Tuesday, January 19, 2010

ဒုက္ခနက္ခတ်နဲ့ ယှဉ်မွေးခဲ့တဲ့ သုည


ပင်လယ်ဆီရောက်ဖို့ စီးဆင်းလိုက်ရတာ ...
တမျှော်တခေါ် ၀ိုးတ၀ါးနဲ့
တအိအိ ကောက်ကွေ့လို့ ...။

ဓါးတစ်လက် ဖြစ်ရင်တောင်
မကျေနပ်ချက်တွေကို ခုတ်ပိုင်း ပစ်လို့ ရတယ် ...
(ဒါမှမဟုတ်) ကိုယ့်စိတ်ကို လှီးထုတ်လို့ ရတယ် ...
အခုတော့ ... စားကျက်မရှိလို့
ဝံပုလွေယောင် ဆောင်နေရတဲ့ သိုးပါပဲ။

ရိုးသားမှုဟာ နေရာတိုင်းမှာ အသုံးမ၀င်နိုင်မှန်း
အကြိမ်ကြိမ်ရှုံးပြီးမှ သိခဲ့ရ။

အမှားတွေ များလွန်းတော့လည်း
အမှန်ဆိုတာကို မယုံချင်တော့ဘူး။

ပန်းတိုင် မရောက်နိုင်တော့တဲ့
မြစ်ကျိုးအင်းလို ခံစားချက်နဲ့
..... ငါ နေတယ် .....
တဖြည်းဖြည်း ခမ်းခြောက်ပျက်ကော ...။

သုညတစ်လုံး ရေထဲခုန်ချတဲ့ နေ့က
ကမ္ဘာမှာ လေတွေ
ရှင်း ပ လတ် ဆတ် လို့ .......။ ။

23 comments:

မောင်ပါလ said...

ကဗျာဖတ်သွားတယ် ကဗျာဆရာရေ.........

win latt said...

ရိုးသားမှုတွေ အသုံးမဝင်တော့ဘူးလား....
အမှန်တရားတွေ မယုံကြည်တော့ဘူးမို့လား...
သုညဆိုတာ ...အဲဒါပါပဲ....

ချစ်ကြည်အေး said...

ကိုနွေဆူးရေ...ကဗျာလေးက ကောင်းတယ်...သုညလေးကိုတောင် နဲနဲ သနားသွားတယ်....:)

ဖိုးဂျယ် said...

ကဗျာလေးက ကောင်းတယ် အကိုရေ

Flower said...

ကိုနွေဆူးရေ
စီဘောက်စ်မှာ အော်မရလို့ ဒီမှာလာအော်ပါတယ်.. ချိတ်ထားတဲ့လင့်ကလေးကို ကျေးဇူးပြုပြီး http://missgreenlady.mylovecafe.net/?feed=rss2 နဲ့ပြောင်းချိတ်ပေးပါနော်..
ဒီမက်ဆေ့ကိုတွေ့သော လင့်ချိတ်ထားသူများလည်း ဒီလင့်ခ်ကိုပြောင်းပေးကြဖို့ ပန်ကြားလိုက်ပါတယ်ရှင့်

ချော

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ကိုနွေဆူးရေ..

အမှားတွေ များလွန်းလို့ အမှန်ကိုတောင်မှ မယုံချင်တော့ဘူးတဲ့.. ကောင်းလိုက်တဲ့ စာသားလေးဗျာ။ စကားလုံး အသုံးအနှုန်းနဲ့ ဝေါဟာရ ကြွယ်ဝမှုတွေကို ကိုနွေဆူး ရဲ့ ကဗျာအားလုံးမှာ တွေ့ရှိဖတ်ရှုရတယ် ကိုနွေဆူးရေ...
ကဗျာရေးကောင်းသူ တစ်ယောက်ပါ... အားပေးနေမယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

သုခုမလေဒီ said...

