Wednesday, November 26, 2008

Ten Things I Hate About Myself

အစ်မ ယမင်း က Tag ထားတော့လည်း ရေးရတော့မှာပေါ့လေ။ တော်ကြာ သွား... ခင်စရာလည်း မကောင်းဘူးဆိုပြီး အပေါင်းအသင်း မလုပ်တော့ရင် မိတ်ဆွေလျော့သွားဦးမယ်... နော။
Ten Things ဆိုပေမယ့် တကယ်စဉ်းစားကြည့်ရင် ကျွန်တော့်မှာ မကောင်းဘူးထင်ရတဲ့ အကျင့်က ဆယ်ခုမကဘူးဗျ။ ဒါပေမယ့် အခုတော့ စဉ်းစားရသမျှ ရေးကြည့်လိုက်ပါတယ်။
၁။နေ့နဲ့ညမှားနေတာ (မိုးလင်းခါနီးမှအိပ်ပြီး ၁၂၊ ၁ လောက်မှထတယ်)
၂။ဆရာကြီးလုပ်တတ်တာ(နားရွက်တော့ပါပါတယ်)
၃။မီးမလာရင် မနေတတ်တော့တာ
၎။ဂိမ်းဆော့ရင်၅နှစ်အရွယ်တူလေးကိုတောင်အရှုံးမပေးချင်တာ
၅။မူးရင်စကားတအားများတာ(ရှေ့နောက်မကြည့်ဘူး)
၆။ဖဲရိုက်ရင်ရှုံးမှာကြောက်ပြီးပုံမအောရဲတာ
၇။အတိတ်ကိုပြန်တမ်းတနေတတ်တာ
၈။လူစည်တဲ့နေရာတွေကိုရှောင်တာ (ပွဲလမ်းသဘင်မျိုးတွေ)
၉။ကိုယ့်ကိုကိုယ်အထင်ကြီးတာ(တကယ်က ဘာမှအသုံးမကျဘူး)
၁၀။အဆောင်ရှေ့ဂစ်တာတီးရင်တစ်ယောက်တည်းဆိုချင်တာ (အသံကဖြင့်မကောင်းပဲနဲ့)
အား... တကယ်တော့ စဉ်းစားရတာ အတော်ခက်တယ်။ ပြောပါတယ်... ကိုယ့်ကိုကိုယ် အထင်ကြီးပါတယ်လို့။ မကောင်းဘူးထင်ရပေမယ့် ကိုယ့်ကိုယ်ကို အပြစ်တင်နေရတာ တကယ်ခက်ပါတယ်။
လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်မမြင်ဆုံးပဲလေ။ အဲဒီတော့ ကျွန်တော်လည်း ဒီလောက်ပဲရေးတတ်ပါတယ်...။

2 comments:

အိမ် said...

၁ကတော့ တူနေပြီဗျို့ ဒီဘလော့စကထဲကဆိုပါတော့
၂ကတော့ မတူဘူး ကျနော်ကဘယ်တော့မဆို နောက်မှာပဲနေချင်တာ
၃တူတယ်
၎ဟုတ်ပါ့ ဂိမ်းစကားလို့ကတော့ ဘယ်သူ့မှ အရှုံးမပေးချင်ဘူးမနိုင်ရင်နိုင်တာနဲ့ကိုဆော်တာ
၅၊၆၊၇၊၈၊၉ တူတယ်
၁၀ကတော့မတူဘူးကျနော်က ဘယ်တော့မှ အဆောင်ရှေ့သီချင်းမဆိုဘူး အဆောင်ထဲပဲတန်းဝင်တာ
ဟိဟိ

Acacia said...

ဆရာကြီး လုပ်တတ်တယ် နားရွက်တော့ ပါပါတယ်... ဆိုတာ ဘာကိုပြောတာလဲဟင်? နံပါတ် ၃ရယ် ၄ ရယ် ၆ရယ်ကို သဘောကျတယ် :P ရယ်ရတယ်...