ပြည်ထောင်စု သမ္မတ ယောရုဝ နိုင်ငံတော်
ရှေ့က
ရောက်လာသူကိုရော … နောက်မှ ရောက်လာသူကိုပါ ယမမင်းက မေးတယ် …
“
ကဲ … ပြောပါဦး … မင်းတို့ကို ရူးသွားစေလောက်တဲ့ အရာက … ဘာလဲ ? ”
နှစ်ယောက်လုံးက
တပြိုင်တည်း ပြန်ဖြေတယ် …
“
…. အာဏာပါ … ”
အားလုံး
တိတ်ဆိတ်သွားတယ် …။ နောက်မှ …
“
တောက် … ”
ယမမင်းက
`တက်´ ခေါက်တယ် …။
သူတို့
နှစ်ယောက်ကို မသတီသလို ကြည့်ရင်း …
“
ငါတစ်ယောက်တည်းရဲ့ ဆန္ဒ အရဆိုရင် မင်းတို့ မလွယ်ဘူး ” “ ခုတော့ … ဟင်း … ”
ဟိုလူနှစ်ယောက်ကလည်း
ပြိုင်တူလိုလို ပြန်ပြောပါတယ် …
“
ခုတော့ … ဘာဖြစ်လို့လည်းဗျ … အဘ ရှိတာပဲဗျာ … ဟဲ ဟဲ ”
ယမမင်း
ဒေါသ ထွက်သွားပါတယ် …။
ဟိုလူ
နှစ်ယောက်ကိုလည်း ပြန်ဟောက်ပါတယ် …
“
ဟေ့ကောင်တွေ … မင်းတို့ အဘက ကျန်ခဲ့ပြီကွ …
မင်းတို့
အဘကို ပြန် တ နေရမယ့် ခေတ် မဟုတ်တော့ဘူး ”
ဟို
နှစ်ယောက် နည်းနည်း အံ့ဩသွားတယ် …။
နောက်တော့မှ
… နားလည်သွားသလိုလိုနဲ့ အနားမှာ ရှိတဲ့ တပည့်ကိုယ်စီကို ခေါင်းငြိမ့်ပြလိုက်တယ်။
(ထိုအခါ
…
လူနှစ်ယောက်
ထွက်လာပြီး … ကိုယ်စီ ကိုင်ထားသော ဆာလာအိတ်များထဲမှ US ဒေါ်လာများကို ထုတ်၍
လမ်းသဖွယ် ခင်းကျင်း လိုက်သည်။)
တဒင်္ဂတော့
ယမမင်းကြီး မင်သက်သွားတယ်။
နောက်မှ
သတိရပြီး …
“
မင်းတို့ … ဘာလုပ်တာလဲ ? ”
ဟိုနှစ်ယောက်ကလည်း
အရင်လို လေသံနဲ့ပဲ ပြန် ရယ်ပြကြပါတယ် …
“
ဟဲဟဲ … ဟဲဟဲ ”
“
တောက် … ”
ယမမင်းကြီးက
ဒေါ်လာတွေကို ကြည့်ရင်း `တက်´ ထပ်ခေါက်တယ်။
လေသံနည်းနည်း
ပျော့သွားရင်း …
“
ငါတစ်ယောက်တည်းရဲ့ ဆန္ဒအရ ဆိုရင် … မင်းတို့ … ကွာ ”
ယမမင်းကြီး
တစ်ခုခုကို အလိုမကျ ဖြစ်နေတဲ့ အသံနဲ့ ပြောတယ်။
ဟိုနှစ်ယောက်ကလည်း
အဆင်ပြေပြီ ထင်ပြီး … ဟဲဟဲ … ဟဲဟဲ နဲ့ ထပ်ရယ်ပြနေကြတယ်။
“
ဒါပေမယ့် … ”
ယမမင်းကြီးဆီက
အသံ ထွက်လာတယ်။
ဟိုနှစ်ယောက်
ငြိမ်သွားတယ်။
ယမမင်းကြီးက
ဆက်ပြောတယ် …
“
လွှတ်တော်ကို တင်ပြ ရဦးမယ် … ”
“
ဗျာ … ” “ ဗျာ … ”
ဒီတခါတော့
ဟိုနှစ်ယောက် တပြိုင်တည်း အသံ မထွက်နိုင်တော့ဘူး။ ကြောင်းတူ သံကွဲ ဖြစ်သွားတယ်။
အဲဒီမှာ
ယမမင်းကြီးက မလုံမလဲအသံနဲ့ မိန့်ခွန်းရှည်ကြီး ပြောချလိုက်တော့တယ် …
(ရေးထားတာတော့ ကြာလှပြီ။ ခုမှ အောက်ဆုံးမှာ နဲနဲ အက်ဒစ်ပြီး ဘလော့ဂ်ဒေး အမှတ်တရ တင်ဖြစ်ပါတယ်။)
4 comments:
:D :D :D
ရောရုဝဆိုတော့ တစတစနဲ့ အ၀ီစိနဲ့ နီးကပ်လာတဲ့ သဘောနေမယ်။း)
၎ .. ၅ ခါပြန်ဖတ်လိုက်ရတယ်း)
၎ .. ၅ ခါပြန်ဖတ်လိုက်ရတယ်း)
Post a Comment