ကဗျာခေါင်းစဉ်ကိုက တော်တော်ကောင်းနေတာ။
"ရိုးသားမှုဟာ နေရာတိုင်းမှာ အသုံးမ၀င်နိုင်မှန်း အကြိမ် ကြိမ်ရှုံးပြီးမှ သိခဲ့ရ" ဆိုတာလေးကိုသဘောကျတယ်။ မှန်တာတွေပြောလည်း တစ်ချို့ကမကြိုက်ဖူးနော်။း))
အဆင်ပြေပျော်ရွှင်ပါစေ။

Unknown said...

အပုဒ်တိုင်းကောင်းတယ်
အသက်ပါလွန်းတယ်

Anonymous said...

စားကျက်မရှိလို့ ဝံပုလွေယောင်ဆောင်နေရတဲ့ သိုးတဲ့လား
စကားလုံးတွေကို သဘောကျတယ် ကဗျာဆရာရေ
ကဗျာကောင်းလေးကိုလာဖတ်ရလို့ စိတ်အားရသွားတယ်
လင့်ချိတ်ခွင့်ပေးပါ ကိုနွေဆူးလင်္ကာရေ
ကဗျာအသစ်တင်တိုင်း လာဖတ်ချင်လို့ပါ

SHWE ZIN U said...

အမှားတွေ များလွန်းတော့လည်း
အမှန်ဆိုတာကို မယုံချင်တော့ဘူး။

ဘဝဆိုတာ ဒီလိုပါဘဲ

သုညတစ်လုံး ရေထဲခုန်ချတဲ့ နေ့က

ကျနော် မြင်လိုက်တယ် ကိုနွေဆူးက နောက်ကနေ လိုက်ဆွဲနေတာ

ဘုရင်မ ကလည်း ရှာမရ
သြ...ဒုက္ခ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Unknown said...

ကောက်ကောက်ကွေ့ကွေ့တွေ တပြုံတမနဲ့
လိမ်တာလိမ် အလိမ်များရင် အမှန်ထင်ပြီး လိမ်စားနေကြတာ ဘယ်လေက်တောင်ရှိပြီလဲ
ရိုးသားမှုတွေ မသုံးကြတာ ကြာပေါ့
သိုးယောင်ဆောင်တဲ့ ၀ံပုလွေ တကောင်မက
အထောင်သောင်းများစွာ ကြုံတွေ့နေရတော့
သုညဘ၀ကနေ သုညဘ၀အောက်
အနှုတ်လက္ခဏာတောင်
ရောက်ပြီးရင်း ရောက်နေကြတာ......

ကိုလူထွေး said...

မြစ်ကျိုးအင်း ကို လာဖတ်ခိုင်းအုံးမယ်...

းဝ)

k2tmaung said...

ရိုးသားမှုဟာ နေရာတိုင်းမှာ အသုံးမ၀င်နိုင်မှန်း
အကြိမ်ကြိမ်ရှုံးပြီးမှ သိခဲ့ရ။


အင်း... ရိုးသားခြင်းက နေရာတိုင်းတော့ မကောင်းဘူးနော်... ရိုးသားလွန်းရင် ငတုံးကြီးလို့ တစ်ခါတစ်ခါ ထင်ခံရတတ်တယ်...ဟီး...

အမှားတွေ များလွန်းတော့လည်း
အမှန်ဆိုတာကို မယုံချင်တော့ဘူး။


အမှားတွေကတော့ များမှများပေါ့... မှန်နေရင်တောင် ငါမှ ဟုတ်ပါလေစလို့ တွေးရတဲ့အထိပဲ...ဟီး...

ကဗျာလေးဖတ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဆန်းစစ်မိသွားတယ်...:P
ကဗျာတွေကတော့ အမြဲလန်းနေတာပါပဲ... :)

မိုးစက်အိမ် said...

သုညတစ်လုံး ရေထဲခုန်ချတဲ့ နေ့က
ကမ္ဘာမှာ လေတွေ
ရှင်း ပ လတ် ဆတ် လို့ .......

