Friday, March 27, 2009

လမ်းမှားတဲ့ငှက်

“ကယ်ကြပါဦးဗျို့ !!!”
ငှက်တစ်ကောင်ရဲ့ ကြောက်လန့်တကြား စူးစူးဝါးဝါး အော်လိုက်သံပါ။
“ဘာဖြစ်လို့လဲ ? ငါ ဘာ ကူညီရမလဲ ??”
ကယ်တင်ရှင် တွေ့ပြီဆိုပြီး ငှက်ကလည်း ၀မ်းသာ အားရနဲ့ ...
“ကမ္ဘာကြီးပေါ်မှာ လေတွေ နည်းသွားပြီဗျ ... လုပ်ပါဦး ... ကျွန်တော်တို့ ပျံရတာ သိပ်အားမပါဘူး ဖြစ်နေတယ် ...”
“အင်း ... ဟုတ်ပြီ ... ငါက လိုတရ နတ်မင်းကြီးပဲ ... ကဲ ... အဲဒီတော့ မင်းဘာဖြစ်ချင်လဲ?”
“လေတွေ အများကြီး ဖန်ဆင်းပေးပါ အရှင်!”
“ဖြစ်ပါတယ် ... !!”
“၀ုန်း !!!”
“အား !!!”
အမှန်ကတော့ လိုတရနတ်မင်းကြီးဆိုပြီး ဟန်ဆောင်ထားတဲ့ မာရ်နတ်ပါ ...။ လေတွေအများကြီး လိုချင်ပါတယ်ဆိုပြီး မာရ်နတ်ကို ကိုးကွယ်မိတဲ့ ငှက်ကတော့ ....
လေမုန်တိုင်းထဲမှာ ဒလိမ့်ကောက်ကွေး မျှောပါသွားလေရဲ့ ....။ ။

3 comments:

said...

ကျောက်ကမ်းပါးကျဖို့ လက်တလုံးအလို နိုင်ငံတော်ကြီး ( အဲဟုတ်ပေါင် ) ငှက်ကလေးကို ငါကယ်တင်လိုက်သည်။

ပုံ

စောမောင် (မှားပြန်ပြီ)၊
လိုတရနတ်မင်း

သီဟသစ် said...

နွေဆူးရေ
လိုတရနတ်မင်းကြီးနဲ့ မာရ်နတ်ကို ဘယ်လိုခွဲရရင်ကောင်းမလဲ။

Unknown said...

ဟုတ်တယ်ဗျို့....

နတ်မင်းကြီးတွေ များနေတယ်....

ငှက်ကလေးတွေလည်း များတယ်....

အင်း... လောက လောက..