Sunday, December 27, 2009

ငြင်းခုံခြင်းနှင့် အဖြေ


“အဲဒါ ‘ဆိတ်’ ပါကွာ ....”

“ဟာကွာ ... ‘သိုး’ ပါလို့ ပြောနေတာကို ...”

‘ဆိတ်’ နဲ့ ‘သိုး’ တောင် မခွဲတတ်သေးတဲ့ အရွယ်လေးတွေပါ။ ငြင်းရင်းခုန်ရင်းနဲ့ အသံကျယ်ကျယ်လာတယ်။ ငြင်းခုန်တာလို့ ရေးနေကျအတိုင်း ရေးတာမဟုတ်ပါဘူး။ ကလေးတွေဆိုတော့ ခုန်ခုန်ပြီးကို ငြင်းနေကြတာ။

လမ်းပေါ်က ဖြတ်လျှောက်သွားတဲ့ လူကြီးတစ်ယောက်ကိုပဲ မေးကြည့်ကြတယ်။

လူကြီးက ဖြေတယ် .....

“ဘယ်အကောင်လဲ ? .... သြော် ... ‘ဆိတ်သိုး’ ကြီးပါကွာ” .... တဲ့။

ကလေးနှစ်ယောက် စိတ်လေ သွားကြလေရဲ့ ။ ။

13 comments:

Anonymous said...

တိန်!

little brook said...

မိုက်တယ်ဗျာ ...

မောင်ပါလ said...

အဲဒီလူကြီးက ကဗျာဆရာပဲဖြစ်ရမယ်။

win latt said...

လုပ်စားတတ်တဲ့လူ
နှစ်ဖက်ခွဖြေ....
အဲဒါ..ရွှေ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

စာတိုတိုလေးနဲ့ တွေးစရာများစွာ ပေးတယ်နော်.. စကားမစပ်.. ကျနော့ဘလော့မှာ အခုနောက်ပိုင်း ပို့စ်တွေ update မဖြစ်ပါလားဗျ... ဘာဖြစ်လို့လဲ မသိဘူး... (လမ်းတ၀က်က ဇရပ်ပျက် ) ပို့စ် နဲ့ပဲ ရပ်နေတယ်...


ခင်မင်စွာဖြင့်
ကိုမျိုး

ကြယ်ပြာ said...

ဝေးပုံများ ဆိတ်သိုး ကို နှစ်ကောင်ပေါင်းဖြေတယ်မမြင်ပဲ ... ဆိတ်သိုးကြီးလို့ဖြေသွားတယ်လို့ မြင်မိတယ် ... မျက်စိလည်မသွားနဲ့နော် ... ၀က်သိုး ဆိုတာရှိတော့ ဆိတ်သိုးလဲ ရှိမယ်ထင်လို့ ....

ကိုလူထွေး said...

ဆိတ်သိုးကြီး လို့ဖြေလိုက်တော့ ပြီးရောပဲ...

းဝ)

Flower said...

အိုင်ဒီယာကောင်းလေးပါဘဲ .. မကြာခန လာဖတ်ပါမယ်
စိတ်ဝင်စားဖို့ကောင်းပါတယ်..

ဆောင်း said...

ဒီမှာ ဆိတ်သား ၀ယ်ရင် သိုးသားကို ဆိတ်လို့ ပြော ရောင်းတယ်။ ကုလားဆိုင်မှာမှ ဆိတ်သားစစ်စစ်ရတယ်။

တောင်ဆိတ်ကို လည်း သမင်တဲ့

Anonymous said...

ကဲတူတော်မောင်
ကျမတော့မသိဘူး ဦးမစားနဲပပေါ့
ဟွန့်သိတယ်မှလား အကြောင်းသိသွားမယ်
ဟီ ဟီး နောက်တာ ကန်တော့ လုံထက်အသက်ကြီးနေလို့
ပို့စ်တိုတိုလေးရေးနည်းလာကျင့်အုံးမှ:D

ခင်မင်စွာဖြင့်
တီလေးလုံမလေး

ဇောင်း said...

ဆိတ်သိုးဆိုတော့ ဈေးကောင်းရနိုင်တယ် ကိုလင်္ကာရေ :P

အင်ကြင်းသန့် said...

သြော်...တော်တဲ့သူတွေများကျတော့လည်း နှစ်ကြောင်း သုံးကြောင်းနဲ့ကို ထိရောက်အောင်ရေးနိုင်ပါ့လား....လုံလုံ ပြောသလိုပဲ ပိုစ့်တိုတိုရေးနည်းသင်တန်းလာတက်မှထင်တယ် :)

Unknown said...

ဟုတ်တယ်နော်. ဖြေပေးတဲ့သူကတော်လို့လားမသိဘူး ကလေးနှစ်ယောက်လုံးငြိမ်သွားကြတယ် . .