မာလိန်မှူး

ကန်လယ်မှာ လှေတစ်စင်း ရုန်းရင်းဆန်ခပ် ဖြစ်နေတယ် ...
ကလေးတွေ ကစားရင်း မာလိန်မှူး သူလုပ်မယ် ငါလုပ်မယ်နဲ့ ငြင်းခုံ ရန်ဖြစ်နေကြတာပါ...။
ကန်ကလည်းငယ်ပါတယ်၊ လှေကလည်း သေးပါတယ်။
လှေက ကလေးတွေနဲ့တင် ပြည့်ကျပ်နေပြီ။
အဲဒီအချိန်မှာ ရေကူးနေတဲ့ ကလေးစိတ်မကုန်သေးတဲ့ လူကြီးတစ်ယောက် လှေပေါ်တက်လာပါတယ်...။
“ကလေးတွေ ... လှော်တက်ငါ့ကိုပေး ၊ မင်းတို့ မာလိန်မှူး ရွေးလို့ပြီးရင် ပြန်ပေးမယ်... ”
ပြောပြောဆိုဆိုနဲ့ လှော်တက်ကိုအတင်းလုပြီး လှော်နေတော့တယ်။ လူကြီးဆိုတော့လည်း ဘာမှမပြောရဲကြဘူး။
လှေကလေးကဖြင့် သူတက်လိုက်လို့ ရေတွေစိမ့်ဝင်ပြီး တဖြည်းဖြည်းနဲ့ နစ်တော့မယ်။ လူကြီးကတော့ လှော်ကောင်းတုန်း။ ။








