Sunday, January 17, 2010

ဆရာတာရာမင်းဝေရဲ့ ကဗျာနှစ်ပုဒ်

“ကျောင်းတော်က သူငယ်ချင်း အဝါ”

လွမ်းတယ် ကောင်မလေးရယ်
ဘယ်ကဗျာတွေ ဆီကိုပဲ ရောက်ရောက်
နင့်ရဲ့ စိတ်ကို တံခါး လှမ်းလှမ်း ခေါက်မိတယ်။
ငါ့ကိုယ်ငါ လွယ်အိတ်လို ဆွဲဖြဲဖူးပါရဲ့
ဒါပေမယ့် ကျောင်းတော်ကဖြင့်
... ခုထက်ထိ မြူပြာတွေထဲမှာ ပွင့်နေတုန်း ...။
ချစ်ခြင်းတရားဟာ ...
ငါ့အတွက်တော့ တချို့ခေါင်းလောင်းကြိုးတွေလိုပဲ ...
ဘယ်လိုဆွဲဆွဲ ... တံခါးက ပွင့်မလာခဲ့ဘူး။
ဒီအရွယ်မှာ ဆောင်းဦးပေါက်မိတာလည်း မထူးတော့ပါဘူး
အစကတည်းက ...
သူငယ်ချင်းဆိုတာ ... ဆွတ်ခူးဖို့မှ မဟုတ်ခဲ့ပဲကွယ်။ ။

တာရာမင်းဝေ


“သင်းကွဲသူများ”

ဒီဆံမျှင်မှာ
နှင်းဆီတွေမှ မဖူးပွင့်တော့ပဲ
မေ့ထားလိုက်ပါတော့ ကလေးရယ် ...
အလင်္ကာတွေကိုလည်း ကိုယ်ကပဲ
မှုတ်ငြိမ်း ထားလိုက်ပါ့မယ်။
တစ်ယောက်က တစ်ယောက်ရဲ့ အလင်း ဖြစ်ချင်ကြ
တစ်ယောက်က တစ်ယောက်ရဲ့ မီးအိမ် ဖြစ်ချင်ကြ
အခုတော့လည်း ... အားလုံး ဆုံးလျသွားပါပြီ။
သွားတော့ ဘေဘီ
ဟိုးမှာ .....
ညနေခင်းကတောင် ငွေ့ရည်ဖွဲ့နေပြီ။ ။

တာရာမင်းဝေ

ဆရာတာရာမင်းဝေရဲ့ ကဗျာနှစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။ ဘာဖြစ်တယ် မသိဘူး ... အရမ်း တင်ချင်လာလို့ တင်လိုက်တာပါပဲ။ တခုခုတော့ တခုခုပေါ့လေ ....... :-)

10 comments:

SHWE ZIN U said...

ဘုရင်မ လုပ်ဘို့ရှာနေ၇တာနဲ့ နောက်ကျသွားတယ်ဗျို့

Anonymous said...

ဆရာတာရာမင်းဝေရဲ့ ကဗျာလေးနှစ်ပုဒ် လာခံစားတယ် ကိုနွေဆူးရေ
စကားပြောပုံလေးနဲ့ ကဗျာအစပ်လေးတွေကို သိပ်သဘောကျမိတယ်
မေ့ထားလိုက်ပါတော့ ကလေးရယ်..
အဲ့လိုအဖွဲ့မျိုးကိုပါ :)

သော်ဇင်စိုး said...

"အစကတည်းက ...
သူငယ်ချင်းဆိုတာ ...ဆွတ်ခူးဖို့မှ မဟုတ်ခဲ့ပဲကွယ်။ ။"
အရမ်းလှတယ်ဗျာ.....

ဇွန်မ said...

ကဗျာကောင်းလေးတွေ မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။

sweetpeony said...

ကိုနွေဆူးရောက်တယ်နော်...
ဆရာ့ကဗျာလေးတွေကို ခံစားသွားတယ်..
ဆရာက တကယ့်ပါရမီရှင်ပါ..
အဖွဲ့လေးတွေ အရမ်းလှတယ်..
း)
ဘာလို့တင်ချင်လဲဆိုတာမှန်းကြည့်ရရင်.......
ဘေဘီကောင်မလေးကြောင့်လားးးးးး
း)))))))))))))
(စ တာ)

ခြေလှမ်းသစ် said...

ကဗျာကောင်းလေးတွေ အတွက် ကျေးဇူးပါ

မြတ်မွန် said...

တကယ်ကို တစ်ခုခုပဲ ကိုလင်္ကာ..
လွယ်အိပ်တောင် ဆွဲဖြဲချင်တယ်တဲ့ ...။

ဘာဖြစ်လဲ သိဝူး
ကဗျာလေးတွေက ကောင်းလိုက်တာ..။
ခင်မင်လေးစာစွာဖြင့်။

desertraindrops said...

ကဗျာကောင်းလေး နှစ်ပုဒ်ပါ။ ပထမတပုဒ်ကို ပိုကြိုက်တယ်။

mgphoenann said...

နွေဆူးရေ

ကျောင်းတော်က သူငယ်ချင်း အ၀ါ
ကဗျာလေးကို ပိုကြိုက်တယ်
ခံစားချက်ချင်းလည်းတူတယ်လေ
ကိုယ်ကိုယ်တိုင်တာ မရေးတတ်တာ
နောက်လည်း တာရာမင်းဝေရဲ့ ကဗျာလေးတွေရှိရင်လည်း
ရေးပါဥိး
အားပေးနေပါတယ်

thaingarra said...

အဲဒီ့ တစ်ခုခု ကို ...

ကဗျာ နှစ်ပုဒ် ထက် ပိုစိတ်ဝင်စားတယ် ဗျာ ...။

အဲ့ တစ်ခုခု အကြောင်း သတ်သတ် ...

Post တင်ပေးပါဦး ဗျို့ ... :)