Saturday, February 6, 2010

ဘလော့ဂ်အကယ်ဒမီဆု ရှင်းတမ်း

ကြွရောက်လာကြသော သဘာပတိကြီးနှင့်တကွ ... အဲ ဟုတ်သေးဘူးနော် ... ကြွရောက်ဖတ်ရှုလာကြသော မိတ်ဆွေ ညီအစ်ကို မောင်နှမများခင်ဗျား .... ယခု နာမည်ကြီးနေသော ဘလော့ဂ် အကယ်ဆုကြီးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချင်ပါသဖြင့် ဤစာကို အတင်းရေးလိုက်ပါပြီ ခင်ဗျား။

ပထမဆုံး ရှင်းပြချင်တာကတော့ ဘလော့ဂ်အကယ်ဒမီဆုကြီးဆိုတာ ကိုယ်နဲ့ ဘယ်လိုမှ မပတ်သက်နိုင်မှန်း သိလို့ ဝေးဝေးရှောင်နေခဲ့တာပါ။ မဲပိတ်ချိန်နီးမှ သွားပြီး ထိပ်ဆုံးက ဦးဆောင်နေတဲ့ လူတွေကို မဲပေး .... ပြီးမှ ခပ်တည်တည်နဲ့ ကွန်ဂရက်ကျူလေးရှင်း လုပ်ပြီး ကျနော်ထင်လို့ကို မဲပေးခဲ့တာလေ လုပ်မလို့ပါ။ ခုတော့ .....

မရွှေဇင်ဦးရဲ့ အကယ်ဒမီ အပိုင်း ၃ ကို ဖတ်ပြီးမှ ကျနော်လည်း အခြေအနေလေး ဝင်လေ့လာဦးမှဆိုပြီး အဲဒီကို ပထမဦးဆုံးအကြိမ် သွားလိုက်မိပါတယ်။ လား လား အဲတော့မှ မျက်လုံးပြူးတော့တာပဲ .... အကောင်းဆုံး ရင်တွင်းဖြစ် ခံစားမှု စာစုများဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော့်နာမည်ကြီး ဘွားကနဲ တွေ့လိုက်ရတော့တာပါပဲ။ ဘလော့ဂ်အစုတ်လေးကို စာရင်းသွားပေးဖို့ စဉ်းကို မစဉ်းစားခဲ့ပါဘူးဗျာ။ ဟို ကော်လံပေါ်ကနှုတ်ခမ်းနီ သီချင်းထဲကလို တရားခံဘယ်သူလဲဟေ့ လို့ အော်ဆိုရမလို ဖြစ်နေပြီ။

ဒါက စာရင်းသွားမပေးကြောင်း ရှင်းတမ်းပေါ့ဗျာ။ တော်ကြာ မသိတဲ့ လူတွေက ဒီကောင် ဘာကြောင်တာလဲ .. သူ့ဘလော့ဂ်အစုတ်ကိုများ အရှက်မရှိ စာရင်းသွားပေးထားတယ်လို့ ကောလဟာလတွေ ထွက်ကုန်မှာ စိုးလို့ပါ။

ထားပါ။ ဒါနဲ့ မရွှေစင်ဦးတော့ မဲလေးမဲ ရနေပြီတဲ့ (အဲတုန်းက) ငါလည်း ကြည့်ဦးမှ ဆိုပြီး ကြည့်ပါတယ်။ ဟီးဟီး အားရစရာကြီးဗျ ... မဲတစ်မဲ ကြီးတောင် ရနေပါတယ်(ငါကွ)။ နောက်တော့ အဖြူရောင်နတ်သမီးက သူပေးတာလို့ ပြောတာနဲ့ ကျနော်လည်း အားနာလို့ သူ့ကို မဲပြန်ပေးခဲ့ပါတယ်။ (ခု မရွှေစင်ဦး အပိုင်း ၄ ကို ဖတ်မိမှ သူလည်း အဲဒီဗျူဟာ သုံးတာလား မသိဘူးလို့ ပြန်တွေးမိပါတယ် ... ဟီးဟီး ဂျီးတော်ရေ .. ဟုတ်ဘူးမို့လား)။

