Thursday, October 21, 2010

လက်ဆောင်

နှင်းဆီပန်းတွေပါ ...
လွင်ပြင်တစ်ခုလုံး စိမ်းလန်း
လွင်တီးခေါင်တောင် စိုပြေလို့ ...။

အဖြေဆိုတာကလည်း
တွက်ရင်းနဲ့ ပျောက်ပျောက်နေတတ်တာမျိုး .....။

ချစ်တဲ့ ကမ္ဘာမြေကြီးက
ပစ်စရာမရှိအောင် လှပလွန်းတော့
သူများတွေအတွက် မနာလိုဘူး
ဆူးတွေ အပြိုင်းအရိုင်း ဖူးပွင့်သွားတယ် ...။ ။


အသစ်မရေးဖြစ်တာလည်း ကြာပြီဆိုတော့ .. ခု ရွာပြန်ရောက်နေတုန်း ဟိုးတုန်းက စာအုပ်အဟောင်းကြားက ကဗျာစာရွက်အဟောင်းလေး ပြန်တွေ့တာနဲ့ တင်ပေးလိုက်ပါတယ်။ ကိုယ်ရေးထားတာလား .. ကူးထားတာလား မမှတ်မိတော့ဘူး။ ကူးထားရင်တော့ ရေးတဲ့လူကို အမြဲ ကူးပါတယ်။ ဒါကြောင့် ကျနော်ရေးထားတာပဲ ဖြစ်မှာပါ။ တခြားမှာ တွေ့ဖူးရင် ပြောသွားပေးကြပါ။

ပြောရဦးမယ် .. ခု ကျနော်တို့ ရွာမှာ အင်တာနက်ရနေပြီ။ အဲဒါကြောင့် ခု ရွာကနေ တင်ပေးလိုက်တာပါ။ ပုံတင်ဖို့ အခက်အခဲ ရှိလို့ ပုံတော့ မပါတော့ဘူးပေါ့ဗျာ။ ကဗျာလေးပဲ ဖတ်သွားကြပါတော့။ နောက်လည်း ပုံမှန် အသစ်တွေ ရေးပြီး တင်ပေးနေမှာ ဖြစ်တဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် အရပ်ကတို့ရေ ...။

16 comments:

ကိုဇော် said...

အားပေးလျက်ပါဗျို့...

အဖြူရောင်နတ်သမီး said...

လုပ်လိုက်ဟ.....
ငါ့ဦးလေးကွ.......
ရွာကနေ တင်တယ်ဆိုပဲ.......
တိုးတက်လာတဲ့ သဘော...အတိတ်ကောင်း...
နမိတ်ကောင်းပဲဗျို့...

khun thadar said...

ရွာမှာတောင်အင်တာနက်ရပြီဆိုတော့ သတင်းကောင်းပေါ့။
ဆက်လက်ပြီး အများကြီးရေးနိုင်ပါစေ.....;)

Anonymous said...

ကျုပ်ကြီးတော်ကြီး ပျောက်နေမှတ်တယ်.. အခုပြန်တွေ့တော့ ဝမ်းသာသတော်.. ရွာက ဒွေးလေးတို့ ဘကြီးတို့ရော နေကောင်းတယ်မဟုတ်လား..
ရွာက တင်မယ့် ကဗျာလေးတွေ မျှော်နေပါတယ်တော်.. ဟိဟိ :)

mabaydar88 said...

ဟာလို ကိုနွေဆူး...(တောမှာရောက်နေတဲ့ သူ ဗိုလ်လို မမေ့အောင် နှုတ်ဆက်ခြင်း..) ..

စတာပါနော်.. အရင်က ခံစားမှုလေး ဖတ်သွား၏..။

တောဆိုလို့ ဘယ်မှာ အင်တာနက် ရတာလည်း တကယ်စိတ်ဝင်စားလို့ပါ.. ကော်နက်ရှင်ရော ကောင်းလား.. ဘာပဲပြောပြော ဒီလို ရတယ်ဆိုကတည်းက ကောင်းတာပဲပေါ့.. ရွာကသူတွေ အင်တာနက်သုံးနိုင်ပြီး များများပွားနိုင်ကြပါစေတော်..။

မဲဇာက မဗေဒါ

ပန်းခင်းလေး said...

