Wednesday, August 11, 2010

သူငယ်ချင်းရေ .. ဘာရယ်မဟုတ်ဘူး


နိဒါန်း

ဟိုးရှေးရှေးတုန်းက .........

စာကိုယ်

ကိုယ်စောင့်နတ်ကလေး ခါရာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။ အကြောင်းကတော့ သူ့သခင် နွေဆူးလင်္ကာ အပျင်းကြီး၍ ဘာစာ ဘာကဗျာမှ မရေးသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် ကိုယ်စောင့်နတ်ကလေး ခါရာ ရေရွတ်လိုက်သည် .....

“တောက် ! ဒီလူ အပျင်းကြီးပြီး ဘာစာမှ မရေးပဲနဲ့ အဟောင်းကြီးကို အသစ်လိုလိုနဲ့ ပြန်တင်ထားတာ သူမရှက်ပေမယ့် ... ငါ ရှက်တယ်” (မှတ်ချက်။ ။ တစ်ခါတည်းပါ။ အရင်တင်ထားတဲ့ ကံကြမ္မာအတုက အဟောင်းကြီးဗျ။ ဘာမန့်မှ မရလို့ အသစ်လိုလို ပြန်တင်ထားတာ ... ဟီး ဟီး)

ထိုစဉ် ....
ဖောက်ကနဲ အသံနှင့်အတူ ခါရာ့ဘေးသို့ နတ်တစ်ပါး ပေါ်လာလေသည်။

“ ..... ..... ..... ..... ”

ခါရာ။ ။ “ဟင် ... နင် ... နင် ဘယ်လို ရောက်လာတာလဲ? သူ သူ .. မြန်မာပြည် ပြန်ရောက်လာပြီလား?”

ထို ကိုယ်စောင့်နတ်မလေး၏ အမည်မှာ ဗာဒေ ဖြစ်ပါသည်။ ခါရာ့သခင် နွေဆူးလင်္ကာ၏ သူငယ်ချင်းမလေးတစ်ယောက်ကို စောင့်ရသော ကိုယ်စောင့်နတ်မလေးဖြစ်ပါသည်။

ဗာဒေ။ ။ “ဘာတွေ လျှောက်ပြောနေတာလဲ? မရောက်ပါဘူးဟာ”

ခါရာ။ ။ “ဟင် ... ဒါဆို ... နင်က ဘယ်လိုရောက်လာတာလဲ? လေယာဉ်နဲ့လား?”

ဗာဒေ။ ။ “ဟဲ့ ... နတ်ဟဲ့ နတ် ... ဘယ်က လေယာဉ်စီးစရာ လိုမှာလဲ”

ခါရာ။ ။ “အေး ... ဟုတ်သားပဲ ... ထားတော့ဟာ နင်လာတာ ဘာကိစ္စလဲ?”

ဗာဒေ။ ။ “အောင်မယ် ... နင့်ဆီကို ငါက ကိစ္စမရှိပဲ လာရမှာလား?”

ခါရာ။ ။ “အေး ... အဲဒါတော့ ဟုတ်တယ် ... ဒါဆို ဘာကိစ္စလဲ?”

ဗာဒေ။ ။ “ငါ့သခင်မရဲ့ မွေးနေ့ နီးပြီလေ ... အဲဒါ နင့်သခင် မွေးနေ့လက်ဆောင် တစ်ခုခု ရေးရအောင် လာသတိပေးတာ”

ခါရာ။ ။ “အဲဒါ ငါသိတယ် ... သတိလည်း ရတယ် ... ခက်တာက နင့်သခင်မက ငါ့သခင်ကို စကားမပြောဘူးဟ ... အဲဒါကြောင့် ငါ့သခင်က ရေးရခက်နေတယ် ”

ဗာဒေ။ ။ “အေး ... ဟုတ်တယ် ... ဒါပေမယ့် ... မရေးလို့ မရဘူး ... ရေးကို ရေးရမယ် ... အဲဒါ နင့်မှာ ဘာအကြံရှိလဲ?”