ဒါနဲ့ပဲ ရချင်လွန်းလို့ မဟုတ်ပေမယ့် ကျနော်လည်း အများနည်းတူ မဲဆွယ်ရပါတော့တယ်။ မဲမရရင်လည်း ကောင်းတယ် ဒီကောင် အရှက်မရှိ စာရင်းပေးပြီး ဘယ်သူမှ မဲမပေးဘူး မဟုတ်လား မှတ်ကရောလို့ ပြောကြမှာလည်း ကြောက်သေးတယ်ခင်ဗျ။

ကျနော့် မဲဆွယ်နည်းကတော့ အွန်လိုင်းပေါ်တက်လာသမျှ သူငယ်ချင်းတွေကို အားအား မအားအား ချက်ချင်း သွားပေးခိုင်းတာပဲ :-) အဲဒီအထဲမှာ ဘလော့ဂ်ဂါသူငယ်ချင်းတွေတော့ မပါဘူးခင်ဗျ .. ရှက်လို့ ခွိခွိ။ (ဒီပို့စ်ဖတ်ပြီးရင် အလိုက်သိကြမယ် ထင်ပါတယ် ဘလော့ဂ်ဂါ သူငယ်ချင်းများ ခင်ဗျား ဟီးဟီး) နောက် မေးလ်ပို့ပြီး မဲဆွယ်ပါတယ်။

သူငယ်ချင်းတွေထဲမှာ ဘလော့ဂ်ဆိုတာ ဘာမှန်းမသိတဲ့ လူတွေ ပါနေတော့ သေသေချာချာကို မဲသွားပေးနည်း လမ်းညွှန်နဲ့ တကွ မေးလ်ပို့လိုက်တယ်။ ဒါနဲ့ပဲ ခုထိတော့ မဲဆယ်မဲ ရနေပါပြီ။ သေချာတာကတော့ ကျနော် ဘယ်လိုမှ မရနိုင်ဘူးဆိုတာကို အားရဝမ်းသာစွာနဲ့ ကိုယ့်အခြေအနေကို သိလိုက်ရတာပါပဲ။ တော်ကြာ ရနေရင် ဟိုအကယ်ဒမီလို ဟိုလူလာနမ်း ဒီလူလာနမ်းနဲ့ ဆို ရှက်စရာကြီးလေ :-)

ကဲ ရှင်းတမ်း ပြီးပါပြီ။ ဒီကောင် မရနိုင်တော့လို့ အရှက်ပြေ ရေးထားတာလို့ ပြောရင်လည်း ခံရုံပေါ့ဗျာ။ ဘာတတ်နိုင်မှာလဲ။ ကိုယ်ကိုက စပ်စပ်ဆော့ဆော့ ဘလော့ဂ်ဂင်းချင်တာကိုး။ ဒါပေမယ့် စိတ်ချပါခင်ဗျ။ ကျနော်က မဲမနိုင်ရင် နိုင်ရာမဲတတ်တဲ့ တစ်ယောက်တော့ မဟုတ်ပါဘူးခင်ဗျာ။

ဘလော့ဂါအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း အပုပ်ချခြင်း ကင်းရှင်းကြပါစေ။
ဘလော့ဂါအချင်းချင်း သွေးထိုးခြင်း ကင်းရှင်းကြပါစေ။

21 comments:

အဖြူရောင်နတ်သမီး said...

ဦးလေးနော်..
တရားခံမရှာနဲ့လေ...
ဂျီးတော်မပါဘူးလေ...
းးးးးးး)))))))))

Angel Shaper said...

