Monday, February 15, 2010

ရုက္ခစိုးမိုက်


လမ်းဘေးမှာ ဆောင့်ကြောင့်ထိုင် ငိုနေတဲ့ ရုက္ခစိုးတစ်ပါးကို တွေ့လို့ ကျနော် စပ်စုဖို့ ပြင်လိုက်တယ်။ လက်အုပ်လေး ချီရင်း …

“အရှင် ရုက္ခစိုး နတ်မင်းကြီး ကျနော့်သားလေးကို ဗွေမယူပါနဲ့ … အယ် မှားကုန်ပြီ … အရှင် ရုက္ခစိုးနတ်မင်းကြီး … ဘာလို့ ငိုနေတာလဲဗျ”

ရုက္ခစိုးကြီးက “အောင်မာ အောင်မာ ဘယ်သူလဲဟေ့” လို့ ပြန်မပြောပါဘူး။ တရှုံ့ရှုံ့ ငိုရင်း နှပ်ချေးအရွှဲသားနဲ့ သူ့အဖြစ်ကို ဒီလို ပြန်ပြောပါတယ်...

“ဟိုတစ်နေ့က ငါ့ဆီကို လူတစ်ယောက် .. အဲ .. ဝိဉာဉ်တစ်ခု ရောက်လာတယ် … သူ့ကို နတ်ပြည်ရော ငရဲပြည်ကပါ လက်မခံလို့တဲ့ .. အဲဒါ ငါ့သစ်ပင်မှာ ခဏ ခိုနေပါရစေ ဆိုလို့ ငါလည်း သနားတတ်တော့ ခွင့်ပြုလိုက်တယ် … ပြီးမှ .. မဟုတ်သေးပါဘူး … သူ့အတွက် ပြောပေးလို့ရရင် ပြောပေးဦးမယ် ဆိုပြီး .. ငါ ငရဲပြည်နဲ့ နတ်ပြည်ကို စုံစမ်းဖို့ ထွက်ခဲ့တယ်…”

“ဟုတ်လား … အဲတော့ ငရဲပြည်နဲ့ နတ်ပြည်က .. ဘာပြန်ပြောလဲ?”

“နတ်ပြည်တောင် မရောက်လိုက်ပါဘူးကွာ .. ငရဲပြည်ရောက်တော့ ယမမင်းက ပြောတယ် … ဟဲ့ လူမိုက် … အဲ .. ရုက္ခစိုးမိုက် .. နင်မို့ သူ့ကို လက်ခံထားရဲတယ် .. ငါတောင် မထားရဲဘူး … ငါ့မှာ ယမမင်းစည်းစိမ်တောင် အားရအောင် မခံစားရသေးဘူး .. အဲဒီကောင်ကို လက်ခံထား … မကြာခင် နင် ဘုံ ပျောက်လိမ့်မယ် သိလား ..တဲ့ … အဲဒါနဲ့ ငါလည်း စိုးရိမ်ပြီး ငါ့သစ်ပင်လေးဆီ ပြန်ပြေးလာတာကွာ .. ဒီရောက်တော့ နောက်ကျသွားပြီ ဟင့် …”

“ဗျာ .. ဘယ် .. ဘယ်လို … နောက်ကျသွားတယ် ဟုတ်လား?”

“ငါ့သစ်ပင်လေးကို ဒီကောင် အပိုင်သိမ်းသွားပြီလေ ..”

ကျနော် သိလိုက်ပါပြီ။ အဲဒါနဲ့ …

“ဟဲဟဲ … သူ့နာမည်က ရွှေရွှေ မဟုတ်လား ရုက္ခစိုးကြီး”

ရုက္ခစိုးမင်း အံအားသင့်သွားပြီး …

“ဟင် .. ဟုတ်တယ် .. ဟုတ်တယ် .. မင်း ဘယ်လိုလုပ် သိတာလဲ?”

သူ့အမေးကို ကျနော် ပြန်မဖြေတော့ပါဘူး။ သူ့ကို ယမမင်းပြောသလို ပြောပြီး ထွက်ခဲ့လိုက်တယ် …

“လူမိုက် … အဲ .. ရုက္ခစိုးမိုက် … မိုက်ချက်ကတော့ ကမ်းကုန် ရုက္ခစိုး”။ ။

20 comments:

ကြည်ဖြူပိုင် said...

ဟုတ်ကဲ့
update လုပ်လိုက်ပါ့မယ်
ကျေးဇူးပါပဲ :)

bravo said...

အဲဒီမှာ..စ ဂိတာ ပဲ..ဂိ..

ဇောင်း said...

အတွေးတစ်စုံရဲ့ ထုတ်ဖော်ချက်က ထိထိမိမိလေးပါပဲဗျာ...

ﺽŽãửʼnĢ

maylay said...

