Sunday, August 22, 2010



ကျွန်တော်ရေးထုတ်လိုက်တဲ့ စာအုပ်ကြောင့် အတော်လေး ပွက်လောရိုက်သွားပါတယ်။ ကဲ့ရဲ့သံတွေ၊ ရှုတ်ချမှုတွေ၊ တွေဝေမှု၊ အံ့သြမှု၊ နားမလည်နိုင်မှုတွေ ဆူညံသွားပါတယ် ...

“အဓိပ္ပာယ်မရှိဘူး ... ဒါ စာပေ ဒဿနကို အရောင်ဆိုးတာပဲ ...”

“ဘယ်လိုကြီးလဲဟ ... ဒီကောင် အရူးလား? ”

တချို့ကကျ ဘာပြောရမှန်း မသိအောင်ကို ဖြစ်သွားကြပါတယ် ...

“ ......... .......... ...........”

သွက်သွက်လက်လက်ရှိတဲ့ ဂျာနယ်လစ်တစ်ယောက်ကတော့ အတော်လေး သည်းညည်းခံထားရတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ကို လာမေးပါတယ် ...

“ ဒီစာအုပ်ကို ဘာရည်ရွယ်ချက်၊ ဘယ်လို အကြောင်းကြောင့် ထုတ်လိုက်တယ်ဆိုတာ သိချင်ပါတယ်?”

ကျွန်တော် ခပ်တိုတိုပဲ ပြန်ဖြေခဲ့ပါတယ် ...

“ကျနော်တို့ နိုင်ငံမှာ အရမ်းလိုအပ်တဲ့ အရာတွေကို ရေးထုတ်လိုက်တာပါ ...”

ဂျာနယ်လစ်လည်း မှုန်ကုတ်ကုတ်နဲ့ ပြန်လှည့်ထွက်သွားတယ်။

ကျွန်တော့်ရဲ့ စာအုပ်ထဲမှာ ညီမျှခြင်းတွေက လွဲလို့ ဘာမှ ရေးမထားပါဘူး ။ ။

17 comments:

ချစ်ကြည်အေး said...

ကိုနွေဆူး....ပိုင်တယ်ဗျာ....တိုထိမိပဲ....:P

ကိုဇော် said...

သူတို့က ညီမျှခြင်းတွေကို ဘက်မှားကြည့်မိလို့ ဖြစ်ပါလိမ့်မယ်။

SHWE ZIN U said...

သြ လိုချင်တာက ညီမျှခြင်းလား

ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုနွေဆူးရဲ့ အိုင်ဒီယာတွေကို တကယ်လေးစားတယ်..
စာအရှည်ကြီးရေးပြစရာမလို၊ဖတ်တဲ့သူတွေကို မျက်စိညောင်းစရာမလိုအောင် တိုတိုနဲ့ ထိထိမိမိ ပြောနိုင်တယ် bravo!

သော်ဇင်စိုး said...

မိုက်တယ်ဗျာ.......

ယွန်း said...

ကိုနွေဆူး..အိုင်ဒီယာတွေ အရမ်းကောင်းတယ်..

Anonymous said...

= = = = = = =
ညီမျှခြင်းတွေ ချကြည့်သွားတယ်..
ထိမိလှတဲ့ ပို့စ်တစ်ပုဒ်ပါပဲ..

သုခုမလေဒီ said...

အတိုလေးနဲ့ အဓိပ္ပါယ်လေးနက်တယ် = equal တဲ့။
ဝေးနေတာတော့ကြာပီ..

မြတ်မွန် said...

အိုးးးးးးး
လိုနေတာ..
ညီမျှခြင်းတွေပေါ့..။
မိုက်တယ်..။

ညိမ်းနိုင် said...

အင်း ညီမျှမှုတွေလား...။

PhyoPhyo said...

အဲဒီစာအုပ် ဘယ်မှာ ၀ယ်လို့ရမလဲပဲ၊
တော်လိုက်တာ၊ မညီမျှခြင်းချတတ်တယ် :)

Younggun said...

ထိတယ် ထိချက်က ပြင်းတယ် ဒါပေမယ့် စာက ခပ်တိုတိုပဲ .. ဒါပေမယ့် ထိတာပဲ

win latt said...

ညီမျှခြင်းရှိမှတော့ မညီမျှခြင်းရှိတော့တာပေါ့။

သဒ္ဓါလှိုင်း said...

မညီမျှတဲ့သူ..ညီမျှခြင်းကိုနားမလည်တဲ့သူတွေကတော့
ညီမျှခြင်းဆိုတာကို ကြားချင်မှာတောင်မဟုတ်ဘူးနော်.။

ခင်တဲ့
သဒ္ဓါ

k2tmaung said...

သူတို့ မျက်စိရှေ့မှာ ကန့်လန့်စင်း ရုပ်ဆိုးဆိုး အမာရွတ်ကြီး ရှိနေတာကိုး...
အဲ့တော့ ညီမျှခြင်းတွေကို သူတို့ ကောင်းကောင်းမမြင်တတ်ဘူးလေ... :P

ညလင်းအိမ် said...

ညီမျှခြင်း ... ?????????
အင်း .. တကယ်ထိရောက်တယ်ဗျာ ..

အဖြူရောင်နတ်သမီး said...

မိုက်တယ်...ဦးလေး...
တကယ်လေးစားတယ်...