Friday, January 8, 2010

ကျနော့်အိပ်မက်ရာသီကို သိမ်းပိုက်ထားတဲ့ စနေနတ်သမီး


နောက်ဆုံးတော့ ...
ငါ့ နက္ခတ်တိုင်းဟာ
ရာဟုနဲ့ ညှိနေခဲ့တယ် ...။

တစ်နှစ်လုံး ....
ပြဿဒါး ဖြစ်နေတဲ့
ငါ့ ပြက္ခဒိန်ထဲမှာ
နင့်ရဲ့ မျက်စောင်း ...
အရပ်ဆယ်မျက်နှာကို
ခေါင်းလှည့်နေလေရဲ့ ....။

သုံးရာခြောက်ဆယ့်ငါးရက်လုံး
ငါလွမ်းပြီး ....
လေးပိုင်းတစ်ပိုင်းလေးပဲ
ငါ့ကိုယ်ငါ ပြန်သုံးသပ်မိတာပါ ...။

ငါ့ရဲ့ .. နဂါးမလေးရေ .........။

လေးနှစ်တစ်ခါ နင့်ကိုငါ လွမ်းတယ် ...
တစ်ခါလွမ်းရင် လေးနှစ်ကြာလေရဲ့ ။ ။

21 comments:

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

ရှေးတုန်းက ဇတ်တော်တွေထဲမှာ တစ်ရက်မမြင်ရရင် ရက်ပေါင်း ၇၀၀ ဆွေးပြီး လွမ်းတာထက်တောင် ပိုနေပါလား...
ကဗျာလေးက ဖတ်ဘူးသမျှတွေထဲမှာ အကြိုက်ဆုံးပါလို့ ဆိုရမှာဘဲ။
ရေးလဲရေးတတ်..လွမ်းလဲ လွမ်းတတ်ပါဘိ နော်..

ခင်မင်စွာဖြင့်
ကိုမျိုး

Flower said...

သိမ်းပိုက်သွားတဲ့စနေနတ်သမီးလေးက ဘယ်သူများပါလိမ့်..နန်းဆုရတီစိုးများလား ???? :)

ဇွန်မ said...

ကဗျာဆန်တဲ့ ကဗျာလေး တစ်ပုဒ်ဖတ်သွားတယ် အကိုနွေဆူးရေ

ကိုအောင် said...

တစ်နှစ်မှာ သုံးရာခြောက်ဆယ့်ငါးရက်နဲ့ လေးပိုင်းတစ်ပိုင်းရှိတာကို သိတဲ့သူဆိုတော့ ..၊
ဖေဖ်ါဝါရီ ၂၉ မှာ မွေးတာလား ..၊
ခင်လို့ နောက်တာနော်၊ စိတ်မဆိုးနဲ့။

အဖြူရောင်နတ်သမီး said...

ဦးလေး....
လမ်းပုံလေးက ဆန်းသား...နော်.....
“လေးနှစ်တစ်ခါ နင့်ကိုငါ လွမ်းတယ် ...
တစ်ခါလွမ်းရင် လေးနှစ်ကြာလေရဲ့ ။ ။”......တဲ့
မိုက်မှမိုက်ပဲ.....

မြတ်စုလှိုင် said...

လွမ်းလိုက်တာ....ဟီး

ကိုလူထွေး said...

လေးနှစ်တစ်ခါ နင့်ကိုငါ လွမ်းတယ် ...
တစ်ခါလွမ်းရင် လေးနှစ်ကြာလေရဲ့ ...

ဆိုတော့ အားလပ်ချိန်ကို မရှိတော့ဘူးပေါ့...

မိုက်တယ်...

းဝ)

မြတ်မွန် said...

ကဗျာလေးက မိုက်တယ် ကိုလင်္ကာရဲ့..
မျက်စောင်းလေးဆိုတာ နဂါးမျက်စောင်းပေါ့နော်။
လေးနှစ်တစ်ခါ မွေးနေ့မွေးရက် တိုက်တာတော့ သိတယ်။ နဂါးလွမ်းရင် အဲလောက်ကြာလားဟင်။
ခင်မင်စွာဖြင့်။

သူရိန်မင်း said...

ကမ္ဘာ့ဖလားကြည့်ရင်း ကွဲကွာသွားလို့ ဖြစ်မယ် ထင်တယ် ဟီဟီ

sweetpeony said...

ကြိုက်ပါ့ ကိုနွေဆူးရေ.....း)

စစ်စစ် said...

တစ်ခါလွမ်းရင် တစ်ရက်ပဲ ငိုတယ်ဗျာ

win latt said...

နောင်လေးနှစ်အကြာ နဂါးမလေးနဲ့တွေ့ရင်ပြောပါဦး။
အကို့ အလွမ်းတွေကို ခဏအသာထားပြီး
အလမ္မာယ် ပြစားကြရအောင်...
မကောင်းဘူးလား??????

kiki said...

တခါလွမ်းရင် ၄ နှစ်တောင်ကြာတယ်တဲ့လား ..
အချိန်တွေ နှမြောစရာ ။
စနေနတ်သမီးနဲ့ ပျော်အောင်နေပါ ...
(ပြောမဲ့ သာ ပြောရတယ် .. ဘယ်သူလေးပါလိမ့် )
သိပ်လွမ်းမနေပါနဲ့ ကိုနွေဆူး ရေ ...
သူများလွမ်းဖို့ ချန်ထားပါအုံး

SHWE ZIN U said...

စနေ နတ်သမီး အတွက် စိတ်မကောင်းပါဘူး လွမ်းရတာ ပျင်းစရာကြီး တနင်္ဂနွေနတ်သမီးလေးရှာပါလားဟင်

monruhamind said...

i'm like it.

Anonymous said...

i'm like it.bro

lovelessguiter said...

လေးနှစ်တစ်ခါ နင့်ကိုငါ လွမ်းတယ် ...
တစ်ခါလွမ်းရင် လေးနှစ်ကြာလေရဲ့ ..
စာသားလေးကြိုက်တယ်...
မိန်းမတော့ လေးယောက်မယူလောက်ပါဘူးနော်.. အဟ..နောက်တာ..

Unknown said...

“လေးနှစ်တစ်ခါ နင့်ကိုငါ လွမ်းတယ် ...
တစ်ခါလွမ်းရင် လေးနှစ်ကြာလေရဲ့ ...”
ကြိုက်တယ်ဗျာ...
အဲ့ဒီအပိုဒ် ကို....

သူကြီးမင်း (တုံးဖလား) said...

ဒါမျိုး ကြိုက်တယ်။ ကဗျာအမျိုးအစားကို ပြောတာပါ။

k2tmaung said...

ကဗျာလေးက လန်းတယ်ဗျို့...
တစ်ခါလွမ်းရင် လေးနှစ်ဆိုတော့... နှစ်ခါလွမ်းရင် ရှစ်နှစ်... သုံးခါလွမ်းတော့ တစ်ဆယ့်နှစ်နှစ်...
အဟီး... သိပ်အကြာကြီး မလွမ်းရပါစေနဲ့... လို့ ဆုတောင်းပေးခဲ့ပါ၏... :P

desertraindrops said...

တစ်ခါလွမ်းရင် လေးနှစ်ကြာသတဲ့လားးးး
ကိုနွေဆူးကဗျာတွေကတော့ ဖတ်ရတာ ထိထိမိမိ ရှိနေတယ်။