Wednesday, February 3, 2010

ရေးပေးပါ


မေအိရဲ့ တက်ဂ် လေးပါ။ ကလေးပြန်လုပ်ကြမလား ဆိုလို့ ကျနော် ကလေးလည်း ပြန်လုပ်ထားတယ်။ လူကြီးလိုလဲ ရေးလိုက်ပါတယ်။ အပေါ်က ငါးတန်းကလေးလို တွေးပြီး အောက်က အခုအရွယ်ကို ရေးထားတာပါ။

(၁) ကိုယ့်ကို ဒီလို ခေါ်ကြတယ် …
- ဟေ့ကောင်
- ဂေါက်ကြောင်

(၂) အဝတ်အစားအပေါ် ကိုယ့် သတ်မှတ်ချက်က …
- အဖြူအစိမ်းကလွဲပြီး အကုန် ဝတ်ချင်တယ်
- လူဖြစ်နေလို့ ဝတ်ရတာ (တချို့ ခွေးလေးတွေ ကြောင်လေးတွေကို အဝတ် ဝတ်ပေးထားရင် အားကြီး အညင်ကပ်တယ်)

(၃) အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ …
- ရေခဲမုန့် နဲ့ စတော်ဘယ်ရီလက်ဖျော်
- ကောက်ညှင်းပေါင်းနဲ့ အကြော် သောက်စရာကတော့ ဟဲဟဲ

(၄) အကြိုက်ဆုံးပစ္စည်း …
- ဘော်လုံးကန်ဖိနပ် ကောင်းကောင်း
- ဘော်လုံးကန်ဖိနပ် ကောင်းကောင်း (ခုထိ မပိုင်သေးဘူး)

(၅) လိုချင်တဲ့ လက်ဆောင် …
- ကြိုးမဲ့ ကွန်ထရိုးကား
- အမေရိကန်သမ္မတရာထူး (အိုဘားမားကများ စိတ်ရူးပေါက်ပြီး လာပေးရင် ကောင်းမှာပဲ)


(၆) အကြိုက်ဆုံး ဇာတ်ကား …
- ပါဝါရိန်းဂျား
- Johnny English

(၇) အကြိုက်ဆုံး ဟာသဇာတ်ကောင် …
- ကြွက် ဂျယ်ရီ
- တာယာပွကြီး

(၈) အကြိုက်ဆုံး စာရေးဆရာ …
- ဘိုဘို (မင်းဇော်)
- ဆုမြတ်မွန်မွန် (တစ်အုပ်မှ မဖတ်ဖူးဘူး ဒါပေမယ့် ဟဲဟဲ)

(၉) အခိုက်ဆုံး စာအုပ် …
- မင်းလူ (ဦးမင်းလူ ကောင်းမှု ကဗျာစာအုပ်)
- မောင်သာရ (ကျဉ်တုပ်ခံဝံ့ မခံဝံ့)

(၁၀) အချစ်ဆုံးသူ ရှိရင် …
- (……) ပေါ့
- တားတားက ငယ်သေးတယ်လေ အဲဒါတွေ စဉ်းစားသေးဘူး (ပြောင်းပြန်ရေးမိတာ မဟုတ်ဘူးနော်)

(၁၁) ရင်အခုန်ဆုံး အချိန် …
- ဆရာမက တစ်ယောက်ချင်း စာမေးမယ် ဆိုတဲ့ အချိန်
- အောထားတဲ့ ဘော်လုံးပွဲကို ထိုင်ကြည့်နေတဲ့ အချိန်

(၁၂) ဘဝဆိုတာ …
- Life
- သင်ရိုးညွှန်းတမ်းတွေနဲ့ ဘွဲ့ရပြီးတဲ့အခါ Unseen တွေချည်း ဖြေဆိုရတဲ့ စာမေးပွဲပေါ့

(၁၃) စိတ်တိုရင် ဘာလုပ် …
- သီချင်း အကျယ်ကြီး ဖွင့်ပစ်တယ်
- အဲဒီနေ့က နဲနဲ များသွားတယ်

