အိပ်ပျော်နေတဲ့ အိပ်မက်
ဆောင်းရာသီရဲ့ ဝင်သက်ထွက်သက်တိုင်း
နှင်းတွေလို ... အလွမ်းတွေ စွတ်စိုတယ် ...။
ကြာခဲ့ပါပြီလေ ...
ဆောင်းခိုငှက်တွေလို
ငါမပြေးပုန်းခဲ့ပါဘူးကွယ် ...
မင်းထားခဲ့တဲ့ တံခါးဝမှာ
သံချောင်းလေးလို တိတ်ဆိတ်
ငါအိပ်နေလိုက်တော့တယ် ...။
ပြောပြစရာ ပုံပြင်တွေလည်း
အိပ်ရာဝင်ကုန်ကြပြီဆိုတော့
ပြက္ခဒိန်တွေပဲ တစ်ခုပြီးတစ်ခု
ချိတ်ဆွဲပြနေလိုက်တယ် .......။
ကဲ ...
Happy New year! ။ ။