ဟဟဟားးးးးးးးးးးးး
ခွက်ပုန်းချပြီး ရူးကြောင်မူးကြောင် လုပ်မနေနဲ့နော်။
အချုပ်ထဲ ပို့ပစ်လိုက်မယ်။
ဘာအခုမှ ကြောက်ပါပြီလဲ။
လိုက်ခဲ့ စခန်းရောက်မှ ရှင်းပါ။ ဟဟားးးး

Flower said...

ရယ်သွားပါတယ်ဗျို့ ..တခိခိနဲ့ အသံကိုထွက်ပါတယ်.. ဟားဟားလို့အော်ရင်လူကြားမှာစိုးလို့ပါ.. ဟိ သူများက နေပြည်တော်မှာ အကယ်ဒမီယူရမှာမို့ ဘလောဂ့်အကယ်ဒမီ မယူတော့ပါဘူး... ကိန်းကျေသွားမှာစိုးလို့ပါ... :)

desertraindrops said...

:) မဲပေးမလို့ သွားလိုက်ပါဦးမယ်နော့။

ဇော် said...

အမှန်အတိုင်းပြောရရင် စာရင်းထဲမှာကို ပါသင့်တဲ့ ဘလော့အုပ်စုထဲမှာ အကိုလဲ တစ်ယောက်ပါ ပါတယ်။ အဲ့စာရင်းထဲမှာ ရှိနေတဲ့ တစ်ချို့ဆိုရင် စာရင်းထဲမှာကို ပါဖို့ မထိုက်တန်ပါဘူး။ ဒါ အမှန်အတိုင်း ဝေဖန်တာပါ။ ကျနော် ဘာမှ မလုပ်ခဲ့ဘူးအကို။ အကို့မေးလ်ရလဲ ကျနော် ဒီတိုင်းပဲ သွားကြည့်တယ်။ နောက် အံ့သြစရာကြီးလို့ ပြုံးလိုက်ပြီး ပြန်ထွက်လာခဲ့တယ်။ ဘာလို့ဆို တကယ်ကောင်းတဲ့ ဆိုက်ဒ်တွေကျ မပါဘဲ.. မဲမရဘဲ .. ဘာမှ မဟုတ်တဲ့ .. ဘလော့နဲ့ ဒိုင်ယာရီ မှားနေတဲ့ လူတွေကျ မဲတွေရနေတယ်။ ဒါဟာ မရိုးသားတာပဲ။ စာပေမှာ မရိုးသားရင် စာပေယဉ်ကျေးမှုဆိုတာ ပျောက်မှာပဲ။ ကျနော်ကတော့ ကျနော့်ရဲ့ ပေးလိုက်ရမယ့်အချိန်တွေ နှမြောလို့ ခြေဦးတောင်မလှည့်ပါဘူးဗျာ။ ကျနော့်ကိုတွေ့တဲ့အိမ်ဟာ တကယ်စာအရေးကောင်းတဲ့အိမ်ပဲလို့ သတ်မှတ်လို့တောင် ရလောက်မယ်ထင်တယ် .. ( ကိုယ့်ကိုယ်ကိုယ် မြှောက်ထားတာ.. အဟီး .. ) =]

ကိုလူထွေး said...

ကိုယ့်စာကို နှစ်သက်သူရှိလို့ ထိုက်တန်လို့ စာရင်းထဲပါသွားတယ် မှတ်ပေါ့ဗျာ...

းဝ)

Unknown said...

တွေ့ပါ့..တွေ့ပါ့

~ဏီလင်းညို~ said...

ကိုနွေဆူးရေ...
ဟုတ်ပဗျာ...
အဲ့ဒီပွဲလည်းမြန်မြန်ပြီးရင်ကောင်းမယ်နော်...ခိခိ..း)
ခင်မင်တဲ့
ဏီလင်းညို

ဂျေဂျူဝိုင် said...

အင်း ဘလော့ခ် အကယ်ဒမီဆုကော ဘယ်လောက်ထိ သန့်ရှင်းနိုင်မလဲ။ သူ ငါနဲ့ခင်တယ် ဆိုတာထက်က ပိုလာကြဦးမလား။ သူက ဘလော့လောကမှာ နေတာ ကြာပြီဆိုတာထက် ပိုလာကြဦးမလား။ သူက နာမည်ကြီး ဆိုတာထက် ပိုလာကြဦးမလား

may16 said...