ခါရာ။ ။ “ဒီလိုလုပ် ... အရင်ဆုံး နင့်သခင်မက ငါ့သခင်ကို စကားပြောအောင် လုပ်မယ် အဲဒါမှ ငါ့သခင်က နင့်သခင်မကို မွေးနေ့လက်ဆောင်ပေးဖို့ တစ်ခုခု ရေးလာလိမ့်မယ်”

ဗာဒေ။ ။ “အေးဟ ... အဲလိုပဲ ကြိုးစားကြည့်တာပေါ့”

ထို့နောက် ခါရာနှင့် ဗာဒေတို့သည် အိပ်မက်နတ်သမီးထံ သွားရောက်၍ ဗာဒေ၏သခင်မအား အိပ်မက်တစ်ခုခု ပေးရန် စီစဉ်ကြလေသည်။

အိပ်မက်နတ်သမီး။ ။ “ဘယ်လို အိပ်မက်မျိုး ပေးစေချင်လဲ?”

ဗာဒေ။ ။ “နွေဆူးလင်္ကာနဲ့ ပတ်သက်တာ တစ်ခုခုပေါ့”

အိပ်မက်နတ်သမီး။ ။ “အင်း အင်း ... ဟုတ်ပြီ ... ဒီနေ့ည ပေးလိုက်မယ်”

(ဘယ်လို အိပ်မက်လည်းတော့ ကျနော်လည်း မသိဘူး။ သူကလည်း ပြောမပြဘူး သတ်ချင်သတ်ပစ်လိုက်လို့ ပြန်ပြောတယ်ဗျ :-)

ဤသို့ဖြင့် နောက်တစ်နေ့တွင် ........

သူငယ်ချင်း။ ။ “ .............. ............ ”

နွေဆူးလင်္ကာ။ ။ “ ............... ............ .........”

သူတို့ အရင်အတိုင်း သူငယ်ချင်း အစစ်များ ပြန်ဖြစ်သွားကြလေသည် ...။

ထို့ကြောင့် နွေဆူးလင်္ကာက ထိုသူယ်ချင်းမလေးအတွက် ဤဝတ္တုအား မွေးနေ့လက်ဆောင်အဖြစ် ရေးပေးလိုက်လေသည်။

နိဂုံး

ပြီးပါပြီ ..................
ဒန် တန့် တန် ...........။ ။

(မှတ်ချက်။ ။ ဆရာနီကိုရဲ၏ နတ်ငယ်အား အခြေခံပါသည်။)


22 comments:

may16 said...

ဘယ်သူ့မွေးနေ့လည်း ကိုနွေဆူး . . . ဘာပဲပြောပြော ဖတ်လို့ကောင်းတယ် :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုနွေဆူးမွေးနေ့လား
ဒီလိုဆို ပျော်ရွှင်ချမ်းမြေ့သော မွေးနေ့ဖြစ်ပါစေ
ဘ၀တစ်လျှောက်လုံး ဆန္ဒအားလုံးပြည့်ဝပါစေ။
စိတ်သွားတိုင်းကိုယ်ပါ ကျန်းမာချမ်းသာပါစေရှင်။

သော်ဇင်စိုး said...

အိပ်မက်နတ်သမီး ကျွန်တော်ကို ပြောပြပါလား.. ကျွန်တော်လည်း အိပ်မက်တစ်ခု မက်စေချင်လို့..
ပြီးတော့.. ဗာဒေ ရဲ့သခင်မလေးကလှလား.. :)

အဖြူရောင်နတ်သမီး said...

နဂါးမလေးကိုပြောတာလား...
ဟားဟား..
ခေါ်သွားပြီပေါ့..

ခိုင်နုငယ် said...

ကိုနွေဆူး..မွေးနေ့လား?
မွေးနေ့ဆို..ဟက်ပီးဘက်ဒေးပါ...
မွေးနေမှသည်..နောင်နှစ်ပေါင်းများစွာထိ
ပြီးပြည့်စုံသောဘ၀ကိုပိုင်ဆိုင်နိုင်ပါစေ။



ခင်မင်စွာဖြင့်
ခိုင်နုငယ်

ကိုဇော် said...

သြသြ...ဂလိုကိုး...

ယွန်း said...

