Thursday, December 31, 2009

ပြက္ခဒိန်နဲ့ ပိုစတာ


ဒီဇင်ဘာလရဲ့ နောက်ဆုံးညမှာပေါ့ ......။
ပြက္ခဒိန်ထဲက မင်းသမီးက ပိုစတာထဲမှာ ပြုံးနေတဲ့ မင်းသမီးကို လှမ်း ပြောလိုက်တယ် ...။

“နင်တို့တွေကတော့ အသက်ရှည်လိုက်တာနော် .... ငါ့မှာတော့ မနက်ဖြန်ဆိုရင် အမှိုက်ပုံးထဲပဲ ရောက်မလား ... စက္ကူဝယ်တဲ့ ကုလားဆီပဲ ရောက်သွားတော့မလား .... မသိတော့ ပါဘူးဟာ ....”
ပိုစတာရဲ့ အပြုံးက မချိပြုံးလေး ဖြစ်သွားတယ် ....။ ပြီးတော့ ကြေကွဲသံလေးနဲ့ ပြက္ခဒိန်ကို ပြန်ပြောလိုက်တယ် ...။
“ငါကတော့ .. အသက်အရှည်ကြီးနေပြီး ... လူတွေကို ဘာမှ အကျိုးမပြုတဲ့ ပိုစတာတွေထက် ... တစ်နှစ်လေးပဲ အသက်ရှင်ခွင့်ရပြီး လူတွေအတွက် တစ်နှစ်လုံး အဓိပ္ပာယ်ရှိသွားတဲ့ ပြက္ခဒိန်ပဲ ဖြစ်ချင်တယ်ဟာ .....” ။ ။

22 comments:

ကိုအောင် said...

ကောင်းတဲ့ အတွေးလေးတစ်ခုပါ၊ နှစ်သစ်မှာ ပျော်ရွှင်
ပါစေ။

အင်ကြင်းသန့် said...

တိုတိုနဲ့ထိထိမိမိဖြစ်တဲ့ပိုစ့်တစ်ပုဒ်ကိုဖတ်ရပြန်ပြီ..:)
ကိုနွေဆူးလင်္ကာတို့လို ဘလော့ဂ်တွေဆီရောက်ပြီးရင် စာဆက်ရေးဖို့တောင်အားမရှိတော့သလိုပဲ..:D

မင်္ဂလာနှစ်သစ်ဖြစ်ပါစေ...

ခင်မင်လေးစားလျက်

ခြေလှမ်းသစ် said...

ထိမိတဲ့ အတိုချုံး ပိုစ့်လေးမို့ မှတ်သားသွားပါတယ်ဗျာ

pethein said...

စိတ်ကူးကောင်းတယ် ကိုနွေဆူးရေ

မေ့သမီး said...

ဘ၀မှာရှင်သန်ခွင့်ရသလောက် အချိန်လေးမှာ ကိုယ့်ပါတ်ဝန်းကျင်ကိုအကျိုးပြုနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။

မြတ်စုလှိုင် said...

ပျော်ရွှင်စရာ ၂ သစ်ဖြစ်ပါစေ

may16 said...

အတွေးအခေါ်အရမ်းကောင်းတယ် ကိုနွေဆူးလင်္ကာ...
မင်္ဂလာနှစ်သစ်ပါရှင်

ကြည်ဖြူပိုင် said...

စာလေးကတိုပေမယ့် ထိမိတယ်နော်
ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေ

Flower said...

တိုတိုလေးနဲ့ ထိထိမိမိရေးတတ်တဲ့ အရေးအသားလေးတွေကို သဘောကျပါတယ်..
ဆွဲဆောင်မှုရှိပါတယ်....နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်..
ဆန္ဒတွေ ပြည့်ဝပါစေ.. စာတွေအများကြီး ဆက်ရေးနိုင်ပါစေ..

အိုင်လွယ်ပန် said...

