Sunday, July 25, 2010

မသေကောင်း မပျောက်ကောင်း အဘရယ်



ကျနော့် မျက်စိရှေ့တင် လူတစ်ယောက် အက်ဆီးဒင့် ဖြစ်ပြီး ဆေးရုံရောက်သွားတယ်။ ကျနော့် ပယောဂလည်း မကင်းဘူးဆိုတော့ စိတ်မကောင်း ဖြစ်မိတာပေါ့။ ဖြစ်ပုံက ဒီလိုဗျ။

ကျုံးဘေး ၂၆လမ်း၊ အနောက်ကနေ အရှေ့ကို အသွား ၇၈လမ်းထောင့်ကျ မီးပွိုင့်မိလို့ ရပ်နေတုန်း ကျနော့်ဆိုင်ကယ်ဘေးမှာ ဆိုင်ကယ်တစ်စီး လာရပ်တယ်။ တောက အဘကြီးတစ်ယောက်ထင်ပါတယ်။

အဲဒီအချိန်မှာ တခြားဆိုင်ကယ်တွေ ကားတွေ ညာဘက် ၇၈လမ်းထဲကို ဝှီးကနဲ ဝှီးကနဲ ကွေ့မောင်း သွားကြတာပေါ့။ အဲဒီတော့ အဘကြီးက ...

“ဟ ... မီးနီနေတာတောင် ဒီကောင်တွေ မရပ်ပဲ ကွေ့သွားကြပါလား ...”

ကျနော်ကိုက မနေနိုင်မထိုင်နိုင် ဝင်ပြောမိတာပါ ...။

“အဲဒီလမ်းက မီးနီလည်း ကွေ့လို့ရတယ်လေ ... GIVE WAY ...”

“ဟေ ! ဟုတ်ဟ ... အဲဒါဆို ငါလည်း သွားပြီဟေ့ ...”

အံ့သြတကြီး ဝမ်းသာအားရနဲ့ ကွေ့သွားလေရဲ့။ ကျနော့်စိတ်ထဲ ထင့်ကနဲ ...။

အဲဒီနေ့ အဲဒီမီးပွိုင့်မှာပဲ အဲဒီအဘကြီးကို ပြန်တွေ့ရလေရဲ့။ ဒီတစ်ခါတော့ အရှေ့ကနေ အနောက်ကို မောင်းလာတာပါ။ ကျနော့်စိတ်ထဲ ထင့်ကနဲ ...။

ကျနော့်ဘေးကနေ အဲဒီအဘကြီး မီးနီဖြတ်မောင်ပြီး ၇၈လမ်းထဲ အကွေ့ ......

“ ဒုန်း ” ...... “ဟာ ! တိုက်ပြီဟေ့”

“ ရွှီ ” ..................

“မီးနီဖြတ်မောင်းတာ .... တိုက်ပြီဟေ့ ...”

လမ်းထဲက ထွက်လာတဲ့ ကားနဲ့ တိုက်ကြပါလေရော ....။

ကျနော် တကယ် စိတ်မကောင်းပါဘူး။ ကျနော်ကိုက မနေနိုင် မထိုင်နိုင် ဝင်ပြောမိတာကိုး ....။ ။

17 comments:

သော်ဇင်စိုး said...

အားဗျာ........ တကယ်စိတ်မကောင်းဘူးဗျာ... ကိုနွေဆူး ဆက်ကူညီခဲ့သေးတယ်မဟုတ်လား.. ဆေးရုံကိုသွားပါဗျာ..

အရုပ်ကလေး said...

ကိုယ်နဲ့ သက်ဆိုင်တယ်လို့ ယူဆပေမဲ့
အားလုံးနားလည်တဲ့ .... ဖြစ်ချိန်တန်လို့ဖြစ်တာပါ ..။
လူမှုနယ်ပယ်မှုအရ အကျိုးအကြောင်းတော့ မေးသင့်တယ်ထင်တယ် နွေဆူး ။
မီးနီဖြတ်မောင်းတာ သူတစ်ယောက်ထဲမှ မဟုတ်တာ ..
အဲ အဘကျမှဖြစ်တာ သူ့ ကံဇာတာပေါ့ ..။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)

ဇော် said...

ဒီလိုပါပဲ အကိုရာ.................

နတ်ဆိုးလေး said...

စိတ်မကောင်းစရာပဲ...
အနောက်ကနေ အရှေ့သာ ရတာကိုး..
အရှေ့က အနောက် လာတော့ ဘယ်ဘက်ကွေ့ရတော့
လစ်ပြီပေါ့..
ဘုရားဘုရား
မသေကောင်းမပျောက်ကောင်း အဘရယ်

Unknown said...

