Sunday, August 1, 2010

ကဗျာ မဆန်တဲ့ ကဗျာ


ငါ့ရဲ့ ကစားပွဲတိုင်း အရှုံးတွေချည်း ထပ်ခဲ့
ဒါပေမယ့် .... အခွင့်သင့်ရင်
ဝှက်ထားတဲ့ စပိတ်တစ်ကို ထုတ်အသုံးချချင်တယ် ...
လှည့်ဖြားတတ်တဲ့ ကံကြမ္မာကို
တခါတလေတော့ ပြန်ပြီး ကောက်ကျစ်သင့်တယ်လေ။

ဒီလိုနဲ့ ... လဲကျနေတဲ့အထိ
ကံဇာတာက တက်မလာဘူး .....
အတိတ်တစ်ခုလုံးလည်း မှောင်လှပြီ။

နောင်တတွေနဲ့ မွန်းကျပ်ဖူးပါရဲ့ ....
အဲဒီလွတ်လပ်မှုတွေကိုပဲ အပြစ်တင်ရင်း
မဖြေချင်တဲ့ မေးခွန်းကို
ထပ်ခါတလဲလဲ ဖြေနေရ .....။

တကယ်ဆို ဒီနေရာက ထွက်သွားသင့်ပြီ
ငါဘာကို ကြောက်နေတာလဲ?
လောကမှာ ဘာကို ကြောက်လို့ ကြောက်ရမှန်းမသိတာ
ကြောက်စရာ အကောင်းဆုံးပဲ။

အတ္တကြီးလွန်းတဲ့ လူတွေကို ငါမုန်းတယ်။

မှန်အမြဲကြည့်နေတဲ့ လူတွေကို ငါမုန်းတယ်။

ကယ်တင်ရှင်ယောင် ဆောင်တဲ့ လူတွေကို ငါမုန်းတယ်။

သေချာတာကတော့ ...
လူမဆန်တဲ့ လူတွေကို ငါ မုန်း တယ်။ ။

16 comments:

sosegado said...

လူမဆန်တဲ့လူ တွေကို မုန်းပြီး သနားသင့်တယ်

လသာည said...

လူမဆန်တဲ့လူတွေကို မုန်းတယ်..
ဒါပေမယ့်လည်း မစွန့်ခွာနိုင်သေးဘူး...
ကိုယ်တိုင်ကလည်း တခါတခါ လူမဆန်တဲ့လူ ဖြစ်ဖြစ်နေသလားလို့ပါ..

သော်ဇင်စိုး said...

လူမဆန်တဲ့ ကောင်တွေအတွက်တော့ စပိတ်တစ် သုံးသင့်တယ်ဗျာ.. လက်သီးတစ်ချက်ဟာ ဥပဒေထက် ပိုပြင်းတယ်ဆိုတဲ့ စကားဟာ သူတို့လို လူစားမျိုးတွေအတွက်လို့ ကျွန်တော်ထင်တယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်တုန်းက ဖဲခိုးထားပါလိမ့်း)
ကဗျာမဆန်တဲ့ ကဗျာလေးကို ကဗျာဆန်ဆန် ဖတ်သွားပါတယ်..
လူမဆန်တဲ့သူတွေကို မုန်းတယ်ဗျာ

maylay said...

ကိုနွေ လူမဆန်တဲ့လူတွေကို မုန်းတယ်တဲ့လား။ ကိုယ်တွေလည်း တခါတခါ လူမဆန်သောလူ ဖြစ်နေတတ်တာပဲနော်။ ကိုယ်တော့ လူမဆန်တာကို မုန်းဖို့ထက် ကိုယ်တိုင်လူဆန်လိုက်တာကိုပဲ ကျေနပ်တယ်။ သူတို့ကိုတော့ သနားတာပါပဲ။

သဒ္ဓါလှိုင်း said...

လူမဆန်တဲ့လူတွေကိုအမုန်းဆုံးပဲ...

ခင်တဲ့
သဒ္ဓါ

မောင်ပါလ said...

