Thursday, November 18, 2010

Eleven ကတော့ Eleven ပါပဲ

SUNDERLAND FREEZE CHELSEA

UNITED STUNNED BY VILLA &

ARSENAL ADVANCE TO GRAB THEIR HOPE



အဲဒါကတော့ နောက်ဆုံးထုတ် First Eleven ဂျာနယ်မျက်နှာဖုံးက စာသားပါ

ထူးခြားချက်ကတော့ စာလုံးတွေ အရောင်ခွဲပြီး ရိုက်ထားတာပါပဲ

အရောင်ခွဲထားတဲ့ စာလုံးတွေချည်းပဲ ပြန်ရေးမယ်ဆိုရင် ဒီလိုရပါတယ် ...



SU FREE

UNITE &

ADVANCE TO GRAB THE HOPE



လို့ ဖတ်လို့ ရပါတယ် ...... ကျနော်ကတော့ ဘာသာပြန်သိပ်မကျွမ်းကျင်ပါဘူး ...

သူငယ်ချင်းတစ်ယောက်ကတော့ ခုလို ဘာသာပြန်ပေးပါတယ် ...



ဒေါ်စု လွတ်ပြီ...

မျှော်လင့်ခြင်းတွေကိုဖမ်းဆုပ်ကိုင်နိုင်ဖို့ အသေးစိတ်ပေါင်းစည်းပါ စုစည်းပါ



Eleven ကတော့ Eleven ပါပဲ ....

ရဲရဲဝံ့ဝံ့ လုပ်ရပ်အတွက် ကျနော်တို့ ဂုဏ်ယူစွာ အားပေးလိုက်ကြပါစို့ .......။ ။

(နောက်ဆက်တွဲ ......)



ခုမှ ကော်နက်ရှင်ကောင်းလို့ en2mm7@gmail.com ရဲ့ အကူအညီကို ယူလိုက်တာကတော့ ဒီလိုရပါတယ် .....



skinny: free



en2mm7: EN2MM:(adj) ၁။ (က) လွတ်လပ်သော။ ပွင့်သော။ ရှင်းသော။ လွတ်သော(မငြိသော)။ လွတ်ငြိမ်းသော။(v) လွတ်လပ်(adv) အခမဲ့



skinny: unite



en2mm7: EN2MM:(v) ပေါင်းစည်း



skinny: advance



en2mm7: EN2MM:(n) ချီစစ်။ ချီတက်ခြင်း။ တိုးဝင်လာမှု။ ပြန့်ပွားလာမှု။ တိုးပွားမှု။ တိုးတက် လာမှု။ တိုးတက်မှု။ ကြိုတင်ပေးငွေ။ စရန်။ တိုးပေးမှု။ တိုးတက်မှု။



skinny: grab



en2mm7: EN2MM:(vt,vi) လုယူသည်။(n) လုယူခြင်း။(v) လုယူ



skinny: hope



en2mm7: EN2MM:(n) မျှော်လင့်ချက်။(vt,vi) မျှော်လင့်သည်။ အားထားသည်။(v) မျှော်လင့်



grab ကိုတော့ ကျနော်ကိုယ်တိုင် သိဖူးတာက ဆုပ်ကိုင်ခြင်း ဖမ်းဆုပ်ခြင်းပါပဲ ....။ ကိုယ်တိုင်ပဲ ဘာသာပြန်ကြည့်လိုက်ကြပါတော့ဗျာ။

9 comments:

ကိုဇော် said...

FB မှာ အဲဒါကို Scan ဖတ်ပြီး တင်ထားတာတော့ တွေ့လိုက်မိပါတယ်။ စာသား အတိုင်း အားထုတ်ကြပါစို့။

မမြင်လိုက်ရသူတွေ ကြည့်နိုင်အောင် တင်ပေးခဲ့ပါတယ်။

http://img837.imageshack.us/img837/7850/elevenl.jpg

ကျေးဇူးပါ ကိုနွေဆူးရေ...

mabaydar88 said...

ဟလို..

စိတ်ဝင်စားစွာ ဖတ်သွားပါသည်.. စိတ်ဝင်စားစရာလည်း

ကောင်းပါသည်..။

မဗေဒါ (၈၈)

ချော(အစိမ်းရောင်လွင်ပြင်) said...

Congratulation Eleven

မြစ်ကျိုးအင်း said...

နောက်ဆုံးသတင်းကတော့ ၂ ပါတ် အပိတ်ခံ လိုက်ရတယ်တဲ့။
တန်ပါတယ်ဗျာ။ ပြည်သူတွေ အားရ ကြရတာ။

zue said...

တခါက ဆရာမ က စာမေးပွဲ ဖြေတဲ့ ကျောင်းသားတွေကို ပြောတယ်..
မင်းတို့ ခိုးချရဲ ခိုးကြည့်။ ဆရာမတို့မှာ ဖမ်းနည်း တစ်ရာ ရှိတယ် တဲ့။
ကျောင်းသား တစ်ယောက်က ပြန်ပြောတယ်..
ကျွန်တော်တို့ မှာ ခိုးနည်း တစ်ရာ့တစ်နည်း ရှိပါတယ်.
အဲလိုမျိုးပဲပေါ့...
စာတတ်အောင် မသင်ရင် ခိုးချကြမှာပဲ...
ပြည်သူစိတ်ကျေနပ်အောင် မလုပ်ရင်လည်း နည်းမျိုးစုံနဲ့ ဖောက်ထွက်ကြမှာပဲ...

Unknown said...

ကိုယ်တွေ့ကြည့်ခွင့်ရတဲ့အတွက် ကိုဇော် ကိုကျေးဇူးတင်ပါတယ်။ ကိုနွေဆူး ကဗျာတွေကိုလဲ စောင့်မျှော်လျက်ပါ။ ELEVEN ဂျာနယ်ကိုလဲ ချီးကျူးမိပါတယ် ။

blackroze said...

လေးစားဖို့ကောင်းတဲ့ ELEVEN ပါဘဲ...

သဒ္ဓါလှိုင်း said...

ဂုဏ်ယူလေးစားမိပါတယ်...။ အမှန်တရားအတွက်
ရဲဝံ့ချီတက်နိုင်ပါစေ..။
ခင်မင်တဲ့
သဒ္ဓါ

အင်္ဂါဟူး said...

တတ်လဲ တတ်နိုင်ကြပါဒယ်.