော်ကိုယ်တိုင်က ဘာမှ မဟုတ်လို့ ဘယ် ဘလော့ဂ်ဂါကိုမှ အထင် မသေးရဲပါဘူး။ ထားပါလေ ... မဖြစ်မနေ ရေးရတော့မယ် ဆိုမှတော့ အဲဒီထဲကမှ အကြိုက်ဆုံးလို့ ထင်ရတဲ့ ဘလော့ဂ် ၅ခု ကို ပြောရမယ် ဆိုရင် ... ...

(၁) http://taryarminwaimemorial.blogspot.com ပါ။ အသစ် သိပ်ပြီး မတင်ပေမယ့် ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ပြန်ဖတ်ဖတ် ရိုးမသွားတဲ့ စာတွေ ရှိနေတဲ့ ဘလော့ဂ်ပေါ့။

(၂) http://aungway.blogspot.com ပါ။ ကျွန်တော်တို့ရဲ့ ရဲရဲတောက် ကဗျာဆရာကြီး အောင်ဝေးပါ။ သူရဲ့ ကဗျာ ဝေဖန်ရေးစာအုပ်တွေကိုလည်း ကျွန်တော် ၀ယ်သိမ်းပါတယ်။ လေဆန်မှာ မြှားတန်းလန်းနဲ့ ပျံသန်းရဲတဲ့ ငှက်သာ မနက်ဖြန်အတွက် ဖြစ်တယ် ဆိုတဲ့၊ ကဗျာဆရာဆိုတာ စင်ပြိုင် အစိုးရတစ်ရပ်ဖြစ်တယ် ဆိုတဲ့ ကဗျာဆရာကြီး အောင်ဝေး ပါ။

(၃) http://manorhary.blogspot.com ပါ။ တော်တော်များများ ကြိုက်ကြမယ့် ဘလော့ဂ်ပါ။ အစ်မ မနော်ဟရီ ရဲ့ ဘလော့ဂ်ကိုတော့ ဘာကြောင့် ကြိုက်ရလဲဆိုတာကို ထွေထွေထူးထူး ညွှန်းစရာ လိုမယ် မထင်ပါဘူး။

(၄) http://chaweimahn.myanmarbloggers.info ပါ။ ချောအိမာန်(မန္တလေး) ဆိုတာ လက်ရှိ Mandalay Icon မဂ္ဂဇင်းရဲ့ အယ်ဒီတာပါ။ အရေးအသား ကောင်းတဲ့ စာရေးသူတစ်ယောက်ဖြစ်တာရော၊ မန္တလေးဆိုတဲ့ သံယောဇဉ်နဲ့ပါ အမြဲ ရောက်ဖြစ်တဲ့ ဘလော့ဂ်ပါ။

(၅) http://ahuntphonemyat.wordpress.com ကလည်း တကယ် သွားကြည့်သင့်တဲ့ ဘလော့ဂ် တစ်ခုပါ။ သူလုပ်နေတဲ့ DVB က အင်တာနက် စာမျက်နှာ အစီအစဉ်မှာများ ကျနော့် ဘလော့ဂ်လေးကို ညွှန်းမလား ဆိုပြီး သွားသွား မျက်နှာ ပြရတာလေ (ဟီးဟီး ပေါရဲလိုက်တာနော် ... ဒီလောက် ချာတူးလန်နေတဲ့ ဘလော့ဂ်ကိုများ DVB က ညွှန်းရဦးမတဲ့)။

ကဲ ရေးပြီးပါပြီ။ ဘာကြောင့် ကြိုက်ရလဲ ဆိုတော့ သူတို့တွေက အင်တာနက်ဆိုတာ ဘာမှန်းမသိခင်ကတည်းက ကျွန်တော် ဖတ်ဖူး ကြိုက်ဖူးတဲ့ စာရေးဆရာတွေ မို့လို့ပါပဲ။
ဝက်ဝံလေးရေ ... ကိုနွေဆူးကြီးက အကြည်တော်ရေးတဲ့ လူလည်ကြီးများ ရွာကလားလို့ လာမအော်နဲ့နော်။ ဆရာသော်တာဆွေ ဘာသာပြန်တဲ့ ဘော့ပရစ်တီးလောက်လည်း လူလည် မကျတတ်ပါဘူး။ (အဲဒီစာအုပ် ဖတ်ဖူးလား၊ ရှာဖတ်ကြည့်ကြပါ၊ အရမ်းကောင်းပြီး ရယ်ရတယ်။ ဤကား- ကြေငြာချပ်။ ။) ဆင်ဝှေ့ရန်ရှောင်တဲ့။ အဓိပ္ပါယ် ဘာမှန်း မသိပေမယ့် ကျွန်တော်ကတော့ ပြဿနာဆင်ကြီး အဝှေ့မခံရအောင် ဝေါင်ဝေါင်ရှေး ဝေးဝေးက ရှောင်ပါ၏။
တကယ့် သက်ရှိ ဆင်ကိုသာ အဝှေ့ခံလိုက် ချင်ပါတယ်။ မတော်တဆ တစ်ခုခု အရေးမှားသွားရင် မရှိမဲ့ ရှိမဲ့ သူငယ်ချင်းတွေ အမြင်မကြည် ဖြစ်သွားမှ ဘယ်သူမှ မလာတဲ့ ဘလော့ဂ်ဘ၀နဲ့ ငုတ်တုပ်ကြီး ရှင်နေရမှာ ကြောက်ပါတယ်။ ။

6 comments:

သူကြီးမင်း (တုံးဖလား) said...

တော်သေးတယ်။ အကြိုက်ဆုံးထဲ ပါမှာ ကြောက်နေတာ။ ဟဲ ဟဲ။

တော်တယ်။ ရှောင်ရှားတတ်တယ်။ တဂ်ထိရင် နမူနာ ယူစရာ ကောက်ကြောင်းရသွားပြီ။

အဆင်ပြေပါစေ။

ဝက်ဝံလေး said...

ဟိဟိ ရေးပေးတာ ကျေးဇူးးးနော် ဟဲဟဲ ဟုတ် များ လဲ ခေါင်းကြိမ်းတယ်ကွယ့် အခုတလော ဘလော့ဂ်ဂါတွေက များကို သိပ်အဖတ်မလုပ်ကြတော့ဘူး သိလား အီးးးးဟီးးးး ရွှတ် ဗလွတ် (နှပ်တွေ ပေကုန်ပြီ အိမ်ပေါ်မှာ သိလား သုတ်လိုက်နော် ကောက်မစားနဲ့နော် စေတနာနဲ့ပြောတာ ခိခိ)

ဖတ်သွားတယ်နော် ဂယ်ကြောတာ လို့ ဘိုင် တာ့တာ

မိုးခါး said...

တဆင့်သွားပြန်လည်လိုက်ပါဦးမယ် ..း)

သုခုမလေဒီ said...

မှတ်သားသွားပါတယ်။ လေ့လာရတာပေါ့။ အဆင်ပြေပျော်ရွှင်ပါစေ။

ခြေလှမ်းသစ် said...

တကယ် ဖတ်သင့်တဲ့ ဘလောဂ့်လေးတွေကို ညွှန်းထားတာ ကောင်းပါတယ်ဗျာ ... ဘလောဂ့်တွေကို ဝေဖန်ရင်တော့ မိတ်ပျက်မှာပေါ့နော် ...

Unknown said...

u di lo lae naut that da pae naw.Kgg dae.