ဘယ်သူ့ မွေးနေ့ လဲမသိ..
ကိုနွေဆူးမွေးနေ့ ဆို၇င်တော့
မွေးနေ့ မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးသွားတယ်

ခင်တဲ့
ယွန်း

နွေဆူးလင်္ကာ said...

may16; ဗာဒေရဲ့ သခင်မလေး ကျနော့်သူငယ်ချင်းရဲ့ မွေးနေ့ပါ
ချော; ကျနော့်မွေးနေ့ မဟုတ်ပါဘူး ... ဆုတောင်းတဲ့အတိုင်း မွေးနေ့ရှင်ကို ပြောလိုက်ပါ့မယ်
သော်ဇင်စိုး ; လှတယ်ဗျ ဟီးဟီး
ဂျီးတော် ; ဟုတ်တော့ဟုတ်တယ်ဗျ ဒါပေမယ့် ဂျီးတော်ထင်သလို မဟုတ်ပါဘူး ရိုးသားပါတယ်
ခိုင်နုငယ် ; ကျနော့်မွေးနေ့ မဟုတ်ပါဘူး .. မွေးနေ့ရှင်အတွက် ဆုတောင်းပေးလို့ ကျေးဇူး
ကိုဇော် ; ဟုတ် ဂလိုပါ
ယွန်း ; ကျနော့်မွေးနေ့ မဟုတ်ပါဘူး ... ကျနော့်သူငယ်ချင်းမွေးနေ့ပါ .. ပျော်ရွှင်ပါတယ် ကျေးဇူး ...

blackroze said...

မင်္ဂလာရှိသောမွေးနေ့ဖြစ်ပါစေလို့
ဆုတောင်းပေးပါတယ်ရှင်.

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြန်လာဆုတောင်းပေးတယ်
ကိုနွေဆူးရဲ့ သူငယ်ချင်းလေး ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ကိုပိုင်ဆိုင်ပါစေ..
သူငယ်ချင်းချောချောလေးဖြစ်မယ်ထင်ပါတယ်နော်..း)

mabaydar88 said...

မောင်နွေဆူးရေ..

ဖတ်သွားတယ်.. ရေးတာ ကောင်း၏.. အဲလိုနဲ့ပဲ သူငယ်ချင်းမလေးတွေကို လက်ဆောင်ပေး သူတို့သဘောကျလေသတည်းပါကွယ်..။ (အထင်ပြောတာ..ဟဲ..)

မဗေဒါ (၈၈)

Mhu Darye said...

ပိုင်တယ်ကွာ..

ကြိုက်တယ်။
း)

မှူးဒါရီ

SHWE ZIN U said...

သူငယ်ချင်း မလေး မွေးနေ့ ဖြစ်ဖြစ် ဆုတောင်းပေးပါတယ် Happy Birthday ပါ

ခင်တဲ့
ရွှေစင်ဦး

ပိုးဟပ်လေး said...

ဗာဒေ.... ဗေဒါ...????

strangemask said...

အဟဲ ဒါလေးကို ဖတ်ကြည့်ပြီး အကြံရသွားပြီ နောက်ဆို သူငယ်ချင်းတွေ မွေးနေ့ကို ဒီလိုပဲ ပို့စ်လေးရေးပြီးပဲ လက်ဆောင်ပေးရရင် တော်တော် သက်သာမယ်ဗျ အဟီး..

သူကြီးမင်း (တုံးဖလား) said...

လုပ်လှချည်လားဗျ။

အားလုံးကောင်းပါတယ်။ ဒါပေမဲ့ နိဒါန်းနှင့်နိဂုံးကိုတော့ အကြိုက်ဆုံးဘဲ။ ဟာ ဟ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သုခုမလေဒီ said...

ဟင်..
ဒါလားမွေးနေ့လက်ဆောင်းဝ

မင်းတာရာ said...

သွားပါများ ခရီများရောက်မလားဆိုလို့ 
လက်ချောင်းလေးတွေအားကိုးပြီး ဘဘောက်ခရီးခြေဆန့် ခဲ့ပါတယ် အင်း...ဗဟုသုတရစရာတွေက တကျယ်တပြန့် ကြီးပါပဲ။
Thank U.

ညလင်းအိမ် said...

ဖတ်လို့ကောင်းတယ်ဗျ ... ကျွန်တော်လည်း ပြောခိုင်းကြည့်မှပဲ ...
ဟဲဟဲ .. ကိုယ့်အတွေးနဲ့ ကိုယ်နော် ..

k2tmaung said...

မိုက်၏...
Idea တွေကို အမြဲ ကြိုက်၏...
အရေးအသားတွေကို အမြဲ ခိုက်၏...

သူငယ်ချင်း မွေးနေ့မှာ လက်ဆောင်ပေးတာဆိုတော့ သူငယ်ချင်းလည်း ပျော်ရွှင်မှာပါ... :)

Unknown said...

fri ...

very nice post .. :) :) :) .. who is she? I know her? :) :) :)

shwe thae

Unknown said...

fri ...

very nice post ... really like :)
who is she? i know her?