ဒီထက်ပိုပြီး ဘာမှ မျှော်လင့်မထားတဲ့ ကဗျာ
ဟန်ဆောင်ပြုံးနေရတဲ့
ပင်လယ်တစ်ကောင်လို
ငါ့ကိုငါ မုန်းနေတယ် ...။
ဒဏ်ရာတွေကို
အနက်ရှိုင်းဆုံးမှာ သိုဝှက်ရင်း
တည်ငြိမ်ချင်ယောင် ဆောင်နေခဲ့ရ ...။
မုန်တိုင်းမလေးရေ .......။
ငါ့ရင်ခွင်မှာတော့
နင်ဟာ ....
ဝုန်းဒိုင်းကြဲ နတ်သမီးပေါ့ ...။
လှိုင်းတွေ ခါတဲ့အထိ
နာကျင်ရတာတောင်
ငါ .....
နင့်ကို ချစ်သွားခဲ့မိတယ် ။ ။
9 comments:
ဟန်ဆောင်ပြုံးနေရတဲ့
ပင်လယ်တစ်ကောင်လို
ငါ့ကိုငါ မုန်းနေတယ် ...။
စကတည်းကနေ ဆုံးတဲ့ထိ ဖတ်ရင်း ပြိးသွားမှာတောင် စိုးအောင် ကဗျာလေးက မိုက်၏။ ခံစား အားပေးသွားလျှက်..ပါအကို။
ကောင်းသောနေ့ လေဖြစ်ပါစေ။
ကိုနွေ့ကဗျာတွေက ခပ်ပြင်းပြင်း(ဝိုင်ကို မသိတော့)အချိုရည်ကို တရှိုက်မက်မက် သောက်လိုက်ရသလိုမျိုး စူးစူးရှရှ ရှိတယ်။ ခံစားသွားပါတယ် ကိုနွေရေ။ ကျန်းမာပျော်ရွှင်ပါစေနော်။
ဝုန်းဒိုင်းကြဲတဲ့ နတ်သမီးနဲ့ ခင်ချင်တယ်..ဦးလေးရေ..
မိတ်ဆက်ပေးအုံး..
ကဗျာလေးက တိုပေမယ့် ပြောချင်တာ ထိရောက်အောင် ရေးထားတာလေး သဘောကျတယ်။ :)
ငါ့ရင်ခွင်မှာတော့
နင်ဟာ ....
ဝုန်းဒိုင်းကြဲ နတ်သမီးပေါ့ ...။
ဒီနတ်သမီး တော်တော်ဆိုး...
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
ဘာမှမမျှော်လင့်တာအကောင်းဆုံးပါ။
“လှိုင်းတွေ ခါတဲ့အထိ
နာကျင်ရတာတောင်
ငါ .....
နင့်ကို ချစ်သွားခဲ့မိတယ် ။ ။” ... ကြိုက်တယ် ဒီစကားလုံးတွေပါတဲ့ ကဗျာလေးကို ... :)
မိန်းကလေးတိုင်းမုန်တိုင်းပါပဲ အနဲအများပဲကွာတာပါ
အလိုက်မသိတဲ့ကဗျာ
အရှိုက်ကိုထိတယ်ဗျာ………
Post a Comment