Sunday, September 5, 2010

မိုးပျံပူဖောင်း



“ မိုးပျံပူဖောင်းလိုကောင် !”

ကျနော့်သူငယ်ချင်းက လူတစ်ယောက်ကို ဆဲချင်ရင် အဲဒီလို ဆဲတတ်ပါတယ်။

“ မင်းဟာကလဲကွာ ... အဲဒါ ဆဲတာလား ? မိုးပျံပူဖောင်းဆိုတာ မိုးပေါ်ကို မြင့်မြင့်တက်နေတဲ့ အရာလေကွာ ... မင်းဆဲတာက ချီးကျူးသလို ဖြစ်နေပြီ ...”

ကျနော် မေးမိတော့ သူငယ်ချင်းက ပြောတယ် ...

“ မင်းဘာသိလို့လဲ ... မိုးပျံပူဖောင်းဆိုတာ သူ့အစွမ်းသတ္တိနဲ့သူ မိုးပေါ်ကို တက်နေတာ မဟုတ်ဘူး ... အထဲမှာ လေထက်ပေါ့တဲ့ ဓါတ်ငွေ့တစ်ခုခု ထည့်ထားလို့ မဟုတ်လား ...”

“ အေးလေ ... အဲလောက်ကတော့ ကလေးတောင် သိတယ် ...”

“ အေး ... အဲဒါ မိုးပေါ်တက်နေတာ မဟုတ်ဘူးကွ ... လေပေါ် ပေါလောပေါ်နေတာ ... မင်းစဉ်းစားကြည့် ... လောကကြီးမှာ သူလိုကိုယ်လို လေထဲမှာ မနေနိုင်ပဲ လေပေါ်ပေါလောပေါ်နေရလောက်အောင် ပေါ့ရွှတ်နေတဲ့ကောင်က ဘယ်ကလာပြီး အသုံးကျတော့မှာလဲ ... ဒီကြားထဲ လေနှင်ရာ လွှင့်လွှင့် သွားတတ်သေးတယ် ... မဟုတ်ဘူးလား ...”

အင်း ... သူဆဲတာလဲ ဟုတ်သလိုလိုပဲနော် ...။ ။

31 comments:

Aung Kyaw Min said...

အားပေးခဲ့ပါတယ် နွေဆူး
မိုးပျံပူဖောင်း လိုအလွယ်လိုက်ပြီးနေသူတွေက ဘယ်သူတွေလည်းနော်. ကျွန်တော့်အထင်က ..?

khun said...

သူ တွေးတာ မှန်တယ်

Anonymous said...

အတွေးလေးလှတယ်
နဲနဲ ဆက်ရှည်လိုက်ရင် ပိုအသက်
ဝင်သွားမလားလို့ပါ..(ဆန့်တငင်ငင်ကြီး):P

blackroze said...

ဟုတ်ပ...သူတွေးတာကမှန်လိုက်လေရှင်...

ကျမတို့အလုပ်မှာလဲမိုးပျံပူဖောင်းတွေက
များသား...တလွင့်လွင့်ဘဲ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်မိပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတယ်
အသုံးအနှုန်းလေး စိတ်ကူးကောင်းလိုက်တာ
မသိရင်တော့ အကောင်းတင်စားတယ်လို့ ထင်မယ်
တစ်ဖက်လူက ဘုမသိ ဘမသိ ခံလိုက်ရတတ်တဲ့ တင်စားမှုမျိုးပါလား.. သဘောကျသရှင်
အတော်စိတ်ကူးကောင်းတယ်..

ကိုဇော် said...

ဂွတ်ဗျာ..
တိုတိုထိထိလေးတွေ ရေးတဲ့ ကိုကိုဆူးပဲ..။
( အဲ...မိုးပျံပူဖောင်း နားတော့ သွားမထားနဲ့ပေါ့။ )

SHWE ZIN U said...

ကိုနွေဆူး ရေ

မိုးပျံပူဖောင်း လို လူစားတွေ အများကြီး ဒီတခါ ကျနော် ဆဲရင် အဲလို ဆဲတော့မယ် နားထောင်ရတာ ကောင်းတယ်နော့် ဟဲ မိုးပျံပူဖောင်း လိုကောင်မလေး သိပ်မပျံနဲ့ ငါက အောက်ကဟဲ့ လို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

kh said...

အင်း
အတွေးလေးက ကောင်းတယ်ဗျ
ပြောရင်းနဲ့ ကိုယ်တွေတောင်
မိုးပျံပူဖောင်းဖြစ်နေလား
စဉ်းစားရကျပ်သွားသေး....

ထက်သူရ

zue said...

ယဉ်ယဉ်ကျေးကျေးလေးနဲ့ ဆဲတာမျိုးပေါ့.. ဇူးတော့ မှတ်သွားပြီ... သဘောကျလို့..း)

ကြည်ဖြူပိုင် said...

ဟုတ်သလိုလိုပဲနော်

ယွန်း said...

တယ်ဟုတ်ပါလားးတွေးလဲတွေးတတ်ပ့ါ...

မြစ်ကျိုးအင်း said...

