အိပ်မက်
“ကျနော့်အိပ်မက်လေးများ မတွေ့မိဘူးလား?”
ပင်လယ်ကြီးနဲ့တွေ့တော့ ကျနော် မေးမိတယ် ...။
“မင်းကိုယ်တိုင် ဆင်းရှာကြည့်လေ .. ငါ့မှာ ရှိနေတာတွေ ဟုတ်မဟုတ် ဆိုတာကိုပေါ့ ...”
ရှာလို့ မရပါဘူး။ လှိုင်းတွေ တဝုန်းဝုန်းနဲ့ဆိုတော့ ကျနော့်ရင်ဘတ်တွေတောင် နာကျင် ကြေမွလို့ ...။
မုန်တိုင်းနဲ့ တွေ့တော့လည်း မေးမိတယ် ...။
“......................?“
“အေး အေး ..... xxxx ..... xxxx ..... xxxxx”
ပြောတော့ ပြောသွားတာပါပဲ။ ဒါပေမယ့် လေသံတွေ တရှဲရှဲနဲ့ ဘာမှ မသဲကွဲဘူး။
နောက်ဆုံး ကြံရာမရနဲ့ တိမ်တွေကိုပဲ လှမ်းမေးကြည့်မိတယ် ...။
“အိုး !!! ... ဟုတ်သားပဲ ....”
အဲဒီတော့မှ အဖြေရတော့တယ် ...။ တိမ်ငွေ့တွေက ပြောတယ် ......
“မင်းရဲ့ အိပ်မက် ... ဟုတ်လား? .. ဘယ်သူ့ရဲ့ အိပ်မက်ပဲ ဖြစ်ဖြစ်ပါ .... အိပ်မက်ဆိုတာ ငါကိုယ်တိုင်ပဲလေ ...”။ ။
19 comments:
အော် ... ခုမှသိတာ..... အိပ်မက်ဆိုတာ တိမ်ငွေ့လေးတွေလိုလား.. ဖမ်းဆုပ်မရဘူးပေါ့နော်.. ကောင်းလိုက်တဲ့ တင်စားချက်.. ကဗျာတွေကတော့ ရင်ဘတ်ကြီးနဲ့ကိုခံစားပြီး ရေးထားတော့တာဘဲ..
xxxကိုယ်ဟာတိမ်တွေလိုပဲxxxလွင့်တော့မလို့xxxဘယ်ဆီဘယ်ဝယ်မသေခြာတော့ဘူးပေါ့xxxကိုယ်တယောက်ထဲxxxမင်းနဲ့ဝေးတဲ့အခါxxxအားလုံးရက်စက်စွာxxx....
မို့မို့ရဲ့သီချင်းကို ညည်းသွားပါသည်..း)
သိသွားပြီ... အိပ်မက်က တိမ်တွေဆိုတာ... :P
တင်စားထားပုံလေးကို သဘောကျမိပါတယ်... အားပေးလေးစားလျှက်... :)
ကျွန်တော်တို့ အိမ်မက်တွေ
ပျောက်ဆုံးနေတာ ကြာပေါ့
ဘယ်လိုရှာရှာပါ.....
နောက်ဆုံးတော့ တိမ်တွေလို လွင့်မျောလိုက်.......
မမှတ်မိတော့ဘူး ဆက်သာဆိုတော့ ဆူးကာရေ
လှတယ်ဗျာ........
အားပေးပါတယ် အကိုရေ....
အိမ်မက်တွေက တိမ်တွေလို မဖြစ်ကြဖို့ ကြိုးစားကြပါစို့ ....။
အား... မိုက်တယ်ဗျ။
ဝှေါင်းးးး... အဆုံးသတ်မှာစားသွားတယ်။ ကောင်းလိုက်တာ။
နာမည်က တိုက်တိုက်ဆိုင်ဆိုင် ...:)
ပြောပြတာကျေးဇူးပါအစ်ကိုရေ။
ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ
အိုး... ဟုတ်သားပဲ။။ အိပ်မက်ဆိုတာ တိမ်ငွေ့တွေလိုပဲလား... တင်စားတတ်လိုက်တာ။ လှပတဲ့ ကဗျာတပုဒ်ပဲနော်။။
ခင်မင်လျက်
ကေဇီလင်း
ကိုလင်္ကာရေ..တယ်ကောင်းပါလား..။
အဓိပ္ပါယ်ရှိတယ်နော်..။
လေးစားလျှက်..။
ကောင်းလိုက်တဲ့ ကဗျာလေးပါ ကိုနွေဆူး...
အိပ်မက်တွေက တိမ်တွေဆိုရင် လေယူရာ ပါသွားမှာ စိုးရိမ်ရတယ်။
အိပ်မက်က ပင်လယ်ကြီးဖြစ်သွားရင်တော့ အကောင်းသား။ :D :D :D၊
ပျော်ရွှင်ပါစေဗျာ။
အိပ်မက် ရဲ့ အဓိပ္ပါယ်လေးကောင်းတယ် ကိုနွေဆူး
အပေါ်ပိုင်းကိုနည်းနည်းလည်း ရှည်ရှည်ရေးရင် ပိုဖတ်လို့ကောင်းမယ်ထင်တယ်နော်
နေ့အိပ်မက်တော့ အိပ်မက်တွေကို တိမ်အဖြစ်မခံနိုင်ပါဘူး။ တိမ်ဖြစ်နေတယ်ဆိုရင်တောင် အနည်းဆုံး မိုးရွာလို့တော့ရအောင် လုပ်မှပဲ။ :)
ကောင်းလိုက်တဲ့ တင်စားချက်လေးဗျာ
ဖမ်းဆုပ်မရတဲ့  အိမ်မက်တွေကို
တိမ်ငွေ့ လေးတွေနဲ့ တင်စားထားတာ လှတယ် . .:)
ခင်မင်စွာနဲ့ 
ပန်းခင်းလေး
နွေဆူးလင်္ကာရဲ့ အိပ်မက်ကို လာချောင်းသွားပါတယ်။ အတွေးကောင်းလိုက်တာလို့ သဘောလည်းကျသွားတယ်။
လာလည်သွားတာ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ ဘလော့နာမည်က နွေဆူး ဆိုတော့ တော်တော် ပူပြီး ဆူးလည်းဆူးမယ်ထင်တယ် (:D နောက်တာပါ)//ပို့စ်လေးတွေ ဖတ်ကောင်းတယ်.။
အတွေးလေးကောင်းတယ် :)
Post a Comment