Wednesday, June 30, 2010

မုတ်သုံ

အပွင့်မရှိတဲ့
ပိတောက်ပင်လေးက
မြစ်ကို ဒီလိုပဲ
တစ်သက်လုံး ငေးကြည့်နေမှာလား။

သဲလွန်စ ဆိုလို့
သဲပွင့်တစ်မှုန်တောင် မထတဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်လွန်းပါတယ်။

လောကသုံးပါး ဥတုသုံးပါး
အရွယ်သုံးပါးမှာ
အကွေ့အချိုးတွေ များလွန်းတော့
ရေစီးသံက မနွဲ့နှောင်းဘူး။

လေညင်းကို အပိုင်ရလိုမှုနဲ့လေ
အငြင်းပွားကြတယ်
စွန်လွတ်နေတဲ့ ကလေးငယ်တစ်စုနဲ့
ရွက်လှေတချို့ ။ ။

မောင်သိန်းဇော်
ရုပ်ရှင်တေးကဗျာ (မေ၊ ၂၀၁၀)

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ်တိုင်လည်းရေးပါဦး
မဖတ်ရတာကြာပေါ့
ပျောက်ချက်သားကောင်းလှချည့်
ကမ္ဘာ့ဖလား ကိုက်နေတယ်ထင်ပါ့...
ဘီယာလေး တစ်မြုံ့မြုံ့နဲ့လားး)

thadarhline said...

ကိုနွေဆူးရေ..
ပျောက်ချက်သားကောင်းတယ်နော်..။
မျှော်နေပါတယ်...။

ခင်တဲ့
သဒ္ဓါ

အရုပ်ကလေး said...

လာမယ် လာမယ်နဲ့ ရောက်မလာသူကြီး ....
ကဗျာလာဖတ်တယ် ...
မုတ်သုံရဲ့အခြေတကျမြို့ မှာ
ိနိမိတ်ပုံတွေ ထင်ဟပ်နိုင်ပါစေ ..။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)

အဖြူရောင်နတ်သမီး said...

ဟုတ်ပ...
သစ္စာဖောက်တဲ့လူကြီး...
ပုံပြောသွားတယ်...
အိမ်နာမည် အော်ပြောလိုက်ရမလား...
ဟီးဟီး

ဇော် said...

ကျနော်လဲ ကော်ပီသွားပါတယ်ဗျာ.. မင်းကို ပြချင်လို့.. ကဗျာလေးတွေ သိပ်လှလွန်းရင် ကျနော့်ရဲ့ ကဗျာရေးဖော် သူငယ်ချင်း မင်းကို အရမ်းသတိရတယ်ဗျ.. ကိုဆူးရော အဲ့လိုဖြစ်ဖူးလား... =)