Friday, March 6, 2009

ဝေးကွာခြင်း


တောဘုရင်ခြင်္သေ့ကြီးက တောင်ကုန်းထိပ်ကနေ အော်လိုက်တယ် ...
“ငါ့တောအုပ်ထဲက သားရဲတိရစ္ဆာန်များ အဆင်ပြေကြရဲ့လား ?”

“ပြေပါတယ် !!!”


သားရဲတိရစ္ဆာန်တွေရဲ့ ပြိုင်တူဖြေလိုက်သံနဲ့အတူ တောဘုရင် ခြင်္သေ့ကြီး ကျေနပ်သွားတယ်။
“အဆင်မပြေပါဘူး . . . ကယ်ပါဦး !”
“အရှင်ကယ်ပါ . . . ဒုက္ခရောက်လွန်းလို့ပါ !”
တိရစ္ဆာန်ကြီးတွေရဲ့အောက်က ပုရွက်ဆိတ်လေးတွေက အားကိုးတကြီး အော်ပြောကြတယ်။ အကောင်သေးတော့လည်း အသံမကျယ်နိုင်ဘူးပေါ့ ...။
တောင်ထိပ်ပေါ်က တောဘုရင်ကြီးကတော့ မကြားဘူး ...။ မြင်လည်းမမြင်ဘူး။ ခေါင်းတငြိမ့်ငြိမ့်နဲ့ သူ့တောအုပ်သူ ကျေနပ်နေလေရဲ့။ ။

10 comments:

ကိုအောင်(ပျူနိုင်ငံ) said...

အဲဒီခြင်္သေ့ကြီး မသေတော့ဘူးလားဗျာ။

win latt said...

တိုတိုလေးတွေနဲ့ ထိထိမိမိရေးတတ်တဲ့ ပညာကို လေးစားပါတယ်။

masumon said...

ကွက်တိပဲ..ရေးထားတာ တိုတိုလေးနဲ့ ထိတယ်..

စိုင်းလောဝ်ပိန်း said...

ချဉ်သေ့ကြီးက မတွေ့ချင်ယောင်ဆောင်နေတာနေမှာ။

Ma Ma said...

အဲဒီအရေးအသားတွေကြောင့် အမြဲစောင့်ဖတ်တာ။

ပုရွက်ဆိတ်က အ တာကိုး၊ အမှန်က ခြင်္သေ့ကြီး ပေါ်က သန်း ဖြစ်ရမှာ။ ခြင်္သေ့ကြီး စိန်စီလဲ သူစီသလိုပဲ ခြင်္သေ့ကြီး ဖဲမွေ့ယာပေါ်မှာ လဲလှောင်းလဲ သန်း လဲပဲ။

ဒါပေမယ့် ခြင်္သေ့ကြီး ကိုယ်ပေါ်မှာ သန်းတွေ အများကြီးပဲ။

kiki said...

အဲဒီခြင်္သေ့ကြီးက နေပီတောမှာနေဒါလားဟင်...
ဘာလို့ အဲဒီတော ကျတော့ တောမီးမလောင်တာပါလိမ့်..
Australia Victoria မှာလောင်မဲ့ အစား အဲဒီ နေရာမှာ လောင်ရင် ပရွက်ဆိတ်လေးတွေအတွက် အကျိုးရှိမှာနော်....

sanwin said...

ထိတယ် မိတယ်ဟေ့

Ei said...
This comment has been removed by the author.
~MiyuKi~ChanSu~ said...

I like this post :)

No Reply said...

လောကကြီးက ဒီလိုပါပဲ..