Sunday, January 31, 2010

သူနဲ့ ဗလာပြဇာတ်


ပြိုလဲနေတဲ့ မိုးကောင်းကင်ကို
ထူမတ်ပေးဖို့ ကြိုးစားသတဲ့ ...
သူ ကိုယ်တိုင်ပဲ
သက္ကရာဇ် မျဉ်းစောင်းတွေမှာ
နောက်ပြန် လဲ ကျန် နေရစ် ....။

မနက်ဖြန်အတွက် ဆိုပြီး
သူဟာ သီချင်းတွေ ရေးဖွဲ့
သန်းခေါင်မတိုင်ခင်ပဲ
ပုပ်သိုး သွား ခဲ့ ....။

ကျက်ခဲ့တဲ့ စာတွေ
မေးခွန်းထဲ ပါမလာတော့
သူ ပြုံးလိုက်တယ် .....။

သူ့လောကမှာ အရာရာဟာ
ဗလာချည်းပဲ ဖြစ်နေလေရဲ့
ဒါပေမယ့် အဖြူရောင်တော့
မဟုတ်ဘူးတဲ့ ...။

ကဲ ... ပြဇာတ်သိမ်းပြီလား?
သူကတော့ အိပ်ချင်နေပြီတဲ့ ....။ ။

16 comments:

ဂျေဂျူဝိုင် said...

ကဗျာလေးကို ခံစားသွားတယ်နွေဆူး

သော်ဇင်စိုး said...

အကိုရေ သူ့ကို ထာဝရ အိပ်ခွင့်ပေးလိုက်ပါဗျာ
သူက အိပ်မပျော်ရင် သွေးတွေ ခဏခဏဆာတယ်တဲ့

Flower said...

ပုတ်သိုးသွားတဲ့သီချင်းတွေကို နားထောင်ကြည့်ချင်ပါတယ်.. ဘယ်လိုသံစဉ်တွေများ ထွက်ကျလာမလဲပေါ့...
ပုတ်အဲ့အဲ့ အနံ့တွေ ထောင်းထောင်းထလို့
ဟောင်းလောင်းပွင့်နေတဲ့ ဗလာရင်ဘတ်ကြီးနဲ့ ကိုနွေဆူးက ရေးဖွဲ့ထားတာကို..
အပြေးအလွှားလေးလာရောက်ဖတ်ရှုသွားပါကြောင်း.....

ခြေလှမ်းသစ် said...

အင်း ကဗျာကောင်းလေး လာခံစားသွားပါတယ်ဗျာ

ဇော် said...

ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ ..
အိမ်ပြန်ရောက်ရောက်ချင်း လာတာလေ ..
ဟုတ်တယ် ..
ကျနော်လဲ အိပ်ချင်နေပြီ .. =)

မနုငယ် said...

ကဗျာတွေခံစားသွားတယ်

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုနွေဆူး ရေ..

ကဗျာလေးကို ဖတ်ရှု့ခံစားသွားပါတယ်။ လေးနက်တဲ့ အတွေးအခေါ်တွေနဲ့ ကျစ်ကျစ်လစ်လစ် ဖွဲ့စည်း တင်ပြထားလို့ ဖတ်ရသူအဖို့ အတွေးများစွာ ရရှိခံစားစေတာ အမှန်ပါ။

ခင်မင်စွာဖြင့်
ကိုမျိုး

Unknown said...

အဖြူရောင် မဟုတ်တဲ့ ဗလာတဲ့လား
ခြေဗလာ လက်ဗလာနဲ့ တို့တွေ
အံတကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ်
ကြိုးစားရင်း....
ဦးနှောက်ဗလာ မဖြစ်အောင်
နေရင်းနဲ့......
အရာအာလုံးဟာ....
ဗလာဖြစ်နေတာကြာပေါ့
ကဗျာတွေ ဖတ်သွားတယ် ကိုဆူးကာရေ...

မောင်ပါလ said...

မဝေဖန်တော့ဘူးကဗျာဆရာ။ စေ့ထားတဲ့တံခါး တွန်းဖွင့်ရမှာပျင်းလို့............

SHWE ZIN U said...

အင်း ကျက်ထားတဲ့ စာတွေ မေးခွန်းထဲ မပါတာလည်း ကြာလှပေါ့

Unknown said...

ကြိုက်တယ်အစ်ကိုရာ...

ကိုအောင် said...

ပြဇာတ်က မြန်လိုက်တာဗျာ ... ဒီထက်ရှည်လို့ မရတော့ဘူးလား ...း)

ပန်းခင်းလေး said...

ကဗျာလေးဖတ်သွားတယ်
ဆင်ဆင်ပြေပါစေ!

Anonymous said...

စိတ်ကူးတွေဗလာဖြစ်သွားရင်တော့ ရူးမလိုကို ခံစားရတယ်.. :(
မနက်ဖြန်အတွက် ရေးတဲ့သီချင်းက သန်းခေါင်မတိုင်ခင်မှာ ပုပ်သိုးသွားရင် မပုပ်သိုးအောင် ကဗျာတွေပဲရေးဖွဲ့ရင်ရော .. :)

desertraindrops said...

ကဗျာလေး ကောင်းတယ်။

k2tmaung said...

လာရောက်ခံစားသွားပါတယ်...
ကြိုက်လို့ ကူးသွားပါတယ်... ဟဲဟဲ... (စာမေးခန်းထဲမှာ... ကျူတိုရီရယ်အချိန်မှာ... ကူးသလို ကူးသွားတာ မဟုတ်ဘူးနော်... :P )