တွေ့တယ် ကိုနွေဆူးကို စာရင်းထဲပါသင့်ပါတယ် ကိုနွေဆူးကလည်း အရေးအသားတွေ ပြောင်မြောက်ထိမိတာပဲ အားမငယ်နဲ့မဲသွားပေးပေးမယ် :)

ချစ်ကြည်အေး said...

ဟုတ်ပါ့ ကိုနွေဆူးရေ...ကျမလည်း တချို့ သူငယ်ချင်းတွေကိုမဲပေးခဲ့တယ် ကိုနွေဆူးလဲပါတယ်...ကျမ ရုံးက တခါ အိမ်မှာတခါ ပေးခဲ့တာလေ...ပြီးမှ တခြားသူတွေ အတွက် fair မဖြစ်ဘူးထင်သွားတယ်၊ ဘလော့ဂ်ဂါ အချင်းချင်း မပေးသင့်ဘူးနော်...ခင်မင်မှုတွေ အခြေခံနေတော့လေ...ကိုဇော် ပြောသလိုပဲ တခြားသူတွေကို အားနာသွားတယ်...:)

PhyoPhyo said...

မြဲက ဘယ်သူ့ပေးရမှန်းမသိဘူး၊ စာလေးတွေကလဲ စိတ်ဝင်စားဖို့ကောင်းနေတာပါပဲ၊ အကုန်လုံးက မအားတဲ့ကြားက ရေးနေကြသူတွေချည်းပဲ၊
:) အကယ်ဒမီဆု ရပါစေ

လသာည said...

မြင်ခဲ့တယ်။ နွေဆူးလည်း ရသင့်ပါတယ် အနည်းဆုံး နှစ်သိမ့်ဆုဖြစ်ဖြစ် :D
ဆုရပါစေလို့ ဆုတောင်းပေးခဲ့တယ်နော် :)

Unknown said...

စာကြွေးတွေလာဖတ်သွားပါတယ်

ဇောင်း said...

သဘောကျတယ်ဗျာ ရေးထားတာ :)

ZaUnG

မိုင်:ခိုဝ်: said...

အားပေးနေပါတယ်ဗျာ ဆက်ရေးပါ။
ကပေါက်ကချော်နဲ့ ရေးတဲ့စာကဆိုပေမယ့်
ဖတ်လို့ကောင်းပါတယ်။

ခင်မင်စွာဖြင့်

ငှက်ငယ်လေး said...

ပျော်စရာကြီး ..တမီးဆို တမဲမပြောနဲ့ နာမည်တောင်ပါဝူးရော် :D

သူကြီးမင်း (တုံးဖလား) said...

သွားကြည့်လိုက်ဦးမယ်။ မဲပွဲရုံကို။

Nge Naing said...

လာဖတ်သွားပါတယ်။ လွတ်လပ်စွာ မဲဆွယ်နိုင်ပါတယ်လေ။ မဲက ဘယ်နှစ်ကြိမ် ပေးလို့ရတာလဲ။ Record ယူထားတယ် ဆိုတော့ တကြိမ်ပဲ ပေးလို့ရတယ်မဟုတ်ဘူးလား။

SHWE ZIN U said...

ဟင်း ကိုနွေဆူးနော်

သူများကို စောင်း စောင်း မပြောနဲ့
သူများက မဲမနိုင်လို့ မဲချင်နေတာ
သတိ ကျပ်ကျပ် ထားပါ..ဟင်း.ဟင်း..

ခင်တဲ့
ရွှေစင်ဦး

thaingarra said...

Blog Academy ကလည်း

ဒီလိုကို ရှင်းတမ်းတွေ ၊ ဘာတွေ

ရေးရလောက်တဲ့ အထိ ရှုပ်ခဲ့တာပါလား နော် :)