(၁၄) အကြိုက်ဆုံးသီချင်း …
- မျှော်လင့်ခြင်းလေး (လေးဖြူ)
- မီးဘေးရှောင်လို့ မလောင်ခင် တားကြပါ

(၁၅) ဝါသနာ …
- ဘော်လုံးကန်တာ
- တစ် နှစ် သုံး အလုံးများ

(၁၆) မီးခွက်စောင့် ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု …
- ဘယ်တော့မှ အရိုက်မခံရပါစေနဲ့
- လောင်းတိုင်းအောင်၊ ထိုးတိုင်းပေါက်၊ တွက်သမျှကွက်တိ ဖြစ်ပါစေသား

(၁၇) လက်ဆွဲဆောင်ပုဒ် …
- ရိုးရိုးကျင့် မြင့်မြင့်ကြံ
- နေရာတိုင်းလည်း မရိုးသားနဲ့၊ အများကြီး မျှော်လင့်ရင်လည်း အများကြီး ဆုံးရှုံးနိုင်တယ်

(၁၈) အိပ်ရေးပျက်ရတဲ့ အကြောင်းရင်းက …
- အိမ်စာတွေ မပြီးလို့
- ချန်ပီယံလိဂ်တွေ ညနက်တယ်လေ

(၁၉) ချစ်သူကို ဆိုပြချင်တဲ့ သီချင်း …
- အသံမကောင်းဘူး ပြောမှာ ကြောက်တယ်
- တိတ်စမ်းပါဟာ နင့်အသံဆိုးကြီးနဲ့

(၂၀) ပြောပြချင်တဲ့ ဟာသတိုလေး …
- ၂၀၁၀ လောက်ကျ လက်ဖက်ရည်တစ်ခွက် သုံးရာလောက် ဖြစ်မယ်တဲ့
- လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လက်ဖက်ရည်တစ်ခွက် ၅ ကျပ်ကွဲ့ သားရို့ သမီးရို့ ရဲ့ (သုမောင် ရေးနည်းလေ)

မေအိက လူလည်လုပ်ပါတယ်။ သူများတွေကျ ကလေးပြန်လုပ်ခိုင်းပြီး သူကျ ငါးတန်းကလေးတွေ ရေးတဲ့ဟာတွေနဲ့ ပြီးသွားပါတယ်။ သူ့ကိုလည်း ကလေးပြန်လုပ်ခိုင်းပါမယ်။ ရေးပေတော့ မေအိရေ။ ။

18 comments:

အင်ကြင်းသန့် said...

ပထမဆုံးလာရီ...အဲလေ...လာဖတ်သွားပါတယ် :D
ဒါပေမယ့် အဖြေတွေက အပေါ်နဲ့အောက် အရွယ်ပြောင်းပြန် ဖြစ်နေသလားလို့....ဟီးဟီးးးးးးးးးး

အဖြူရောင်နတ်သမီး said...

လာဖတ်သွားတယ်..“ဂေါက်ကြောင်”ရေ....
အဲ...ယောင်လို့...

ဦးလေးရေ...
စတာနော်..စိတ်မဆိုးနဲ့အုံး..
ခင်မင်စွာဖြင့်..

Flower said...

အောထားတယ်ဆိုတာ ဘယ်လောက်တောင်များလဲဟင်..
၁၀၀၀ တန် ၂ရွက်တော့ မလုပ်နဲ့နော်.. ဆိုက်ကားခ ပေးစရာမရှိဘဲနေလိမ့်မယ်.. ငယ်သေးတယ်ဆိုတာ အသက်ကို ၄နဲ့စားပြီးပြောတာလား... ယုံပါတယ်. ဒီလောက်တော့ :)

ခင်မင်စွာ....................

Younggun said...

