ဒီထက်ပိုပြီး ဘာမှ မျှော်လင့်မထားတဲ့ ကဗျာ
ဟန်ဆောင်ပြုံးနေရတဲ့
ပင်လယ်တစ်ကောင်လို
ငါ့ကိုငါ မုန်းနေတယ် ...။
ဒဏ်ရာတွေကို
အနက်ရှိုင်းဆုံးမှာ သိုဝှက်ရင်း
တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့ရ ...။
မုန်တိုင်းမလေးရေ .......။
ငါ့ရင်ခွင်မှာတော့
နင်ဟာ ....
ဝုန်းဒိုင်းကြဲ နတ်သမီးပေါ့ ...။
လှိုင်းတွေ ခါတဲ့အထိ
နာကျင်ရတာတောင်
ငါ .....
နင့်ကို ချစ်သွားခဲ့မိတယ် ။ ။