မိုးပျံပူဖောင်းလို ကောင်မလေးတော့ တွေ့ချင်သေး။ သူတို့ကလည်း ပေါလောမျော ကိုယ်ကလည်း မော့ငေးပေါ့။

သူလိုကိုယ်လို လေထဲ နေတာပဲ ကောင်းပါတယ်ဗျာ။

ခိုင်နုငယ် said...

အရောက်လာခဲ့ပါတယ်။ ကိုနွေဆူး
ဖတ်ပြီး နှစ်နှစ်ခြိုက်ခြိုက်ဖြစ်မိတယ်။
အတွေးလေးလှလိုက်တာ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ကိုအောင် said...

ကောင်းတယ်ဗျာ၊ ဒီနည်း မှတ်ထားအုံးမယ်။

မြတ်မွန် said...

ပေါ့နေ ပေါ့ပေါ့စား ဟုတ်ဘူးလား..။
သူတစ်ပါးအားကို အသက်ရှင်နေတာ..
ဟဲဟဲ တွေးကြည့်တာပါ။

မောင်မောင် said...

ဟောဗျာ သူ ကလဲ ဆဲတာ က စေ့စေ့တွေးမှ ရေးရေး
ပေါ်တာပဲ။
ကျေးဇူးပါ နွေဆူးလင်္ကာရေ။

အဖြူရောင်နတ်သမီး said...

လေပေါ်မှာ လွင့်မျောနေတာ မကောင်းဘူးလား
အိမ်လည်းဝယ်စရာမလိုဘူး..
ကားလည်း ဝယ်စရာမလိုဘူး...
အားလုံးကို အပေါ်စီးကနေ မြင်ရသေးတယ်..
ကိုမြစ်ပြောသလိုပေါ့...
အောက်ကနေလှမ်းကြည့်မယ့်အစား...
အပေါ်ကနေငုံ့ကြည့်ရတာ ပိုအန္တရာယ်ကင်းသလားလို့ပါ...ဟီးဟီး

poemflower said...

အရမ်းကောင်းတယ် မိုးပျံပူဖောင်းလိုလူတဲ့ Good !

လသာည said...

မိုးပျံပူဖောင်းကို အားကျတာမျိုးတော့ သိပ်မဖြစ်ပေမယ့် မြင့်မြင့်သွားတာကို ကြည့်ပြီး အမြင့်ကြီး ရောက်သွားပြီ ကောင်းလိုက်တာလို့တော့ တွေးဖူးတယ်။ နောက်ပြီး ဘယ်တော့ ပြန်ပြုတ်ကျမလဲတော့ အမြဲ တွေးကြည့်ဖူးတယ်။ သူက အချိန်မရွေးပြုတ်ကျနိုင်တာကိုး..။ သဘာဝက ဒဏ်ခတ်ပြီးသား...။

တိုတိုလေးနဲ့ အိုက်ဒီယာမိတယ်..။ သဘောကျသွားတယ်။

Dream said...

ွှ့မှန်လိုက်တာ။ လောကမှာ မိုးပျံပူဖောင်းလို လူတွေ အများကြီးပါလား...

Dream said...

ွှ့မှန်လိုက်တာ။ လောကမှာ မိုးပျံပူဖောင်းလို လူတွေ အများကြီးပါလား...

Anonymous said...

မိုးပျံပူဖောင်းလိုကောင် ....နည်းအသစ်ရပြီ ဟိဟိ
တခါတလေတော့လဲ ပေါ့ပေါ့ပါးပါး လေနှင်ရာ လွှင့်ချင်ရာ လွင့်ချင်သား... :)

သုခုမလေဒီ said...

ဟီးးးးးးးး

ဇွန်မ said...

အတွေးလေးကကောင်းတယ်နော်

သဒ္ဓါလှိုင်း said...

ကောင်းလိုက်တဲ့အဆဲလေးပဲနော်.။
အတွေးလည်းကောင်းပါ့...။
မိုးပျံပူဖေါင်းလိုလူတွေကဘယ်သူတွေပါလိမ့်...

ခင်မင်စွာ
သဒ္ဓါ

win latt said...

မိုးပျံပူဖေါင်းလိုလူ တဲ့လား...
အသစ်အသစ်တွေလဲ ရေးတတ်ပ..။

twinkle star said...

ဟုတ်ပါ့... အတွေးလေးကောင်းပါ့

မြသွေးနီ said...

တိုတိုလေးနဲ့ ထိတယ်..။
အဲ့လိုလူတွေ ရှိတယ်..။
မြသွေးနီရော...??
လေထဲမှာလား...???

ပန်းခင်းလေး said...

ဟုတ်ပါ့ နော် . .
အကိုတော်ပြောမှပဲ တွေးမိတော့ တယ်. .

ခင်မင်စွာနဲ့ 

ပန်းခင်းလေး

Younggun said...

ဒါမျိုးအတိုလေးတွေ စာအုပ်စုထုတ်သင့်ပြီနော..

အင်ကြင်းသန့် said...

ဖတ်ပြီး အားရပါးရ ပြုံးသွားတယ်။း)))