
ကျနော်က ...
အုတ်အရောရော ကျောက်အရောရော
သီချင်းပါ ...။
လင်းခွင့်မရှိတဲ့အခါ
မှောင်ရမယ်လို့ ...
ဘယ်သူက ပြောလဲ ?
တေးသွားတွေ `က´မနေတဲ့
နံနက်ခင်းလေးတစ်ခုလို
စကား နည်းခဲ့ရတယ် ...။
ဘုရားသခင်က
တားမြစ်မထားပေမယ့်
မစားကောင်းတဲ့ သစ်သီးလေးတစ်လုံး
...... ရှိတယ်။
ဘယ်သူ့ကိုမှ မတွေ့ချင်တာ
မဟုတ်ရပါဘူး ...
ဘယ်သူကမှ
အတွေ့မခံတာပါ ...။ ။