Saturday, December 4, 2010

ကိုယ့်ကိုကိုယ် သိသွားတဲ့ ကဗျာ

မင်းတို့ကို ထမ်းထားရတာ
ငါ မလေးပါဘူးလို့ ... အော်ဟစ်ရင်း
ပင်လယ်ဟာ ကျန်ရစ်တယ်။

လှိုင်းတွေကတော့ တဝုန်းဝုန်းနဲ့
ပင်လယ်ကို ထားပြီး
ထွက်ပြေးနေကြတုန်း .....။

အဲဒီမှာ ....
ငါ စဉ်းစားတော့တာပဲ ....။

ဟေး .... ကောင်မလေးတွေရေ ....။

ငါဟာ ...
လူမဟုတ်ဘူးကွဲ့
တကယ်တော့ ...
ပင်လယ်ကြီး တစ်ခုပါ .....။ ။

6 comments:

အဖြူရောင်နတ်သမီး said...

ည ..ည ဆိုရင် ပင်လယ်ဟာ ညည်းညူရင်း ငိုနေတတ်ပြန်ရော...

တခါတလေ...
သူပေါက်ကွဲလို့ ထွက်ပေါ်လာတဲ့အသံကိုတော့
“ပင်လယ်အော်သံ”..လို့ လူတွေက ပြောကြတယ်...။

moeswe-moeswe said...

ပင်လယ်က ဒဏ်ရာတချို့ကို ပြေပျောက်စေတယ်..

ငါဟာ ...
လူမဟုတ်ဘူးကွဲ့
တကယ်တော့ ...
ပင်လယ်ကြီး တစ်ခုပါ .....။ ။

ကိုဇော် said...

ပင်လယ် ဆိုတော့လည်း ပင်လယ်လိုပဲ ပင်ပင် လယ်လယ် ကျင့်ရမှာပေါ့ဗျာ။ မဟုတ်ဘူးလား နော့။

kh said...

ထွက်ပြေးသွားတဲ့လှိုင်းတွေ
အချိန်တန်ရင်တော့
ပင်လယ်ဆီပဲပြန်ကြရတာပဲလေ
ကမ်းစပ်က လက်မှမခံတာ..........

ထက်သူရ

may16 said...

ကိုယ့်ကို ကိုယ် သိသွားပါတယ်.

blackroze said...

တခါတခါပင်လယ်ဆိုတာ...
အရာရာကိုလျှိ့ဝှက်ထားတတ်ပြန်တယ်...