သနားပါတယ်... ကိုနွေဆူးကတော့ သိစေချင်လို့ပြောပြတာလဲ.. အပြစ်မရှိပါဘူး.. အဘက ကံမကောင်းလို့ဆိုရမှာပဲ...း((((

သဒ္ဓါလှိုင်း said...

ကိုယ့်ရှေ့မှာဖြစ်ရတာဆိုတော့စိတ်မကောင်းနိုင်ဘူးပေါ့.။
သဒ္ဓါ့ရှေ့မှာမီးပွိုင့်မှာရပ်ထားတဲ့ကားကိုမောင်းလာတဲ့
ဆိုက်ကယ်ကနောက်ကနေ၀င်တိုက်လိုက်တာကို
မြင်ရဖူးတယ်.။အဲဒီလူသေသွားတယ်..။
တနေ့လုံးစိတ်မကောင်းနိုင်ဘူး..။

ခင်မင်စွာ
သဒ္ဓါ

ခြေလှမ်းသစ် said...

ကံတရားပဲပေါ့ဗျာ ....

maylay said...

ကိုနွေ ကျေးဇူး။။။ ခုမှ ဝင်ဖြစ်တယ်။ လိုင်းမကောင်းဘူးလေ. ခုရော အဲအဘ နေကောင်းသွားပလား။ ကိုနွေ ဆက်ကူညီဖြစ်လိုက်တယ်ဟုတ်လား။ စည်းကမ်း စည်းကမ်း အဲဒါလေးပဲ လိုနေတာ။။။။

Anonymous said...

ဆိုင်ကယ်စီး သင်တော့ သင်ချင်တယ်..
စက်ဘီးမှောက်တုန်းကတော့ ဒူးပြဲ လက်ပြဲပဲ ဖြစ်တာ.. ဆိုင်ကယ်မှောက်ရင် ခြေကျိုး လက်ကျိုး မတော် လည်ပင်းပါကျိုးရင် ဒုက္ခ.. :P
ပီးတော့ ဘယ်နဲ့ညာနဲ့ကို ရုတ်တရက်ဆို မခွဲတတ်ဘူး.. အဲ့တာက ပြဿနာ .. ဟီး
လမ်းညွှန်တဲ့သူရှိရင် အရမ်းကာရောကိုမောင်းမှာ .. :)

Younggun said...

စေတနာအမှားပေါ့

လသာည said...

ဘာဖြစ်သွားသေးလဲ..။ မသေကောင်း မပျောက်ကောင်း အဘရယ်လို့ အဆုံးသတ်ထားတော့ အခြေအနေ သိပ်မဆိုးလို့ ပြောတာမို့လားဟင်..

မြစ်ကျိုးအင်း said...

တကယ့်အဖြစ်အပျက် ဆိုရင် ကိုယ်က စေတနာနဲ့ ပြောလိုက်တာပဲ။
ရည်ရွယ်ချက်ကိုပဲ ကြည့်ပါဗျာ
အများကြီး စိတ်မကောင်း မဖြစ်ပါနဲ့...။
သူ့အချိန်အခါ ကျလာရင် တခြားနည်းနဲ့လည်း တခုခု ဖြစ်ကြတာပဲ မဟုတ်လား။

သူကြီးမင်း (တုံးဖလား) said...

ဒါမျိုးက ဖြစ်တတ်ပါတယ်။ တအားကြီးလဲ စိတ်ဆင်းရဲမနေပါနဲ့။ ယာဉ်မောင်းတဲ့သူတိုင်း ယာဉ်စည်းကမ်းပိုင်းတွေကိုတော့ သိထားသင့်တာပေါ့။ လျောက်မောင်းလို့မရဘူးလေ။ မသေ မပျောက်တာတောင် တစ်ကျေးဇူး။

ညိမ်းနိုင် said...

ဟုတ်ပဗျာ...မသေကောင်း မပျောက်ကောင်း...။

မောင်ပါလ said...

ဖြစ်တတ်ပါတယ်.........ဖြစ်တတ်ပါတယ်။

An Asian Tour Operator said...

ဘယ်တတ်နိုင်ပါ့မလဲလေ..

သုခုမလေဒီ said...

ဖြစ်တတ်ပါတယ်။ ကိုယ်ကမနေနိုင်မထိုင်နိုင်ပြောမိတဲ့ စေတနာက တစ်ခါတစ်လေ အမှားပေါ့။