ကဗျာဆရာရေ......... ကျနော်ကတော့ဝှက်ထားတဲ့ တစ်ဖဲကိုထုတ်မရှိုးတော့ဘူး။ အပေါ်မှာက ကိုးဖဲနဲ့ ကင်းဖဲဖြစ်နေလို့ :)။

Anonymous said...

မှန်အမြဲကြည့်နေတဲ့လူတွေကို ငါမုန်းတယ်
ကယ်တင်ရှင်ယောင်ဆောင်တဲ့ လူတွေကို ငါမုန်းတယ်..
ဟုတ်တယ် မုန်းတယ်.. လူမဆန်တဲ့လူတွေကို မုန်းတယ်.. လူသားသိပ်ဆန်လွန်းတဲ့ လူတွေကိုလဲ မုန်းတယ်..
ဒါပေမဲ့ ကဗျာမဆန်တဲ့ ကဗျာကောင်းလေးကို ဖတ်သွားတယ် ကိုနွေဆူးရေ..

ဇော် said...

အဲ...
ပေါက်ကွဲကုန်ပြီ... =)

သူကြီးမင်း (တုံးဖလား) said...

မှန်အမြဲကြည့်နေတဲ့သူတွေကို ငါမုန်းတယ်တဲ့။

ဧကန္တတော့ တစ်ခုခုဘဲ။

အဲဒီလို ပေါက်ကွဲပစ်တာ ကောင်းတယ်။

Unknown said...

နွေဆူး ဘာတွေပေါက်ကွဲနေတာလဲ..း) နှင်းဆီဖြူတို့ကတော့ စိတ်ညစ်စ၇ာတွေ့တိုင်း အကောင်းဖက်က လှည့်တွေးကြည့်တယ်..း) လူဆိုတာ နောင်တရစရာတွေနဲ့ တွေ့ရမှာပဲ.. မထူးဆန်းပါဘူး... လူမဆန်တဲ့လူတွေကို အရေးကို စိုက်မနေနဲ့ ကိုယ်ဘဝအတွက် အရေးပါတာ သူတို့မှ မဟုတ်တာ.. ကိုယ့် မိဘဆွေမျိုးနဲ့ သူငယ်ချင်းတွေ အတွက် လူဆန်ဆန်နေတတ်ဖို့က ပိုအရေးကြီးတယ်..

SHWE ZIN U said...

လူမဆန် တဲ့ လူတွေ ကို ငါမုန်းတယ် ဆိုတော့ ဧကန်န မြန်မာပြည် ပြန် ရောက်နေပြီထင်တယ် ကိုနွေဆူး ကြီးရေ

လင့်ခ် ပြောင်းချိတ်ထားပေးအုန်းလေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး
အခုမှ စာတွေ ဖတ်သွားတယ်

မိုးယံ said...

လူမဆန်တဲ့ လူတွေကို ။ အင်း ဘာပြောရမလဲ။
ပြောကိုမပြောချင်တော့ပါဘူးဗျာ

သုခုမလေဒီ said...

တစ်ခုခုတော့ တစ်ခုခုပဲ !

ခိုင်နုငယ် said...

ကဗျာ..မဆန်တဲ့ကဗျာလေးကိုပဲ
ကဗျာဆန်ဆန်နဲ့အရောက်လာ
ဖတ်သွားပါတယ်။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ဆည်းဆာသံစဉ် said...

လူဆိုတဲ့ လူတွေကိုတော့ ပြောရတာခက်သားဗျ ။ အောက်က ၀ှက်ထားတာ စပိတ်တစ်ဆိုရင်တော့ ကျနော် ပြေးပြီဗျာ ။ ဆက်လိုက်နေရင် ကုန်တော့မှာ ..ဟီးဟီး ။ ကျနော်ကတော့ လူဖြစ်ပြီး လူချင်းမစာနာတဲံ သူကိုတော့ ရွံတယ်ဗျာ ။ ပျော်ရွှင်ပါစေ ကိုနွေဆူးရေ..။ အားပေးခင်မင်လျှက်..