Friday, August 6, 2010

ကံကြမ္မာ အတု



ညတစ်ည ... ကွင်းပြင်ကျယ်ထဲမှာ မိုးပေါ်ကို ခဲနဲ့လှမ်းလှမ်းပစ်နေတဲ့ ကောင်လေးတစ်ယောက်ကို အဘိုးအိုက နားမလည်နိုင်စွာ မေးလိုက်တယ်။

"လူကလေးရယ်... ဘာအကျိုးရှိမှာမို့ မိုးပေါ်ကို ခဲနဲ့ လှမ်းပစ်နေရတာလဲ?"

ကောင်လေးကလည်း ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့လေသံနဲ့ ပြန်ဖြေပါတယ်။

"ကျွန်တော်က ယောက်ျားတံခွန် လူရည်ချွန်ဆိုတာမျိုးလေ ... အဲဒါ ကြယ်ကိုလှမ်းဆွတ်နေတာပေါ့ ... ရမှာပါ ..."

တိုက်တိုက်ဆိုင်ဆိုင်ပင် ခဲတစ်လုံးပစ်အပြီး မကြာမီ ကြယ်တစ်စင်း ကြွေကျသွားသည်။ ကောင်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် အဘိုးအိုကို လှည့်ကြည့်ကာ ...

"မြင်လား အဘိုး ... ၊ အဘိုးက ကျွန်တော့်ကို တော်တော်အထင်သေးတာပဲ .. အင်းလေ... အဘိုးတို့ငယ်ငယ်က ကျွန်တော့်လို မတော်ကြတော့ ကျွန်တော် တော်တာကို အဘိုးတို့ ဘယ်ယုံကြည်နိုင်ပါ့မလဲ..."

ပြောပြီး ကောင်လေးလှည့်ထွက်သွားသည်။ အဘိုးအို ဆက်ပြောသော စကားကိုတော့ ကြားမသွားပါချေ။

"အင်း ... ကံကြမ္မာဆိုတဲ့ နားကန်းကောင်ကလည်း လူမိုက်ကို မြှောက်ထိုးပင့်ကော် လုပ်ပေးတတ်ပါလား"။ ။

14 comments:

ချစ်ကြည်အေး said...

တိုတိုလေးနဲ့ ထိမိအောင်ပြောထားတဲ့ ဝတ္ထုလေးပါ သဘောကျပါတယ် ကိုနွေဆူးရေ....

သူကြီးမင်း (တုံးဖလား) said...

အင်း... ကြုံရင်တော့ အဲဒီလို ပစ်ကြည့်ဦးမှ....

ယွန်း said...

တိုပေမဲ့ အဓိပါယ်ကို ထိထိမိမိပေါ်လွင် စေတယ်..
ကြိုက်တယ်...

ချော(အစိမ်းရောင်လွင်ပြင်) said...

လူမိုက်ကို မြောက်ထိုးပင့်ကော်လုပ်တာ
ကံကြမ္မာတင်မကပါဘူး..
ကျန်တာတွေလဲ ရှိသေးတယ်..

Younggun said...

ကျွန်တော် ပြောဖူးပါတယ်.. ကိုနွေဆူးရေးတိုင်း ဆရာတာရာမင်းဝေကို သွားသွား သတိရတယ်ဗျာ။ ဥပမာ... ကျွန်တော်တူးဖော်ခဲ့သော မြေစိုင်မြေခဲများ တို့.. အဲလိုမျိုး ခံစားရတယ် ထပ်တူဆိုတာထက် တစ်မျိုးတမည် ထိရှတယ်

blackroze said...

တိုတိုလေးနဲ့ထိမိတဲ့စာတပုဒ်ပါဘဲ...

ဇော် said...

စဉ်းစားစရာပဲဗျာ...

အေးလေ.. အဲ့ဒါ နွေဆူးလင်္ကာဆိုတဲ့ ဒီအကိုရဲ့ ပြည့်ဝတဲ့ အရည်အချင်းပါပဲ....

ဒါ့ကြောင့်သူက ကျနော့်ဖေးဗရိတ်ဖြစ်လာခဲ့တာ... =)

တီချမ်း said...

လာတွေးသွားတယ်ဟေ့
မိုက်တယ်
တိုတယ် ဒါပေမယ့် ထိတယ်
ဝတ္ထုတိုထက်တောင် ပိုတိုနေသေးသလိုပဲ
ဦးဝင်းငြိမ်းရဲ့ ဝတ္ထုတိုဆိုတာ ဘယ်လောက်ထိတိုရမလဲ ဘတ်ထားတဲ့ တီတောင် ဒီလောက်တိုရင် ဝတ္ထုတို ပဲလား လို့ တွေးမိတယ် ဒါပေမယ့် မိုက်တယ်

မိုးစက်အိမ် said...

ကောင်းပါ့ဗျာ တိုတိုလေးနဲ့ ထိထိမိမိ
ရှိပါ့ လောကမှာအလိုအကြောင်းအရာ
တွေလည်း ဒုနဲ့ ဒေး ပါဘဲဗျာ အဘိုးအို
စကားကို ကောင်လေးကြားမသွာတာ
ကရော ကံကြမ္မာဘဲလားဗျာ . . .

မေအိ said...

မနေ့ညကတောင် အိမ်မှာ မီးပျက်လို့ အိမ်ရှေ့ ထွက်ထိုင်ပြီး မော့ကြည့်နေတုန်း ကြယ်လေး တလုံးကြွေတာ မြင်လိုက်သေးတယ် ကိုနွေဆူး လက်ချက်တော့ မဟုတ်ပါဘူးနော် :)

ကိုဇော် said...

ကြိုက်တယ်ဗျာ။

ဖိုးဂျယ် said...

မိုက်တယ် ပြောချင်တာကို ထိထိ မိမိ ရှိတယ်။

ညလင်းအိမ် said...

ရေးထားတာ ကောင်းတယ် .. ချီးကျူးပါတယ်ဗျာ ...

k2tmaung said...

တို့နိုင်ငံမှာလည်း အဲ့လိုတွေ ရှိတယ်... ဟီး... :P
အားပေးသွား၏...