Friday, July 24, 2009

ပန်းဝင်စား

ငါဟာ ရနံ့တွေကို
လျှို့ဝှက်မထားတတ်ခဲ့လို့
ရင်ကွဲသေဆုံးခဲ့ရတဲ့
ခပ်ညံ့ညံ့ ပန်းတစ်ပွင့်ရယ်ပါ ...။

ရိုးရိုးလေးပါပဲ ...
မာယာကင်းလွန်းတဲ့
နင့် အပြုံးရင်ခွင်ထက်ကို
ကြွေကျ သက်ဆင်းမိတာပါပဲ ...။

ဖြစ်နိုင်ချေနည်းလွန်းတဲ့
မျှော်လင့်ချက် အပိုင်းအစလေးတွေကိုတောင်
ပြန်လည် ယူဆောင်သွားတဲ့
ငါ့ရဲ့ ... အဖြူရောင် လေ(ပြည်) လှိုင်း ရေ .....။

နင် မနမ်းရှိုက်ချင်ခဲ့တဲ့
တစ်ခြမ်းပဲ့ ရနံ့လေးတွေကို
ရင်ခွင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးမှာ
သိုဝှက် သိမ်းဆည်းပြီး
နောက်ဘ၀ထိအောင် သယ်ဆောင်ခဲ့ပါ့မယ်...။

အဲဒီအခါ ...
ကမ္ဘာမှာ အာဒံနဲ့ ဧ၀မတွေ့ခင်
နင်နဲ့ငါ အရင်တွေ့ကြမယ် ... ။ ။

17 comments:

လင်းဒီပ said...

သိပ်ချစ်တတ်တဲ့ လူတစ်ယောက်အတွက် နောက်ထပ်ကမ္ဘာဦးမှာ အချစ်ကို ဦးဆုံးတူးဆွတဲ့သူ ဖြစ်ပါစေဗျာ...။

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာကို ခံစားသွားပါတယ်။

Maydarwii said...

"ပန်းဝင်စား" ဆိုတဲ့ စကားလုံးလေး သိပ်လှတယ်။
စဉ်းစားမိတာ ချီးကျူးမိပါရဲ့။

kiki said...

အဲဒီအခါ ...
ကမ္ဘာမှာ ... အာဒံ နဲ့ ဧ၀ မတွေ့ခင်
နင် နဲ့ ငါ အရင်တွေ့ကြမယ်... ။ ။

ချစ်တဲ့သူနဲ့ တွေ့ ဆုံ နိုင်ပါစေ ...

Angel Shaper said...

ချစ်တတ်လွန်းသူကြီးရေ......
ကမ္ဘာသစ်မှာ မင်းရနံ့လေးတွေကို တရှိုက်မက်မက် နမ်းရှိုက်ပေးမဲ့ အဖော်မွန်လေး အရင်ဆုံးရှာတွေ့ပါစေလို့ ဆုမွန်ချွေလိုက်တယ်။ ပျော်ရွှင်ပါစေကိုနွေဆူးရေ........

MANORHARY said...

ပန်းဝင်စားတဲ့
ကဗျာလေးက လှတယ်

yaewoori said...

အရမ်းသဘောကြပါတယ်
ပျော်ရွှင်ပါစေ

နွေဆူးလင်္ကာ said...

ပန်းဝင်စား ဆိုတဲ့ခေါင်းစဉ်လေးကို စဉ်းစားမိပြီး ကဗျာရေးဖို့ ဖြစ်လာတာကတော့ မဂ္ဂဇင်းတစ်ခုထဲမှာ ကဗျာတစ်ပုဒ် ဖတ်လိုက်ရလို့ပါ။ ကဗျာဆရာနဲ့ မဂ္ဂဇင်းကတော့ မေ့သွားပါပြီ။ ပြန်ရှာလို့ရရင် ပြောပါ့မယ်။ သူ့ကဗျာက ‘ဓာတ်တိုင်ဝင်စားတဲ့လူ’တဲ့။ အဲဒါလေးကို သဘောကျပြီး ဒီကဗျာရေးဖြစ်တာပါ။ ပထမတော့ ကျွန်တော်လည်း ‘ပန်းဝင်စားတဲ့လူ’လို့ ပေးမလို့ပဲ..။ အဲဒါဆိုရင် သူများခြံထဲက ပန်းတွေ ၀င်ခိုးစားနေသလို ဖြစ်သွားမှာစိုးလို့ ပန်းဝင်စားလို့ပဲ ပေးလိုက်တာပါ။

