Monday, August 16, 2010

မီးပြတိုက်ရဲ့ အလွမ်းသီချင်း



လှိုင်းတွေ တသီတတန်းနဲ့ဆိုတော့
ငါ့ ရင်ခွင် အကန်းကလည်း
ကမ်းမမြင် လမ်းမမြင်ကို ငေးလို့ .....။

ငါက ဘယ်မှ မသွားခဲ့သလို
သူကလည်း ဘယ်မှ မသွားခဲ့ဘူး ...
အစကတည်းက ...
ငါ့တို့နှစ်ယောက်ကြား
ပင်လယ်တစ်ကမ်း ကောင်းကင်တစ်ခုစာ
ဝေးခဲ့ကြပြီးသားပါ။

ကောင်မလေးရေ ...
ငါက မုတ်သုံပြောင်းပြန်နဲ့ ကောင်ပါ
စိတ်တွေက လေနှင်ရာ လွှင့်လွန်းတယ် ...။

ခုတော့လည်း ...
ငါ့အိပ်မက်လေးကို လွတ်ချထားလိုက်ပြီ ...။

တေးမသီတော့တဲ့ ငှက်ကလေးလို ...
ဟိုး .... ခပ်ဝေးဝေးကို
ပျံ ... သန်း .... ရင်း .......
နေတတ်သလို နေဖို့ .......။ ။

18 comments:

ညလင်းအိမ် said...

ကောင်မလေးရေ ...
ငါက မုတ်သုံပြောင်းပြန်နဲ့ ကောင်ပါ
စိတ်တွေက လေနှင်ရာ လွှင့်လွန်းတယ် ...။


မိုက်တယ်ဗျာ .. သုံးထားတဲ့ စကားလုံး ...

ဇော် said...

စိတ်မကောင်းဘူး ကိုနွေဆူးရာ.........
ကျနော်ကော်ပီလိုက်မိပြန်ပြီ.... =)

ကိုဇော် said...

ဝါးးးးး
ဆရာ မင်းခိုက်စိုးစန် လား အောက့်မေ့ရတယ်။
တိုတိုထိထိမိမိ ရေးနိုင်ပါပေတယ်ဗျာ။

Anonymous said...

ပင်လယ်တစ်ကမ်း ကောင်းကင်တစ်ခုစာတဲ့
လှလိုက်တဲ့ အသုံးလေး..
အင်းပေါ့လေ...တော်လို့ကျော်တာ
ဆန်းဘူးလေ...နော့

ချော(အစိမ်းရောင်လွင်ပြင်) said...

မီးပြတိုက်က သီချင်းအဆိုလဲကောင်းသား
လွှတ်ချလိုက်တာလဲ တစ်မျိုးတော့ကောင်းတာပါဘဲ
မပူလောင်ရတော့ဘူး..
လွှတ်ချမိတာတွေများပြီ။

သော်ဇင်စိုး said...

လှတယ်ဗျာ.. စိတ်တွေက လေနှင်ရာလွှင့်လွန်းတယ် အိပ်မက်လေးကို လွတ်ချလိုက်ရင် အသက်ပါ ပါမသွားနိုင်ဘူးလား.. ဖြစ်နိုင်ပါတယ်လေ.. အိပ်မက်ကလည်း ပင်လယ်တွေ ခြားနေလို့ ကျင့်သားရသွားတာလည်းဖြစ်နိုင်တာပဲ..
လေးစားစွာ....

အဖြူရောင်နတ်သမီး said...

တကယ်ပဲစိတ်လျှော့လိုက်ပြီလား ဦးလေးရေ...
နေတတ်သလိုနေတော့မယ်ပေါ့...

Anonymous said...

တေးမသီတော့တဲ့ ငှက်ကလေးလို ...
ဟိုး .... ခပ်ဝေးဝေးကို
ပျံ ... သန်း .... ရင်း .......
နေတတ်သလို နေဖို့ .......။ ။
ဒါဆို အိပ်မက်တွေကို တကယ်လွှတ်ချလိုက်တာပဲ ဖြစ်ရမယ်..

TYZ said...

ကဗျာလေးက ကောင်းလို့ ဘာပြောရမှန်း သိတော့ဝူး။ ကောင်းတယ်လို့ပဲ ပြောတော့မယ်နော်။ များများရေးနိုင်စေ.....။

blackroze said...

ဝေးဝေးကိုပျံသန်းနေရင်းနဲ့
နားခိုရမဲ့ရင်ခွင်တစ်ခုတွေ့ရှိပါစေလို့
ဆန္ဒပြုပါတယ်နော်...

mabaydar88 said...

ဟိုင်း ကိုနွေဆူးရေ..

တခုမေးမလို့.. မုတ်သုံမိုးရော မှန်လို့လား.. ပါကစ္စတန်မှာ ဖြစ်နေတာကြည့် ရင်ကွဲစရာကြီး ..။

ကို နွေဆူးရော ရင်ကွဲစရာတွေ ကြုံနေလား.. ပျောက်ပါစေသတည်းလို့.. ။

မဗေဒါ (၈၈)

ခိုင်နုငယ် said...

ကောင်မလေးရေ ...
ငါက မုတ်သုံပြောင်းပြန်နဲ့ ကောင်ပါ
စိတ်တွေက လေနှင်ရာ လွှင့်လွန်းတယ် ...။
တိုတိုနဲ့ထိထိမိမိလေးပါပဲ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

အုပ်ကြီး said...

သြော် ..လွမ်းတတ်လိုက်ကြတာ..
ူမီးပြတိုက်ကိုတောင် ..သနားလာမိတယ် ..

လေးစားခင်မင်လျှက်
အုပ်ကြီး

မြစ်ကျိုးအင်း said...

ဟုတ်တယ်ဗျာ
မုတ်သုန်ရာသီက ရင်ထဲမှာလည်းပြောင်းပြန်
အပြင်မှာလည်းပြောင်းပြန်ဖြစ်နေလို့
ရာသီဥတုဖောက်ပြန်နေတာ ကြာပါပြီဗျာ

ကြည်ဖြူပိုင် said...

:)
မရောက်တာကြာလို့လာခဲ့လိုက်တာ
ဒီရောက်တော့အလွမ်းသီချင်းနဲ့တိုးနေတယ်ကော

ပျော်ပါစေနော်

မောင်မောင် said...

နွေဆူး ရေ ကဗျာလေး ကိုကြိုက်တယ်ဗျာ။
အမြဲအားပေးလျှက်ပါနော်။
ကိုမောင်မောင်

Younggun said...

ကဗျာခံစားချင်တိုင်း ဒီဘလော့ဂ်ဆီ ရောက်ပါတယ် ပညာသားမပါ.. ရိုးသားမှုနဲ့ အနုပညာကို တွေ့ရတတ်လို့..

Unknown said...

ကိုနွေဆူးကဗျာတွေအမြဲစောင့်ဖတ်ဖြစ်ပါတယ် .. နှစ်သက်လို့ .. အဆင်ပြေပါစေ ။