Monday, July 19, 2010

မှတ်သားလောက်ပါတယ်


သရပါ မဂ္ဂဇင်းက အယ်ဒီတာ ခေါ်တဲ့ ကြေငြာကို သဘောကျလို့ မျှဝေပေးလိုက်ပါတယ်။ The Voice ဂျာနယ်မှာ ဖတ်ရတာပါ။

သရပါ ရသ စာပေမဂ္ဂဇင်းအတွက် အမျိုးသမီး အယ်ဒီတာ ခေါ်ယူခြင်း
၁။ ရုပ်ရည် ပြေပြစ်ရမည်။
၂။ မြန်မာစကားကို ယဉ်ကျေး သိမ်မွေ့စွာ ပြောဆိုတတ်ရမည်။
၃။ အိမ်ထောင်မရှိသူ ဖြစ်ရမည်။
၎။ မည်သည့် ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ။
၅။ (၁၀)တန်းအောင်ရန် မလိုပါ။
၆။ အသက် (၂၀) နှစ်မှ (၂၈) နှစ်အတွင်း ဖြစ်ရမည်။

ကဲဗျာ မမိုက်ဘူးလား။ အတွေ့အကြုံ မလိုဘူးတဲ့။ ရှိရင်တောင် မခန့်ဘူး ဆိုတဲ့ သဘောဗျ။ အယ်ဒီတာတွေ ဖြစ်တဲ့ အစ်မ မနော်ဟရီတို့ အစ်မ ချောအိမာန်(မန္တလေး) တို့ ထိုင်ငိုလောက်တယ်။
စကားမစပ် အဲဒီ သရပါ မဂ္ဂဇင်းဆိုတာ သရုပ်ဆောင် သူဌေး မင်းအုပ်စိုး လုပ်တဲ့ မဂ္ဂဇင်းပါ။ မဂ္ဂဇင်း အသစ်တစ်ခု ထွက်ပေါ်လာတဲ့အတွက်တော့ ကြိုဆိုပါတယ်။ တကယ် ရသ အစစ်တွေ ပေးနိုင်မယ့် မဂ္ဂဇင်း ဖြစ်လာဖို့ မျှော်လင့်ပါတယ်ဗျာ။ မိန်းကလေးအယ်ဒီတာ ငယ်ငယ်ချောချောလေးတွေ နဲ့ မဂ္ဂဇင်းကို ကျနော်တော့ လတိုင်း အားပေးနေပါတယ် ဟီဟိ ...။ ။

17 comments:

Nge Naing said...

အယ်ဒီတာလည်း ပြောတယ် စာပေလည်းနားလည်စရာမလို အသက်ငယ်ရမယ် ချောရမယ် စကားပြောချိုသာရမယ် ဒီသုံးခုပဲလိုတယ် ကျန်တဲ့ အလုပ်အတွေ့အကြုံတို့ ပညာအရည်အချင်းတို့လို အလုပ်နဲ့ပတ်သက်ပြီး ဘာ skill မှ မလိုဘူးဆိုတော့ ဘယ်လို Edit လုပ်မလဲမသိဘူး။

ဇော်သိင်္ခ said...

ဒီပုံစံအတိုင်းဆိုရင်တော့ အယ်ဒီတာ အတွက်တော့ ဟုတ်လောက်ဘူးထင်တယ်နော်.. မဂ္ဂဇင်း ကြော်ငြာဖို့လား မသိဘူးနော်...

ခြေလှမ်းသစ် said...

ဟုတ်တယ်ဗျ ... ဒီကြော်ငြာက တယ်လဲ အထူးအဆန်းကိုး ...

ချော(အစိမ်းရောင်လွင်ပြင်) said...

၅။ (၁၀)တန်းအောင်ရန် မလိုပါ။ ဆိုတဲ့ အချက်ကိုတော့ အတော်သဘောကျတယ်..
နောင်ကို မိန်းခလေးတွေ တက္ကသိုလ်ပညာတောင် သင်ယူဖို့မလိုတော့ဘဲ အလုပ်ရတော့မဲ့ အလားအလာထင်တယ်.. ပညာသင်ခဲ့မိတာ မှားပြီလားတောင် မသိဘူးး)
ဒီလိုသူဌေးတွေများလာရင် ပညာရေးလောက ရေစုံမျှောတော့မယ်ထင်ပါရဲ့..
ပညာတတ်တဲ့သူတွေ အလုပ်သွားလျှောက်ရင်တောင် မျက်နှာငယ်လေးနဲ့ ပြန်ခဲ့ရလောက်တယ်.. ပြစ်ချက်က ၁၀တန်းအောင်ထားလို့ဆိုပြီးလေ... ဒီဂျာနယ် ဘယ်လိုများ တည်းဖြတ်ထားသလဲလို့ သိချင်တယ်.. မြန်မြန်ထွက်ရင်ကောင်းမယ်..