မေ့သမီး said...

ကဗျာလေးကလှလိုက်တာ Vampire ရေ။ :D

Younggun said...

နောက်ဆုံးနှစ်ပိုဒ်ကို အရမ်းကြိုက်မိပါတယ်။ ခေါင်းစဉ်ကို ခံစားရတာ စိတ်ထဲ အထိအရှများသွားတယ်။ ကိုယ့်ဖြစ်ရပ်နဲ့ဆင်ရင် ခံစားချက်က မီးထပွင့်သွားလေတော့ ကဗျာလေး ရင်ထဲ ထွေးပွေ့ထားချင်မိပါတယ်ဗျာ။

ဇော် said...

အာဒံနဲ့ ဧ၀မတွေ့ခင် နင်နဲ့ငါ အရင်တွေ့ကြမယ်ဆိုပါလားဗျာ။

ကဗျာ .. ကောင်းပါ၏။

ကျွန်တော်က နွေဆူးရဲ့ အရင်စာအဟောင်းတွေဖတ်နေတဲ့အချိန် တိုက်တိုက်ဆိုင်ဆိုင် အိမ်လာသွားတယ်နော်။ =)

win latt said...

ချစ်တတ်လွန်းတော့
ရင်ထဲမွန်းကျပ်
မနေတတ်ခဲ့။
ပေးဆပ်လွန်းတော့
အသဲပွန်းခပ်
ဒဏ်ရာထပ်ခဲ့။
မွှေးရနံ့သင်း
ချစ်ပန်းခင်းလေး
နမ်းခိုက်ကြုံသူ
လေအချူမှာ
ရင်အပူ...သူ...မသိပါစေနဲ့။ ။

lovelessguiter said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ... ခေါင်းစဉ်လေးကိုတွေ့လိုက်ကတည်းက စိတ်ဝင်စားသွားတယ်....ကဗျာလေးလဲဖတ်လိုက်ရော... ကဗျာထဲကလို ကေကြွကျသက်ဆင်းမိတာပါပဲ...

mmtn (kalay) said...

ကိုယ်ကိုယ်တိုင် က ကဗျာလေးတွေ မရေးတတ်လို့ အဲလို ကဗျာကောင်းလေးတွေ ရေးတတ်တဲ့သူ တွေ့ရင် အားကျမိပါတယ်။

ကြည်ဖြူပိုင် said...

သိပ်လှတဲ့ကဗျာခေါင်းစဉ်လေးနဲ့။။သိပ်နူးညံ့တဲ့ စာသားလေးတွေပါလား

ဆောင်းယွန်းလ said...

အဲဒီအခါ ...
ကမ္ဘာမှာ ... အာဒံ နဲ့ ဧ၀ မတွေ့ခင်
နင် နဲ့ ငါ အရင်တွေ့ကြမယ်

Banyarshein said...

နင် မနမ်းရှိုက်ချင်ခဲ့တဲ့
တစ်ခြမ်းပဲ့ ရနံ့လေးတွေကို
ရင်ခွင်ရဲ့ ဟိုးအနက်ရှိုင်းဆုံးမှာ
သိုဝှက် သိမ်းဆည်းပြီး
နောက်ဘ၀ထိအောင် သယ်ဆောင်ခဲ့ပါ့မယ်...။

စကားလုံးလှလှလေးတွေ သုံးသွားတာ မိုက်တယ်