နာရီလူသား
အရမ်း အပျင်းထူတတ်တဲ့ ကျွန်တော့်ကို အဖေက ဆုံးမပါတယ် ...။
“လောကကြီးမှာ နာရီလို နေစမ်းပါ သားရယ်...”
ပညာရှိစကားလိုလို ... ပညာရှိလေသံလိုလို နဲ့ပါ...။
ကျွန်တော်ကလည်း သိပ်မခေတဲ့ကောင်ဆိုတော့ သူ့ ပညာရှိလိုလို လေသံစကားကို နားလည်ပါတယ်။ နာရီတွေက အချိန်တိုင်း မရပ်မနား အလုပ်လုပ်တယ်လို့ ပြောချင်တာပါ ...။
ဒါပေမယ့် ကျွန်တော် ပြောခဲ့သလို ကျွန်တော်ကလည်း သိပ်မခေတဲ့ကောင်ဆိုတော့ ဘယ်ရမလဲ ... ပြန်ပြောလိုက်တယ် ...
“ဟာ ... နာရီလိုတော့ မနေချင်ပါဘူး အဖေရာ ... ဆယ့်နှစ်နာရီပြည့်တိုင်း အစကနေ ပြန်ပြန် စ နေရမှာပေါ့ ...”
ကျွန်တော့်အဖေ ပညာရှိကြီး မျက်မှောင်ကုတ်သွားပါတော့တယ်။ ။
12 comments:
နာရီလို လှည့်ပတ်နေရတဲ့ အဖြစ်မှာ ဘ၀သံသရာရဲ့
အတိမ်အနက်အောက်မှာ လှုပ်ရှားနေရသူတွေမို့
နာရီလို လည်နေပေမယ့် တစ်ခုခု လုပ်တိုင်း အသစ်က
စပြန်လုပ်ရတာတွေ ဖြစ်တတ်တာပေမို့ .. အတွေးလေးနဲ့ ခွန်းတုံ့စကားစုလေးကို ကြိုက်တယ်
သယ်ရင်းရေ ...။
ဟုတ်သားဟ၊ သူပြောသလိုဆိုတော့လဲ၊ မတွေးမိတဲ့ စကားလေး ၊ ကောင်းတယ်
အဟား .. နာရီလို သာဆို တရက်မှာ ၂ကြိမ် ဇောက်ထိုးကြီးလဲ ဖြစ်နေရ ပါအုံးမယ်...ကြံကြံဖန်ဖန် ဒီ ခလေးရယ်...
မှတ်သွားပါတယ် .. ထိပ်ခေါက်ခံရရင် တရားခံလာရှာမယ် .. :P
ဓါတ်ခဲကုန် သံပတ်ကုန်ရင်လည်း ရပ်သွားတတ်သေး
နော့.....း)
ကောင်းတယ်....
ကြိုက်တယ်...
အဲဒီလို တွေးတတ်တာကိုကြိုက်တယ်....။
အမလေးဗျာ တကယ့်လူပဲတော်လိုက်တာ
အင်း......ပညာရှိပဲ အဖေ့ထပ်သားတစ်လကြီး
ပဲ... အဲ ....... နောင်ကြီးအဖေတော့မသိစေနဲ့
နော်......... ဒေါပွနေအုံးမယ်
;)
နာရီလိုမနေချင်ပါဘူး
တနေ့တနေ့ ဒီဘောင်ကြီးထဲမှာပဲ လှုပ်ရှားနေရတာ
သတ်မှတ်ချက်ဆိုတာကြီးနဲ့...
ကြည့်လိုက်ရင်တော့ ခပ်တည်တည်နဲ့။
း)
Great Idea!!!!
လိမ္မာပါးနပ်စွာတွေးတတ်သူတစ်ယောက်ဟာ ငြင်းခုန်ခြင်းကို အောင်နိုင်သည်ဆိုတာ ဒါမျိုးကိုဆိုလာတာထယ်တယ်နော်။
ဒါမျိုးကိုဆိုလိုတာထယ်တယ်နော်လို့ပြောတာပါ။ စာလုံးပေါင်းမှားသွားတယ် :)
Post a Comment