သူတို့ ငါ့ကို စ ညာနေကြပြီ
အပြုံးတ၀က် ဆိုပေမယ့် ...
ကျနော် ... ယုံပေးလိုက်ပါတယ် ...။
ဒီလိုပါပဲ ... လောကကြီးရယ် .....။
ကျနော်က ...
`ဗ´ထက်ချိုက်လောက်တောင်
ဟန်ဆောင် မကောင်းတဲ့ ကောင်ပါ ...။
ပြောင်းပြန် မြင်နေကြသူတွေကို
.... .... ပြောချင်တယ် ...။
ကျနော်က ... `၀´လုံးလေးဗျ ...။
(ခွင့်လွှတ်ကြပါ ...)
အဲဒါ ... ကျနော် `မဲ့´ လိုက်တာ ...။ ။
3 comments:
ကျနော်က ...
`ဗ´ထက်ချိုက်လောက်တောင်
ဟန်ဆောင် မကောင်းတဲ့ ကောင်ပါ ...။
ဒီလိုပါပဲ လောကကြီးရယ်တဲ့ . . ဟုတ်တယ် ကျွန်တော်လည်း လက်ခံမိတယ် လောကကြီးက ဒီလိုပါပဲ ဆိုတာ . .
လင်းခေတ်ဒီနို ခ ဗညားရှိန်
အိုး ... ဟိုး ...
ဝ လုံးလေးက မဲ့ လိုက်တာ ...
အတွေးလှတယ် ကိုနွေဆူး ..း)
အတွေးကောင်းတဲ့ ကဗျာလေးအားပေးသွားတယ်နော်..
ခင်တဲ့ မိုးနတ်....
Post a Comment