ကိုဆူးတော်ကီတွေကလန်ထွက်နေတာဘဲ
ခြံခတ်ပြီး သပရပ်စ် နဲ့ တိုက်ထားလားအောင့်မေ့ရတယ် :D

maylay said...

ကိုနွေဆူးရေ လာလည်သွားတာ ကျေးဇူးပါရှုင့် ။ နက်မကောင်းတော့ ဘယ်မှ မသွားရဘူးဖြစ်နေတယ်။ သုညကို အရင်က တန်ဖိုးမြှင့်အရာ လို့ထင်ခဲ့တာ။ ခု နောက်တမျိုးလေး သနားသွားတယ်။ အမှားတွေများလှို့ အမှန်ကိုတောင် မယုံတော့ဘူးတဲ့ ။ ကောင်းလိုက်တာ။ ဓါးတစ်လက်ဖြစ်ရင် ဓါးက သူ့ကိုယ်သူ ပြန်ဖြတ်လို့ မရတာ စိုးတယ်နော်။ အစ်ကို့ကဗျာတွေ စိတ်ထဲထိ ရောက်သွားတယ်။ အစ်ကို ကျန်းမာပျော်ရွှင်ပါစေ

desertraindrops said...

လောကမှာ ဘယ်လိုဖြစ်နေလဲဆိုတော့... သူများရူးလိုက်ရူးရမလို ဖြစ်နေတယ်။ သူများရူးနေချိန် ကိုယ်က ကောင်းပြလိုက်တော့ သူတို့က ကိုယ့်ကို အရူးတဲ့။။ မှန်တယ် သုညဖြစ်မဲ့နေ့လေးမှာပဲ လိမ်ညာမှု့တွေ ဆိတ်သုန်းမယ်

Khyl said...

ကိုနွေဆူးရေ... ကဗျာလာဖတ်တယ်... ကောင်းတယ်...

Unknown said...

အတူတူရှိ နေတယ်ဗျာ...
အတူတူပေါ့

သူကြီးမင်း (တုံးဖလား) said...

ကဗျာ့ဟန်လေးကတော့ တကယ့်ဂွတ်ရှယ်လေးပါဘဲ။

သိင်္ဂါကျော် said...

ကဗျာလေး ကြိုက်လိုက်တာ..

အင်ကြင်းသန့် said...

~~~~"ရိုးသားမှုဟာ နေရာတိုင်းမှာ အသုံးမ၀င်နိုင်မှန်း
အကြိမ်ကြိမ်ရှုံးပြီးမှ သိခဲ့ရ။

အမှားတွေ များလွန်းတော့လည်း
အမှန်ဆိုတာကို မယုံချင်တော့ဘူး။"~~~~

.....အဲဒီ နှစ်ကြောင်းကို အရမ်းကြိုက်တယ်
တိုက်ဆိုင်လွန်းလို့လေ....

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

Mhu Darye said...

ဘယ်နှစ်ယောက်မြောက် comment ဖြစ်သွားမလဲ သိပ်မသေချာဘူး။
ဘယ်နှစ်ခေါက် မြောက် ပြန်လာဖတ်ဖြစ်တာလဲလည်း သေချာ မမှတ်မိဘူး။

တခုခုရေးချင်ခဲ့တာတော့ သေချာတယ်။
း) ကဗျာတွေ ညို့  တတ်တယ် ဆိုတာ တယ် မှန်ပါလား။

thaingarra said...

မကျေနပ်ချက်တိုင်းသာ ခုတ်ပိုင်းပစ်မယ် ဆို ...

ဓားသွားတောင် လိမ်ကောက်သွားနိုင်ရဲ့ ...

မြစ်ကျိုးအင်းလို ခံစားချက် ဆိုရင်တော့ ...

နည်းနည်း ပြောင်စပ်စပ် နိုင်မယ် ထင် ... :)