ခေတ်မီ အသီးတစ်ရာ အညှာတစ်ခု
တန့်နှယ် ... တန်နှယ် ... တန့်နှယ် ... တန့် တန် တန့် တန်နှယ် ... တန့်နှယ် (တီးလုံးသံ)
Bell song သံ တညံညံ ပေး .... ရွာ School က Remember နေတယ် My Friend ရေ .... တို့များ Small Small တုန်းက ... Village ၀င်ရာ Street ဆီကနေ ... Hand ချင်းယှက်ကာ Run ကာ Jump ကာ ... School တက်လာကြတာတွေလေ ....... Forget မှာလား .... You တို့ I တို့ Small Small တုန်းကလေ .....
တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)
ကြည်းရေလေ တပ်မတော်သားနဲ့ လုံထိန်းတွေ ... ရဲရဲတောက် ဒိုင်းကြီး ကာ ခါလေ ... ဆန္ဒပြသူများ မကြောက်ငြား ... နအဖ အတွက် ပြည်သူပစ်သတ်နေ ... မင်းတို့ အတွက် ရင်နာရတယ်လေ ...
တော့် တော် တော် ... တော့် တော် တော် ... တော် တော်... တော် တော် ... တော် (တီးလုံးသံ)
(အားလုံး ကြားဖူးမယ် ထင်ပါတယ်။ တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခုလေ။ ပထမတစ်ပိုဒ်ကတော့ ကျွန်တော် ငယ်ငယ်ထဲက ပျင်းရင် အဲလိုပဲ ဆိုနေကျပါ။ ဒုတိယ အပိုဒ်ကိုတော့ ခုမှ အဲလို ဆိုချင်စိတ် ပေါက်လာလို့ပါ။)
(ဒီပို့စ်နဲ့ ပတ်သက်ပြီး အနူးအညွတ် ပြောလိုတာကတော့ မြန်မာ ဂန္တ၀င် သီချင်းတစ်ပုဒ်ကို ဖျက်လို ဖျက်ဆီး လုပ်လိုတဲ့စိတ် ကျွန်တော့်မှာ မရှိဘူးဆိုတာပါပဲ။ အားလုံး ပျော်ရအောင် ပျော်စေပျက်စေ သဘောလေးပါပဲ။ ကျွန်တော့် ချစ်သူ စိတ်ကောက်နေတဲ့ အခါ အဲဒီသီချင်း ဆိုပြလိုက်ရင် စိတ်မကောက်နိုင်တော့ပဲ ထ ရယ် တော့တာပဲ။ မယုံမရှိနဲ့ ... တကယ် ...။ မိတ်ဆွေတို့လည်း ကိုယ့်ချစ်သူ စိတ်ကောက်နေတဲ့အခါ ဆိုပြကြည့်ပါလား။ ဟဲ .. ဟဲ ...။ ။)
6 comments:
အင်း.............း)
ချစ်သူကို ဟစ်ပြရအောင် အရင်ရှာလိုက်အုန်း အစ်ကိုရေ့ .......
တကယ်စိတ်ကောက်ပြေတာလည်း အကို မျှဝေလိုက်အုံးမယ်နော် ..
ရယ်ရမှာလား ငိုရမှာလား
အတော်ပဲ ဒီသီချင်းကို ကျက်ခိုင်းရမယ် ညှိညှိညှိ
သဘောကျလွန်းလို့ အူလှိုက်သည်းလှိုက်အောင်ကိုရီသွားပါတယ်...
တော်လိုက်တဲ့ သီချင်းရေးဆရာ :D
Post a Comment