Thursday, January 14, 2010

ငါနဲ့ ငါ့အချစ်အကြောင်း


မိန်းမဖျက်ရင် ...
ပြည်ပျက်သတဲ့ ....။

ကောင်မလေးရေ ...
ငါဟာ တိုင်းပြည်တစ်ပြည်တော့ မဟုတ်ဘူး
ဒါပေမယ့် ... နင့်ကြောင့် ...
ငါ နဲ့ ငါ ...
စစ်ခင်းနေတာ ကြာပေါ့ .....။

ငါက ချစ်လွန်းလို့
နင့်ကို မချုပ်ချယ်ချင်ဘူး ...
ငါကပဲ ချစ်လွန်းတော့
နင့်ကို အရာရာ စိတ်မချနိုင် ...။

နင့်ကို ဘယ်သူပိုချစ်ကြောင်း
ငါ နဲ့ ငါ အဖြေရှာ မရသေးဘူး ....။

ထားပါ ....
ငါ နဲ့ ငါ တူတာက ... ဘ၀မှာ
ငါ့ထက် နင်ပို အရေးပါသတဲ့ ....
ကဲ ... ငါ့ တိုင်းပြည်မှာ
နင် ဘုရင်မ လာလုပ်မှ
ပြဿနာက ပြေလည်တော့မှာပေါ့ကွယ် ....။ ။


အားအားရှိ အသည်းကွဲပြလိုက် လွမ်းလိုက် လုပ်နေတာပဲလို့ ပြောနေမှာစိုးလို့ ဒီတစ်ခါတော့ အချစ်ကဗျာလေး တင်ပေးလိုက်ပါတယ်။ အားလုံး ချမ်းမြေ့ကြပါစေ .....။

21 comments:

မောင်မောင် said...

အင်း နွေဆူးလင်္ကာတို့ တိုင်းပြည်ကလဲ
ဘုရင်မ လာအုပ်ချုပ်ရမယ်ဆိုပဲနော်။ :)
ခင်ဗျား ကောင်မလေး ကတော့ ကော်တာပါပဲဗျာ။

ခြေလှမ်းသစ် said...

ဒါပေါ့ သူ့ပဲ ဘုရင်မ ပေးလုပ်ရမှာပေါ့

SHWE ZIN U said...

ကိုနွေဆူး

ဘုရင်မ လုပ်ရမယ်ဆိုရင်တော့ လာမဲ့ လူတွေများမှာပါ
ကြေငြာပေးမယ်နော်

ဇောင်း said...

ဘုရင်မ နဲ့ ကိုလင်္ကာ မြန်မြန်ဆုံစည်းပါစေဗျာ... :)

ZaunG

Khyl said...

မပြောပါဘူးခဂျာ... ကိုနွေဆူးကဗျာတွေကောင်းပါတယ်... :)

Anonymous said...

ဒီဘုရင်မလေးက ပထမကဗျာထဲက နဂါးမလေးပဲ ဖြစ်ရမယ် :)

Unknown said...

ကဲကိုနွေဆူးတိုင်းပြည်မှာ ဘုရင်မလုပ်ချင်သူများ
ဆက်သွယ်ကြပါကုန် . . . ကဗျာကလန်ထွက်နေ
လို့ စသွားတယ်ဗျာ :D . . . ခင်မင်လျက်

မိုးစက်အိမ်

Yu Shwe said...

ကဗျာအသစ်ကိုလာဖတ်သွားပါတယ်

noblemoe said...

ရင်ထဲက ဘုရင်မလေးနဲ့ အမြန်ဆုံနိုင်ပါစေ။

သော်ဇင်စိုး said...

အကိုရေ ကျွန်တောက်ဘုရင်လာလုပ်မယ်...

ကိုမျိုး (အညာမြေ) said...

မဂ်လာပါ ကိုနွေဆူး..

ကိုနွေဆူး ရဲ့ တိုင်းပြည်မှာ ဘုရင်မလေး တစ်ယောက်တော့ လိုနေပြီ ထင်ပါ့။
ထိုအတူပါဘဲ ကျွန်တော်တို့ အားလုံးရဲ့ တိုင်းပြည်မှာ.. ဟဲ..ဟဲ.. ဘုရင်မလေး တစ်ပါးတော့ လိုနေပြီ ထင်ပါ့။ ဒါမှ ပြသနာတွေ အားလုံး ပြေလည်ပေမယ်ပေါ့နော်... :)..

ခင်မင်စွာဖြင့်
ကိုမျိုး

သူကြီးမင်း (တုံးဖလား) said...

ချစ်သူဆိုတာ တစ်ခါတစ်ခါ ချစ်တဲ့သူကို ဗျာပါများစေတတ်တယ်။

တောင်ပေါ်သား said...

ကဗျာလေး လာခံစားသွားတယ်း) အချစ်တွေး) ဘုရင်မလေး အမြန်ရောက်လာလို့ အုပ်ချုပ်ပါစေသား


လေးစားလျက်
တောင်ပေါ်သား

အဖြူရောင်နတ်သမီး said...

အလဲ့....
ဦးလေးတို့က နဂါးတိုင်းပြည်မှာ ဘုရင်မရဲ့ ကြင်ယာတော်လုပ်တော့မယ်ပေါ့လေ....
ကောင်းပ...

k2tmaung said...

ကောင်မလေး တော်တော် ကံကောင်းတာပေါ့နော်... :P

ဖိုးဂျယ် said...

ဘုရင်မ အမြန်ဆုံး တွေ့ပါစေဗျား)

sweetpeony said...

ကောင်းလိုက်တဲ့ ကဗျာလေး
း)

may16 said...

ကဗျာကထိမိတယ် . . . .

Younggun said...

အဲလို သိမ်မွေ့လှပတဲ့ အချစ်ကဗျာလေးတွေ ဖတ်ရတော့ .. ဆယ်ကျော်သက်ဘဝကို ပြန်ရောက်သွားတယ်ဗျာ။ ကိုနွေဆူးပဲ ခေါ်မလား ကိုလင်္ကာလို့ သမုတ်မလား မသိဘူး။ ..ကဗျာဆရာဆိုတဲ့ခေါင်းစဉ်ကိုတော့ ရင်ဘတ်မှာ အသားတံဆိပ်ထိုးပေးချင်လိုက်တာဗျာ။

ကိုလူထွေး said...

ဘုရင်မလုပ်ချင်သူတွေများနေရင် ဘယ်လို ခွဲတမ်းချမှာလဲ...

းဝ)

desertraindrops said...

မိုက်လှချည်းလား ကဗျာလေးက..ကဲ အမြန်ဆုံး ဘုရင်မလေးနဲ့ ဆုံတွေ့ပါစေ...