မကောင်းဆိုးဝါး
လောက က မှောင်ရတဲ့ အထဲ ...
အနံ့အသက် မကောင်းတဲ့
အဲဒီအပုပ်ကောင်တွေ ....
ငါတို့ကို ချောက်ထဲတွန်းချနေတာ ...
ကြာတော့ ...
ကျလို့ကို မဆုံးတော့ဘူး ....။ ။
ရွာထဲက ထန်းရည်ဝိုင်း
စစ်ပွဲတွေကြားထဲက
အနာဂတ်ကမ္ဘာဟာ
စိုးရိမ်စရာအခြေအနေနဲ့
ရစရာမရှိအောင်ကိုမှောင်တယ်။
အနိုင်အရှုံးဆိုတာကို
လိုချင်သလိုရနေသူတွေနဲ့
မသေချင်ပဲသေနေရသူတွေ
ရှိနေကြဦးမှာပဲလေ။
သန်းခေါင်ကျော်လာရင်တော့
ရွှေရောင်လွှမ်းတဲ့မနက်ခင်းတစ်ခုကို
အရောက်သွားနိုင်ကြလိမ့်မယ်လို့
ရူးကြောင်မူးကြောင်နဲ့ပြောနေကြလေရဲ့။
မောင်တို့ရွာထန်းရည်ဝိုင်းမှာ
အေးအေးလူလူဆူဆူညံညံနဲ့ပဲ
ငမိုက်သားကာလသားတစ်စု
မူးနေတာတောင်မိုက်ကောင်းတုန်း။
ဒီလိုညနေမျိုးဆို
မိုနိုသံစဉ်ကျေးလက်သီချင်းတွေ
ကဒေါင်ကဒင်တီးပြတတ်တဲ့
ရေဘင်အတုနဲ့မယ်ဒလင်သမားကဇာတ်လိုက်။
စီကနဲဆိုချက်ကြီးပါတယ်
ရထားတဲ့လူမိုက်ဘွဲ့နဲ့
ရှိနေတဲ့အရည်အချင်းကအံကိုက်
ရေးထားတဲ့အကြွေးစာရင်းကိုဂရုမစိုက်။
ဒို့ရွာထန်းတောမှာလူစုံရင်
အရည်မရအဖတ်မရတွေပြောရင်း
ရေးကြီးခွင်ကျယ်ကမ္ဘာနဲ့ကိုချီလို့။ ။
(ဆရာစောဝေကိုလေးစားလို့ သူ့လိုကြိုးစားရေးကြည့်တာပါ
ဆရာအမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။)
(ကဗျာလေးကိုဖတ်ပြီးရင် အစဆုံး စာလုံးလေးတွေချည်း
တစ်ခေါက်ပြန်ဖတ်လိုက်ပါဦး)
10 comments:
စစ်အစိုးရ အလိုမရှိ
သန်းရွှေအရူးမောင်အေးငမူး
ဒီမိုကရေစီ ရရှိရေး ဒို့အရေး...
ဝါးးးးးးးးးးးးးးးးးးး ကဗျာလေးကလဲ ကောင်းတယ်...မိုက်တယ်.. :)
ရှေ့ ဆုံး က စာလုံးတွေဘဲ တန်းစီ ဖတ်သွားပါတယ် ။
ကောင်းလိုက်တဲ့ အိုင်ဒီယာလေး ။ အရေးလေးတွေ။
ဆက်လက် အားပေးလျှက်...
အေးဗျာ ... ကိုစောဝေ အမြန်ဆုံး ပြန်လွှတ်ပါစေလို့
ဆုတောင်းပါတယ်။
လောက က မှောင်ရတဲ့ အထဲ ...
အနံ့အသက် မကောင်းတဲ့
အဲဒီအပုပ်ကောင်တွေ ....
ငါတို့ကို ချောက်ထဲတွန်းချနေတာ ...
ကြာတော့ ...
ကျလို့ကို မဆုံးတော့ဘူး ....။ ။
မိုက်တယ်ဂျာ
ကောင်းလိုက်တဲ့ကဗျာလေးပါလားဗျာ။ ကျနော်လဲ ကူပြီး ဆုတောင်းပေးသွားတယ်နော်။
ဘုရားက ပြောတယ်။ စောင့်လော့တဲ့။ အချိန် လာတော့မည်တဲ့။ =]
တော်ပ...တော်ပ..ဗျာ...
ကောင်းပ...ကောင်းပ...ဗျာ..။
စိတ်တူညီတူ...
တူယှဉ်တွဲ...
ညီနောင်..တို့ချင်း လက်ချင်းမြဲ...။
အိ မက်ရေ စိတ်လျှော့ ဟေးးးး
ငါလဲ သူပြောသလိုပဲ ထောက်ခံပါတယ်ဟေးးးးးးးးးးးး
အိုင်ဒီယာကောင်းလေးကို လာအားပေးတယ်။
အနံ့အသက် မကောင်းတဲ့ အပုပ်တွေကို မြေကော်ကားနဲ့ တိုက်ပစ်မယ်။ လမ်းကြိတ်စက်နဲ့ ကြိတ်ပစ်မယ်။ ဂျိမ်း ဂျိမ်း ဂျိမ်းးးး
နွေဆူးလင်္ကာ ရဲ့ ကဗျာ အတော် ကိုကောင်းတာ မနေ့ 
ကပဲ မူး နေတုန်း မိုက် နေတုန်း ပုံစံတွေ့ တော့ တိုက်ဆိုင်မှုပဲ --
မကောင်းဆိုးဝါး ဆိုသားသားကြောက်ကြောက်
Post a Comment