ဘ မပြော ညာမပြောနဲ့ ရွှေရွှေ့နာမည် ယူသုံးစရာလား လို့ အဟင့်... ညီရေ ခဏလေး အစ်ကိုတို့နဲ့ လိုက်ခဲ့ပါ။ ကျေးဇူးပဲကွယ် ကိုယ်နေတဲ့သစ်ပင်ဆီ သိမ်းသွားတဲ့သူ နာမည် သိရတာကိုနော်။ ဟဟားး ကိုနွေရေ နောက်သွားတယ်နော်။ အတွေးလေးကိုလည်း ကြိုက်သွားတယ်။ ကျန်းမာပျော်ရွှင်ပါစေ

Flower said...

ကိုနွေဆူး
ကျွန်မ မပါဘူးနော်.. အဟီး
ကြောက်လို့ မှတ်ချက်မရေးဘဲ ပြန်သွားပြီ..
ဘာဆိုဘာမှ မပြောခဲ့ဘူးနော်... :)

Nge Naing said...

တိုတိုလေးနဲ့ ထိထိမိမိ သိပ်ရေးတတ်တာပဲ။ သဘောကျတယ်။

လသာည said...

ရုပ်က္ခစိုးကြီး နွေဆူးးးး ဂုဏ်ပြုချင်လို့
ကျွန်တော်တို့နဲ့ ဌာနကို ခဏလိုက်ခဲ့ပါ...နောက်စ်း)))
.. အဲဒီ ထမင်းအလကားစားရတဲ့နေရာကို ရောက်သွားရင် မနက်ဖြန်ရမယ့် ဘလော့ဆု ကို ကိုယ်တိုင် တက်ယူလို့ မရပဲနေဦးမယ် :D

ဂျေဂျူဝိုင် said...

ဟာသလို့ သဘောထားပြီး ဖတ်သွားတယ်နော်

သဒ္ဓါလှိုင်း said...

ဖတ်သွားပါတယ်ကိုနွေဆူး...
အားလုံးကရွံတဲ့လူကြီးနော်...
ခင်တဲ့
သဒ္ဓါ

thaingarra said...

ရုက္ခစိုးမိုက်ပါဗျာ ...။ ဒီလောက်တောင်

နှစ်ပေါင်းများစွာ လုပ်ချင်တိုင်း လုပ်တတ်တဲ့

ရွှေရွှေ့ သဘောကို နားမလည်တာ အံ့ပါရဲ့ ...

:D :D :D

မျက်မှန်လေး said...

ခွီးခွီး....
ရုက္ခစိုးခမျာ သနားစရာ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုနွေးဆူး ရေ..

ရုက္ခစိုးမိုက်တာ ကန်းကုန်ဘဲ။ လက်မခံခင် နာမည်အရင်မေးရမှာ။ :) :)

ခင်မင်စွာဖြင့်
ကိုမျိုး

ကိုလူထွေး said...

ဒါ ယင်လုံအိမ်သာ မရှိလို့ ဖြစ်ရတာ...

ရွှေရွှေ့ကို ယင်လုံအိမ်သာကျင်းထဲ ထည့်လှောင်ပိတ် ထားလိုက်...

းဝ)

ဝက်ဝံလေး said...

ဟေ့ လူဂျီး မီး မပါဘူးနော် ဟီးးးးဟီးးးးးးး ပုံနဲ့စာနဲ့ရေလည်မိုက်တယ်ဗျာ ဟားဟားးးးးးးးးးးးး
မရောက်တာတောင်ကြာပြီ ဟေ့လူဂျီး ခင်ဗျားး နေကောင်းရဲ့လား

Yu Shwe said...

အဲလောက်မိုက်တဲ့ ရုက္ခစိုးကို အပြစ်ဒဏ်ကြီးကြီးပေးစေ..
ဟိဟိ

win latt said...

ရုက္ခစိုးမိုက်
နေရာ ပြန်လိုချင်လို့လား...
နှစ်ထောင့်တစ်ဆယ်မှာ တစ်နေရာရမယ်
အစဉ်ပြေမလား...
တန်းစီထား....။

k2tmaung said...

အဟမ်းအဟမ်း...
ညီလေး... အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါ... :P :P :P
နောက်တာ...
ရေးချက်က ကောင်းပါလေ့...
အားပေးလျှက်...

kiki said...

ရုက္ခစိုးမင်းကြီးအတွက် ကြက်ဆူပင်တွေ ရှိပါသေးတယ် .. မပူနဲ့ မနိုနဲ့  လို့ ..

Unknown said...

Fabulous !!

blackroze said...

ဆွေးနွေးစရာလေးရှိလို့ခဏလောက်လိုက်ခဲ့ပါ


မီးမီးဘာမှပြောဘူးနော်ကိုနွေဆူး...