Tuesday, March 4, 2014

ဖြတ်လမ်း

ငါ့ကို ခွင့်လွတ်ပါ ... ကဗျာ ရယ် ...။

မိုး ..... ဆိုတော့လည်း ...
... ငါ့ စိတ်တွေ ... ရွဲတယ်။

ပြန်မက်ချင်စရာကောင်းတဲ့
အိပ်မက်ဟောင်း တစ်ပုဒ်တလေလောက်တောင်
ငါ့ ဒိုင်ယာရီထောင့်မှာ ခိုကပ်မနေဘူး။

ခပ်ယိုင်ယိုင် ဘဝလေးကို
ခိုင်မတ်အောင် ကျောင်းနေရတာနဲ့တင်
စကားတွေလည်း နာခဲ့ပြီ။

တံခါးတွေကို လိုက်ရှာဖွေသူဟာ
သော့ကို ရှာဖို့ မေ့လျော့ .....။

နောက်ဆုံးတော့ ...
မော/တိုးလျစွာ ကံကြမ္မာကို မေးမယ် ...
သေခြင်းကို သွားဖို့ရာ ...
ဘယ်လမ်းက ... အနီးဆုံးလဲ?။     ။

2 comments:

ဏီလင်းညို said...

ကဗျာလေး လာဖတ်သွားတယ် ကိုနွေဆူး....
စာတွေ ရေးပါဦးဗျာ.....

ခင်မင်စွာ...
ကိုဏီ

blackroze said...

ပျောက်ချက်သားကောင်းလိုက်တာအကိုရာ
အခုမှ ဘဲပေါ်လာတော့တယ်
စာတွေပြန်ရေးပါဦး