Unseen တွေချည်း ဖြေဆိုရတဲ့ စာမေးပွဲမှာ .. မေးခွန်းတွေ တိုးပါစေဗျာ

ဇော် said...

အကြိုက်ဆုံးစာရေးဆရာဆိုတဲ့ နေရာလဲရောက်ရော .. ကျနော်ရော ကိုရော ဟက်ဟက်ပက်ပက်ကို ရယ်လိုက်မိတယ်ဗျ။ =]

desertraindrops said...

:)) မီးခွက်စောင့်မှာ တောင်းတဲ့ဆု ပြည့်စေ။

သော်ဇင်စိုး said...

တစ် နှစ် သုံး အလုံးများ နဲ့ ကုန်ပါစေ..အဲ..
အကျိုးပေးပါစေ..ဗျာ....

မေအိ said...

ဟိုက်! သူသိသွားပြီ xxဘယ်လိုများသူလေသိxx

(ကိုဆူး ရေးတာ မိုက်တယ်ဗျ.. ဘ၀ကိုတပိုင်းတစလောက် မြင်ခွင့်ရလိုက်ပါရဲ့ )
အနော် အဲ့ဂလိုရေးတတ်ဝူးဂျ ပြီးမှ သတင်းပို့ပါ့မယ်နော့

မြတ်မွန် said...

ဆုမြတ်မွန်မွန် (တစ်အုပ်မှ မဖတ်ဖူးဘူး ဒါပေမယ့် ဟဲဟဲ)

မြတ်မွန်ပိုစ့်တော့ ဖတ်ဖူးတယ်ဟုတ်...
ကိုလင်္ကာရေ..စတာနော်..

SHWE ZIN U said...

ကိုနွေဆူးရေ

အကြိုက်ဆုံးတွေကြည့်ပြီးတော့ ပြုံးမိတယ်
အကြိုက်ဆုံး ထဲက လိုဘဲပြောရရင်
ပွဲစဉ် ကြပ် နေတယ်နော်
အမ လည်းမအားရအောင်ဘဲ မဲဆွယ်ထွက်နေရတယ်

ခင်တဲ့
ရွှေစင်ဦး

Moe Cho Thinn said...

အမလဲ ဆရာမက တယောက်ချင်းစာမေးမယ်ဆိုရင် ရင်ခုန်ရုံတင်မဟုတ်၊ ခြေဖျား လက်ဖျားပါ အေးလာတယ်။ :))

အိုင်လွယ်ပန် said...

အကြိုက်ဆုံးပစ္စည်းခြင်းတူသဗျ
ကြိုက်မိတဲ့ DIADODA တစ်ရံ
အခုထိ မဝယ်နိုင်သေးဘူး :)

khun said...

ဖတ်ရင်းပြုံးမိပါတယ်...
ငါးတန်းတုန်းကအကြိုက်နဲ့ အခုအရွယ်အကြိုက်တွေ
တော်တော်ကွာကုန်ပြီနော် အစ်ကို :P

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

ရွှေရတုမှတ်တမ်း said...

တားတားက ငယ်သေးတယ်ဆိုပြီး ငုံ့ကြည့်ပြီးဖြေတာလား

မနုငယ် said...

လာရီသွားပါတယ်................

maylay said...

ငါးတန်းတုန်းက အကြိုက်နဲ့ အခုအရွယ်အကြိုက် ဘောလုံးကန်ဖိနပ် မြန်မြန်ဝယ်နိုင်ပါစေနော်။ မဟုတ်ရင် ထိုင်အော်နေချည်းပဲဖြစ်နေမှာ ကိုနွေဆူးက လူပျော်ပဲ။ ကျန်းမာပျော်ရွှင်ပါစေနော့

Khyl said...

အမှန်တွေချည်းပြောနေတယ် ဆိုတာ ယုံ ပါဒလယ်... ညှဲညှဲ....

Unknown said...

အရမ်းကိုရယ်ရတယ် . .နောက်လဲလာပြီးရယ်ပါအုံးမယ် . .