Younggun said...

ပွက်လောညံသွားအောင် လုပ်ပြနိုင်တဲ့ မင်းအုပ်စိုးပဲ ဖြစ်ပါတယ်။

သဒ္ဓါလှိုင်း said...

အံ့သြလောက်ပါပေတယ်..။
စာပေနယ်အတွက်တော့ရင်လေးစရာပဲပေါ့ကိုနွေဆူး..

ခင်တဲ့
သဒ္ဓါ

ယွန်း said...

သြော်.. အထူးအဆန်းပါလားးး
အဲဒိဂျာနယ် ရောင်းကောင်းဦးမယ်.. :))

~ဏီလင်းညို~ said...

ကိုနွေဆူးရေ.......

မိန်းခရေးရိုဝတ်ပြီးအလုပ်သွားလျှောက်ရင် ကောင်းမနားနို့ စဉ်းဇားနေဒယ်.......း)))

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

win latt said...

ထင်ပေါ်အောင်လုပ်တဲ့နည်း
ပွဲဆူအောင်လုပ်တဲ့နည်း
အမှန်အမှား ဘာမှနားလည်ပဲ လူသိရင်ပြီးရောနည်း
မင်းအုတ်စိုး ဆိုတဲ့ ငပေါတို့ပဲ လုပ်ကြပါလိမ့်မယ် ကိုနွေဆူးရေ့

ဇော် said...

ဒါလဲ စိတ်ဝင်စားစရာတစ်မျိုးပဲဗျနော် .. ကိုဆူး.. =)

အရုပ်ကလေး said...

ဒီလိုနဲ့ ...
နှစ်ပါးသွားတော့မယ်ဆိုပါတော့ နွေဆူး ....:)

ခင်ခင်မင်မင်
idulize(အရုပ်ကလေး )

Mila said...

Hello! Invite to Ukraine!))

သုခုမလေဒီ said...

ဟီးး ဒီခေတ်မှာ မိန်းခလေးတွေ အလုပ်ပေါတယ်း))

JulyDream said...

အလုပ်ကြော်ငြာကို ဖတ်မိတော့ သတင်းထောက် ခေါ်တာလား အယ်ဒီတာ ခေါ်တာလားဆိုပြီး ဝေဝေဝါးဝါး ဖြစ်သွားသေးတယ်။

အယ်ဒီတာဆိုတာ စာစောင် မဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင်လိုပါပဲ။ အရေးကြီးလှတဲ့ နေရာတစ်ခုပါပဲ။ ဂျာနယ်ကျော် ဦးချစ်မောင်တို့လို့ တော်လွန်း တတ်လွန်းတဲ့ ဘက်စုံပညာရှင်ကြီးမျိုးတွေ စာပေလောကထဲ ရှားပါးသွားတဲ့ခေတ်မှာ အခုလို အယ်ဒီတာ ထပ်ခေါ်တာကတော့ အံသြရပါတယ်လေ။ =)

လသာည said...

ဒီအလုပ်ခေါ်စာက တော်တော် မှတ်သားစရာပဲ..နော်။ လျာထားပြီးသား ရှိလို့ စည်းမျဉ်းအရင် သတ်မှတ်ပေးထားတာ များလား လို့တောင် တွေးမိတယ်း)))

သူကြီးမင်း (တုံးဖလား) said...

နှိပ်သဟ။ လူပျိုတွေကိုတော့ မခေါ်ဘူးထင်တယ်။

မောင်ပါလ said...

ဘာအတွေ့အကြုံမှမရှိ၊ ၁၀ တန်းလည်းမအောင်တဲ့ သူတွေကို သနားလို့ထင်ပါတယ်ဗျာ........။ အင်း....... သနားတာပဲဖြစ်နိုင်ပါတယ်.....။ ဖြစ်နိုင်ပါတယ်.......။