အတွေးလေးကို နှစ်သက်မိတယ်
ပျော်ရွှင်သာယာသောနှစ်သစ် ဖြစ်ပါစေဗျာ:)

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ နွေးဆူးလင်္ကာရေ..

စာများများပါပြီး အတွေးအခေါ်လေးနက်မှု မပေးနိုင်တဲ့ စာတွေထက်စာရင်.. အခုလို တိုတိုတုတ်တုတ် နဲ့ အတွေးအခေါ်လေးနက်မှု ပေးနိုင်တဲ့ ပို့ကောင်းတစ်ခုခုကို ဖတ်ရခြင်းက ပိုကောင်းပါတယ် နွေးဆူး ရေ...

နှစ်သစ်မှာ အစစအရာရာ အောင်မြင်ပါစေလို့ ဆုမွန်ကောင်းပြုလိုက်ပါတယ်... (ဘလော့နာမည် ပြောင်းသွားရင်လဲ ထပ်ပြောအုံးဗျ.. :) :)...

ခင်မင်စွာဖြင့်
ကိုမျိုး

Unknown said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

ဂျစ်တူး ( မုံရွာ ) said...

အင်း----အတွေးထဲကကိုမဟာဆိုလာတာလားဗျာ-
နှစ်သစ်မှာအသက်ရှည်ကျန်းမာပါစေခင်ဗျာ

Khyl said...

မှန်လိုက်တာနော်....

Sonata Cantata said...

အချိန်နဲ့အကိုက် ပို့စ်လေးက မိုက်တယ်

Happy New Year နွေဆူးလင်္ကာ

ShwunMi- said...

အဓိပ္ပာယ်အရှိဆုံးက ပြက္ခဒိန်ရော ပိုစတာရော အချိတ်ခံတဲ့ နံရံကြီးပဲ..
=)
happy new year!

win latt said...

နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..
နှစ်ဟောင်းကို ပြန်ပြောင်းတွေး
နောင်တလေးတွေ မယူစေချင်ဘူး...။
နှစ်ဟောင်းကို ပြန်တွေးလိုက်တိုင်း
ပြုပြင်ရန်လိုသေးတဲ့ သင်ခန်းစာ အသစ်တွေ သင်ပေးခဲ့ကြောင်း နားလည်လက်ခံယူနိုင်ပါစေ..။

Unknown said...

တိုတိုလေးနဲ့ ထိမိအောင်ရေးတာကတော့ တကယ်ပညာသားပါတာပဲဗျာ။ အစ်ကို့ blog က ဘာဖြစ်လို့လဲမသိဘူး ကျွန်တော့်ဆီမှာ update မဖြစ်ပဲသေနေတယ်။ အဲဒါကြောင့်မရောက်ဖြစ်တာ။ ခုတော့ ပြန်ချိတ်ထားလိုက်ပြီ။ စာကြွေးတွေလည်း ရှင်းသွားတယ်။

Unknown said...

ပိုစတာပြောသွားတာမှန်ပါတယ်.. ပြက္ခဒိန်ထဲကမင်းသမီးလေးပဲဖြစ်ချင်တယ်..

မြတ်မွန် said...

ဟုတ်တယ်ကျွန်မလဲလင့်ချိတ်တာ update မဖြစ်တာလဲ မသိဘူးရှင်..
ပိုစ့်လေးက ကောင်းလိုက်တာ လိုရင်းတိုရှင်းဘဲကောင်းတယ်နော်..။

Dream said...

2010နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ခြင်း ချမ်းမြေ့ခြင်း တွေ ပိုင်ဆိုင်ရရှိနိုင်ပါစေ...

ပို့စ်အတွေးအခေါ် စိတ်ကူးလေး ကောင်းလိုက်တာာ ဦးဦးနွေဆူးရေ

~ဏီလင်းညို~ said...

ကိုနွေဆူးရေ...
ဒီပို့စ်လေးကြိုက်မိတယ်ဗျာ...။
ခင်မင်တတ်တဲ့
ဏီလင်းညို