ပျောက်နေပါတယ်မှတ်တာ
ရွာပြန်ရောက်နေတာကိုးး
ရွာကတင်လိုက်တဲ့ ကဗျာကို
ရွာကနေပဲဖတ်တယ်နော် . . ။
ဒါပေမဲ့  ခြံစည်းရိုးကျော်ပြီးလာရတာ
သိပ်တော့ မလွယ်လှဘူး ။
ခင်လွန်းလို့  လာအားပေးတာ ။
ရွာမှာ ဆင်ဆင်ပြေပါစေအကိုတော်။

ခင်မင်စွာနဲ့ 

ညီမငယ် ပန်းခင်းလေး

သဒ္ဓါလှိုင်း said...

ရွာမှာအင်တာနက်ရပြီဆိုလို့အတိုင်းထက်ဝမ်းသာ
သွားရပေါ့ကိုနွေဆူး..။ အမြဲရပါစေလို့...

ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

ကျနော်တို့ ရွာတွေမှာ အင်တာနက် ရပြီဆိုလို့ အထူး ဝမ်းမြောက်မိပါကြောင်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

သတင်းကောင်းလေးကို ကဗျာလေးတင်ရင်း အသိပေးလိုက်တဲ့အတွက် ကြိုဆိုပါတယ်..
ရွာတွေအထိ အင်တာနက်ရပြီဆိုတော့ သတင်းကောင်းတစ်ခုပေါ့နော်...
မြို့တိုင်း ရွာတိုင်း ရစေချင်ပါတယ်ရှင်။
အင်တာနက်ရပြီမို့ ကိုနွေဆူးရဲ့ ကဗျာတွေကို စောင့်ပြီးအားပေးနေပါမယ်ရှင်။

သုခုမလေဒီ said...

ကဗျာလေးလာဖတ်ပါတယ် နွေဆူးရေ.. အင်တာနက်ရတယ်ဆိုတော့ ၀မ်းသာစရာပေါ့း))

chocothazin said...

လက်ဆောင် လာယူသွားတယ်။
လွင်တီးခေါင်နဲ့ ဆူးတွေဆိုတော့ ကန္တာရပင်မဟုတ်ပဲ
နှင်းဆီပန်းဆိုတော့ .... အင်းပေါ့လေ... ပစ်စရာမရှိအောင် လှပလွန်းတော့ မနာလိုပါဘူး။

ဇွန်မ said...

ဒီလိုဆိုရင် ကွန်နက်ရှင်ကောင်းတိုင်း ပို့စ်အသစ်တွေ ဖတ်လို့ရပြီပေါ့နော် ဝမ်းသာပါတယ် ကိုနွေဆူးး)

မြတ်မွန် said...

ရွာမှာ အင်တာနက်ရနေပြီဆိုတော့
နောက်ဆို စာတွေ များများတင်နိုင်ပီပေါ့..။

လသာည said...

ရွာမှာ အင်တာနက်ရနေပြီလား..။ ပျော်စရာကြီး..။

~ဏီလင်းညို~ said...

ကဗျာလေးကောင်းတယ်....ကိုနွေဆူး....
ရွာကနေ အများကြီးရေးပါဦးဗျာ.နော့်

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

win latt said...

၂၀၁၀ နိုင်ဝင်ဘာ ၁၃ ရက်နေ့
လွင်ပြင်တစ်ခုလုံး စိမ်းလမ်းနေကြောင်း
သိလိုက်ရတာ
အဝေးကနေ ဝမ်းသာမိပါတယ်ဗျ..
ရွာမှာလဲ လိုင်းမှန်မှန် တက်ပြီး မီးမပျက်ပါစေနဲ့
ဆုတောင်းပေးပါတယ်။